အခန်း ၁၀၁ လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲ

774 84 0
                                    

အခန်း ၁၀၁ လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲ
ဘာသာပြန်.Soul

သိပ်မကြာလိုက်ပေ။စီစဥ်ထားသည့်အတိုင်း ဒုတိယအသုတ်သားရဲ သခင်များမှာ တတိယအသုတ်သားရဲများလေ့ကျင့်ပြီးချိန်တွင်  ဆိုင်ရှေ့တွင်ရောက်နေပြီ ဖြစ်သည်။ စုပင်း ပိုင်ရှင်များဖြစ်သော ယောက်ျားလေး သုံးယောက်နှင့် မိန်းကလေး တစ်ယောက်အား ဆိုင်အတွင်းသို့ခေါ်လိုက်၏။အလွန်ပင် မြန်လွန်းနေ၍ သူ့လေ့ကျင့်ရေးအား သံသယဖြစ်မည်ကို စုပင်း သိနေပြီး အပိုစကားတစ်ခွန်းမှ မပြောတော့ပဲ သူတို့၏သားရဲများကို အသစ်တတ်မြောက်လာသော စွမ်းရည်များ ကို ထုတ်ပြခိုင်းရန် စုပင်း စိတ်ကူးလိုက်သည်။

ထိုနောက် ယာယီ ဆက်သွယ်ခြင်းအား စုပင်း ဖျက်ပေးလိုက်သည်နှင့် သားရဲများမှာ သူတို့ ပိုင်ရှင်လက်ထဲ ယုန်များကဲ့သို့ ပြေးဝင်လိုက်ကြ၏။ထိုနဲ့တင်မလုံလောက်ပဲ မသိပါက အသက်အန္တရာယ် စိုးရိမ်သည့်အတိုင်း အတင်းတိုးဝင်နေ၍ "သားရဲကို ဘာလုပ်လိုက်လဲဆိုတာ ရှင်းပြလို့ ရမလား" ချမ်းသာသောပုံရသည့် ယောက်ျားလေး တစ်ယောက်မှ မေးလာခဲ့သည် ။

ထိုသူမှာ ကျောင်း၏ အင်အား အဆင့်ကိုး နေရာတွင် ရှိကာ သူက စမေးလျှင် အခြားသူများလည်း စုပင်းအား စိုက်ကြည့်လာ၍ ထိုလူငယ်၏ သားရဲအား မြေအကျဥ်း သုံးရန် အမိန့်ပေးလိုက်၏ ။

ထိုသားရဲမှာ အကူအညီပေးတတ်သော အပင်မျိုးနွယ် အရိပ်သမင် ဖြစ်ပြီး ပုံရိပ်ယောင်အစွမ်းနှင့် ကုသခြင်းတွင် ကောင်းမွန်မှုရှိကာ သူ့သခင်လက်ထဲ နေနေရင်းမှ စုပင်း၏ စိတ်စွမ်းအင် သက်ရောက်မှုကိုခံလိုက်ရ၍ ၎င်း၏ အိမ်မက်ဆိုးများ ပြန်နှိုးထလာခဲ့သည်။ထိုနောက်  ချက်ချင်းဆိုသလို အရိပ်သမင်က မြေအကျဥ်းအား သုံးလိုက်မိ၍ အဘယ့်ကြောင့် သူစိမ်းစကားအား ဆက်ပြီး နားထောင်နေမိသည်အား မတွေးတတ်ဖြစ်နေသည်။

ထိုစဥ် ဆိုင်၏ကြမ်းပြင်နှင့် နံရံများ တုန်ခါခဲ့ကာ နွယ်ပင်များ ထွက်လာခဲ့ပြီး ပင့်ကူအိမ်ကဲ့သို့ ပြည့်နှက်သွား၏။စုပင်းမှလွဲ၍ အခြားသူတိုင်းက အကယ်၍ ယခုထက်အနည်းငယ်အရေအတွက်များလျှင် သူတို့အား သတ်၍ ရသော နွယ်များအား အံ့ဩစွာဖြင့် ကြည့်နေကြ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now