အခန်း ၁၄၇ အဓိက သားရဲ

751 73 0
                                    

အခန်း ၁၄၇ အဓိက သားရဲ
ဘာသာပြန်. Soul

အနံ့ဆိုးများနှင့် အေးစက် ထိုင်းမှိုင်းသည့် အသက်ရှူသံနှင့်အတူ မြွေခေါင်းတစ်ခု ထွက်လာ၏။၎င်းက လက်ဝါးအရွယ်အစား ရှိသည့် အကြေးခွံများနှင့် ပြည့်နေကာ ကျောက်မျက်ရတနာကဲ့သို့ ချောမွေ့နေ၏ ။

ထိုမြွေ၏ မျက်လုံးတွင် စုပင်း ပုံရိပ်အား တွေ့နေရ၍ ထိုမြွေမှ လျှောတိုက်ပြီး ထွက်လာလျှင် အနီးပတ်ဝန်းကျင်မှ အားပေးသံများပင်  တိတ်ဆိတ်သွားသည်။လူတိုင်းက မယုံကြည်စွာ ကြည့်နေပြီး တိတ်ဆိတ်သွားကြခြင်းပင်...။

ဤသည်မှာ အသူတရာချောက်နက်မြွေဖြစ်ပြီး အဆင့်ကိုး သွေးမျိုးဆက် မကောင်းဆိုးဝါးမျိုးနွယ် သားရဲ ဖြစ်ကာ လုံးပတ် လေးမီတာမှ ငါးမီတာကြား ရှိနေပြီး ဆင်တစ်ကောင် မြိုချလျှင်ပင် အရွယ်အစား ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။ထိုအပြင် အရှည် မီတာ တစ်ရာနီးပါးခန့်ရှိပြီး ကွဲအက်နေသည့် စင်ပေါ်သို့ လျှောတိုက်ပြီး တက်လာပုံက လူတိုင်းအား အိမ်မက်ဆိုး မြင်မက်ကြစေမည် မလွဲပင်..။

ထိုမြွေအား ကြည့်သည်နှင့် အရွယ်ရောက်နေကြောင်း သိသာနေပြီး အနည်းဆုံး အဆင့်ကိုး ရောက်ပြီဖြစ်ကာ အမြင့်ဆုံး အဆင့်ကိုး အလယ်အလတ်အထိပင် ရောက်နေနိုင်ချေ ရှိပေသည်။

ဖေးယန်ဘိုတွင် ထိုမျှ ကြောက်မက်ဖွယ် သားရဲမျိုး ရှိမည် မထင်ထား၍ ဒေါင်မင်းဆောင်း ၊ လျိုကုဆူးနှင့် လန်းဟီ လန့်သွားကြသည်။ အဆင့်မြင့် ဆရာများတွင် ခွန်အား အကြီးဆုံးဖြစ်သည့် ချီယွမ်ဖန် တစ်ယောက်သာ တစ်ကျောင်းလုံးတွင် အနိုင်ယူနိုင်သောသူဟုလည်း တွေးမိလိုက်ကြ၏။

အမှန်တော့ စုပင်းသည် ဘွဲ့တံဆိပ်ရ သားရဲစစ်သည်များ၏ အမှတ်အသားဖြစ်သော ပျံသန်းခြင်းအား ပြသခဲ့သော်လည်း အဆင့်ကိုး သားရဲကဲ့သို့ ဝှက်ဖဲမျိုး မရှိလျှင် ထိုမြွေအား အနိုင်ရနိုင်မည်ကို လူတိုင်း မထင်ကြချေ။

"နတ်ဆိုးဖေးရဲ့ မြွေ" ဖေးယန်ဘို နတ်ဆိုးဖေးဟု ကျော်ကြားလာစေသည့် သားရဲအား မျက်ဝါးထင်ထင် တွေ့လိုက်ရသည့်အတွက် လျိုဖန်းထျန်းအပါအဝင် အခြားကျောင်းသားများလည်း ထိတ်လန့် တုန်ရီနေကြသည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now