အခန်း ၆၈ ငရဲကျောက်

725 99 0
                                    

အခန်း ၆၈ ငရဲကျောက်

ဘာသာပြန်.Soul

ဖန်ကန်းလီ ခြေရာများနောက် လိုက်လိုက်ရာ သူတို့အားလုံး တောင်စွန်း တစ်ခုအနား ရောက်သွား၏ ။

"တခြား သားရဲရဲ့ ခြေရာတွေလဲ တွေ့တယ်ဆိုတော့ တစ်ခုခုက နောက်က လိုက်နေတာ နေမှာ ။ ဘယ်မှ သွားမရတော့လို့ ခုန်ဆင်းသွားတယ် ထင်တယ်" ယီချန်းရှန် ပြောလျှင် ဖန်းယူကျင်းနှင့် လီယင်း အကုန်အကျ အလွန်များထား၍ အလိုမကျ ဖြစ်သွားကြ၏ ။

ဖန်ကန်းလီ၏ တန်ဖိုးအထားဆုံး သားရဲ သေခါနီး ဖြစ်သွားကာ သွေးမြေခွေးမှာ တောင်အောက်တွင် သေနေပြီ ဖြစ်လျှင် အနစ်နာ ခံသမျှ ဆုံးရှုံးမှုသာ ဖြစ်သွားမည် ဖြစ်၏ ။

စုပင်း ဖြည်းဖြည်းချင်း လေ့လာကြည့်ရာ တိုက်ပွဲကြောင့် ရှုပ်ပွနေသော အကျိုးအကြေများကြား အနီတောက်တောက် အမွှေးများနှင့် အရိုးများ တွေ့ရ၍ ​မှော်အလောင်း သားရဲပေါ်မှ ခုန်ဆင်းပြီး တောင်စွန်းမှ အောက်ငုံ့ကြည့်လိုက်ပြီး အဖွဲ့မှ တွန်းချမည် မဖြစ်နိုင်သော်လည်း သတိထားသည့် အနေနှင့် နောက်မှ လူအား ကြည့်ထားလိုက်၏ ။

"တစ်ယောက်ယောက် အချက်ပြမီး ပါလား" ညအချိန် ဖြစ်ကာ ​မှောင်နေပြီး အားလုံးကြည့်လိုက်ရာ ဘာမှ မတွေ့ရ၍ စုပင်း မေးလိုက်လျှင် လီယင်း ကျောပိုးအိတ်မှ အချက်ပြမီးအချို့ ထုတ်ပြီး စုပင်းလက်ထဲ ထည့်ပေးလိုက်၏ ။

စုပင်း တစ်ခုအား ဖောက်ခနဲ မြည်အောင် ဖွင့်ပြီး ပစ်ချလိုက်ပြီး ကျသွားသော မီးရောင်နှင့်အတူ လိုက်ကြည့်ရာ အညိုရောင် ကျောက်နံရံတွင် အပင်ငယ်အချို့ ပေါက်နေပြီး အနီရောင် အမွှေးအချို့ ကျောက်ချွန်တချို့တွင် ကပ်ညိနေပြီး ထူးဆန်းသော အရာတစ်ခု တစ်နေရာတွင် တွေ့ပြီး အချက်ပြမီး လျှင်မြန်စွာ ကျသွားခြင်းကြောင့် ဘာမှန်း မသိလိုက်ရချေ ။

နောက်တစ်ခု ဖောက်ပြီး ထိုနေရာဖက်သို့ ပစ်ချလိုက်ရာ ရွှေအိုရောင် လက်နေပြီး ထူးဆန်းသော ပုံစံနှင့် ကျောက်တုံးတစ်ခု ကျောက်နံရံတွင် ညှပ်နေကြောင်း စုပင်း တွေ့လိုက်ရလေ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now