အခန်း ၆၉ ပြန်ချိန်

734 97 0
                                    

အခန်း ၆၉ ပြန်ချိန်

ဘာသာပြန်.Soul

"ဒါဘာလဲဆိုတာ မပြောနိုင်ဘူး ။ တန်ဖိုးရှိရင်လဲ ရှိမယ် ၊မရှိတာလည်း ဖြစ်နိုင်ပြီး ဒီအတိုင်း ရိုးရိုး သတ္ထုတွေ ဖြစ်နိုင်တယ်" ယီချန်းရှန် စမ်းသပ်ကိရိယာအား အနီးကပ်ကြည့်ပြီးနောက် စိတ်ပျက်သံနှင့် ပြောလိုက်၏ ။

ထိုသို့အရာများသည် အာကာသ အက်ကြောင်းထဲရှိ နယ်မြေများတွင် ပြန့်ကျဲနေလေ့ရှိကာ ဗဟိုအစိုးရအတွင်း ယူပြီး စစ်ကြည့်၍ အသုံးဝင်လျှင် အခွင့်အရေး ဖြစ်ကာ အသုံးမဝင်လျှင် အချိန်ကုန်သည်သာ ရှိသည် ။

"နမူနာ ယူသွားပြီး စစ်ကြည့်ရအောင်" လျိုကုဆူး အကြံပေးလျှင် ထိုသတ္ထု၏ အသုံးဝင်မှု ရှိမရှိအား ကြည့်ပြီးမှ ပြန်လာယူ၍ ရခြင်းကြောင့် အားလုံး သဘောတူလိုက်၏ ။

စုပင်းမှာ သူ့စွမ်းအင်အမှတ် အကုန်ခံထားပြီးမှ ဗဟိုအစိုးရ လက်ထဲသို့ အကုန်ရောက်သွားပြီး သူ့အနေနဲ့အကြွင်းအကျန်မျှသာ ရရှိမည် ဖြစ်ခြင်းကြောင့် "ကျတော် ယူလို့ ရမလား" မေးလိုက်ရာ အားလုံး စိတ်ဝင်စားသွား၏ ။

အမှန်တော့ ထိုအရာကို အထူးပြုလုပ်ထားသော ကိရိယာပင် ဘာမှန်း ခွဲခြားနိုင်စွမ်းမရှိ၍ ဗဟိုအစိုးရပင် ခွဲခြားနိုင်ရန်မဖြစ်နိုင်ဟု တွေးကာ အခြားသူများ လက်ခံနိုင်မည်ဟု ထင်၍ စုပင်း မေးကြည့်လိုက်၏ ။

"ဘာမှန်းဆိုတာ ဘရားသားစု သိနေတာလား" ဖန်ကန်းလီ စပ်စုလိုက်လျှင် "နိုး ။ ဒါပေမဲ့ ကျတော့ သားရဲက မသေမျိုး စွမ်းအင် အထဲက ခံစားနေရလို့ သားရဲအတွက် အသုံးဝင်မယ် ထင်လို့ ။ပြီးတော့ အဆင်ပြေရင် ဒီမှာ ရက်နည်းနည်းလောက်နေပြီး အရိုးခြောက်ကလေးကို စွမ်းအင် အကုန်စုပ်ဖို့ စောင့်ပေးလို့ ရမလား" စုပင်း ခေါင်းရမ်းကာ ပြောလိုက်၏ ။

စုပင်း ​မှင်သေသေဖြင့် လိမ်လိုက်ခြင်း ဖြစ်သည်။ဗဟိုအစိုးရမှ တန်ဖိုးသိလျှင်တောင် သူ့အား အပြစ်တင် မရတော့ရန် အတွက် ဖြစ်၏ ။

အရိုးခြောက်ကလေးမှာလည်း မသေမျိုး စွမ်းအင် သုံးနိုင်သော တစ်ကောင်တည်းသော သားရဲ ဖြစ်ပြီး အခြားသူများ စုပင်းအတွက် အချိန်ကုန် မခံချင်ကာ ရောက်နေသော နေရာမှာ နယ်မြေ အတွင်းအနက်ထဲ ရောက်ပြီး အဆင့်ရှစ် ​မှော်အလောင်း သားရဲနှင့် တွေ့ပြီးကာ နောက်ထပ် ဘာနှင့် တွေ့နိုင်မည်မှန်း မသိနိုင်ပေ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Wo Geschichten leben. Entdecke jetzt