အခန်း ၁၇၃ ရှားပါး ရတနာ

687 62 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၇၃
ရှားပါး ရတနာ

ဘာသာပြန်. Soul

နဂါးနက်ခွေးမှာ များစွာသော ခုခံမှုများကြောင့် မိုးထိမြွေများ ထိခိုက်အောင် မလုပ်နိုင်သည့်အပြင် နဂါးနက်ခွေး၏ မီးနက်နှင့် အဆိပ် ဖုံးအုပ်ထားသည့် ချွန်ထက်သည့် လက်သည်းနှင့် သွားကြောင့် မိုးထိမြွေများ အဆိပ်ရှိသော်လည်း နဂါးနက်ခွေး၏ အဆိပ်အား မခံနိုင်ဘဲ ရောင်ကိုင်းကာ တိုက်ခိုက်နိုင်စွမ်း လျော့ကျသွား၏ ။

မိုးထိမြွေများမှာ ဥာဏ်နည်းသည့် အဆင့်မြင့် သားရဲ ဖြစ်ကာ နဂါးနက်ခွေးကဲ့သို့ လက်သည်းနှင့် သွားအား သုံးပြီး အနီးကပ် တိုက်ခိုက်၍ မတူညီသော မျိုးနွယ်များ၏ ခုခံမှုအစွမ်းများ သုံးသည့် ထူးဆန်းသည့် သားရဲနှင့် မကြုံဖူးခြင်းကြောင့် မကျေမလည် ဖြစ်လာ၏။ နဂါးနက်ခွေးမှာ မိုးထိမြွေများကြားထဲ ပတ်ပြေးနေဆဲ ဖြစ်၏ ။

ကျဆုံးဘုန်းတော်ကြီးမှ မိုးထိမြွေများကြားထဲ ထပ်ကာ ဝင်လာလျှင် ပစ်မှတ်ပြောင်းသွား၍ ခဏအကြာတွင် ကျဆုံးဘုန်းတော်ကြီးလက်မှ တင်းပုတ်ကြောင့် မိုးထိမြွေနှစ်ကောင် သေဆုံးပြီး အောက်သို့ ပြုတ်ကျကာ မြေပြင်ပင် တုန်သွား၏ ။

ကျဆုံးဘုန်းတော်ကြီးမှာ လျှင်မြန်သည့် သားရဲဖြစ်ကာ မိုးထိမြွေများကြားထဲ ရက်စက် ကြမ်းတမ်းစွာ ပြေးဝင် တိုက်ခိုက်ရာ ခဏအကြာ မိုးထိမြွေများ အတုံးအရုံး သေဆုံးကုန်ပြီး ကျန်နေသည့် မိုးထိမြွေများလည်း ဆောက်တည်ရာမရ ဖြစ်ကုန်၏ ။

အယ်ဖာမှာလည်း သေခြင်းတံစဥ်သားရဲကြောင့် အလွန်ပင် ခက်ခဲနေ၍ လက်အောက်ငယ်သားများအား ထိန်းရန် အချိန်မရဘဲ ကိုယ်တိုင်သာ မနည်း အသက်ရှင်ရန် ကြိုးစားနေပြီး ရုတ်တရက် လေဆင်နှာမောင်းတစ်ခု ပေါ်လာ၍ ပြေးရန် ကြံစည်နေ၏ ။

အဆင့်ကိုး သေခြင်းတံစဥ် သားရဲမှ အဆင့်ရှစ် အလယ်အလတ် မိုးထိမြွေအား မသတ်နိုင်ခြင်းမှာ ရှက်ဖွယ် ဖြစ်၍ အဘိုးကြီးမို အခွင့်အရေး မပေးဘဲ သေခြင်းတံစဥ်သားရဲသည်လေဆင်နှာမောင်းထဲ ခုန်ဝင်သွားပြီးနောက် မီတာ သုံးဆယ် အရှည်ရှိသည့် အယ်ဖာ မြေပေါ် ကျကာ လေဆင်နှာမောင်းလဲ ရပ်သွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now