အခန်း ၄၉ ပတ်လည် လျှပ်စီး အကျဥ်း

776 106 0
                                    

အခန်း ၄၉ ပတ်လည် လျှပ်စီး အကျဥ်း

ဘာသာပြန်.Soul

ကွင်းထဲရှိ လူအားလုံး မျက်တောင်မခတ်ပဲ ပါးစပ် ​ဟောင်းလောင်းနှင့် မယုံကြည်နိုင်စရာ မြင်ကွင်းအား ကြည့်နေကြ၏ ။

လျှပ်စီးကြွက်မှ အဆင့်ငါး အမြင့် လေ တိုက်ပွဲဝင် သားရဲအား ခနအတွင်း အနိုင်ယူမှုအား ကိုယ့်မျက်လုံးနှင့် တွေ့လိုက်ရ၍ ယုံရသော်လည်း ပုရွက်ဆိတ်မှ ဆင်အား မပြီး ကိုင်ပေါက်သကဲ့သို့ သဘောဖြစ်နေ၏ ။

ပထမဆုံး သတိပြန်ဝင်လာသူမှာ ဒိုင်ဖြစ်ပြီး ပျံ့လွင့်နေသော သူ၏ စိတ်မှာ လေထဲရှိ သတ်ဖြတ်လိုစိတ်ကြောင့် ဖြစ်ကာ ထိုသတ်ဖြတ်လိုသော ဆန္ဒမှာ လျှပ်စီးများ ဖုံးနေသော အရာမှ လာကြောင်း အံ့ဩဖွယ် တွေ့လိုက်ရ၏ ။

လျှပ်စီးကြွက် တဝိုက် လျှပ်စီးမှ အလင်းရောင်များ လက်နေကာ သေသည်ရှင်သည် မသိရသေးသော လေ တိုက်ပွဲဝင် သားရဲထံ သတ်လိုစိတ်များနှင့် တဖြည်းဖြည်း တိုးသွားကာ နောက်ဆုံး အဆုံးသတ် တိုက်ခိုက်ရန် ကြိုးစားနေကြောင်း ဒိုင်မှ တွေ့လိုက်ရ၍ သူလည်း လျှပ်စီးကြွက် သခင်ဖြစ်သူအား ကြည့်ကာ သူမအကြံလား စဥ်းစားနေ၏ ။

သားရဲအား ပြိုင်ပွဲတွင် သတ်သောသူသည် ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည် ဖြစ်ပြီး ပွဲပြီးလျှင် အပြစ်ပေးခံရမည် ဖြစ်သောကြောင့် သူ လျှပ်စီးကြွက် ပိုင်ရှင်အား ကြည့်လိုက်ချိန် သူမလည်း နည်းတူ စိတ်ရှုပ်ထွေးရင်း ရပ်နေကြောင်း တွေ့လိုက်ရ၍ ပဟေဋိ ဖြစ်သွား၏ ။

ထို့ကြောင့်ပင် လျပ်စီးကြွက် အစွမ်းအား သေချာ မသိဖူးလားဟု တွေးနေမိသည် ။

အချိန် တဖြည်းဖြည်း ကုန်လာ၍ ဒိုင်မှာ လျှပ်စီးကြွက်အား ထိန်းချုပ်နိုင်သော အခြေအနေ မရှိသည့် မိန်းကလေးအား သတိမပေးတော့ပဲ သူ၏ သားရဲကိုသာ စိတ်ထဲမှ လောလိုက်၏ ။

ဒိုင်၏ စကားကြားလျှင် လေတိုက်လာကာ လေပွေတစ်ခု ပေါ်လာပြီး လေပွေအလည်တွင် ဖောက်ထွင်းမြင်ရလုနီးပါး ငှက်တစ်ကောင် ပေါ်လာပြီး အသံထက် မြန်သော ဂျက်လေယာဥ်ကဲ့သို့ အမြန်နှုန်းနှင့် စင်ပေါ် ပြေးသွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now