အခန်း ၈ သားရဲ ဥဖောက်ခြင်း

955 123 0
                                    

အခန်း ၈ သားရဲ ဥဖောက်ခြင်း

ဘာသာပြန်. SOUL

စနစ်မှ ၃ နာရီသာ ကြာမြင့်သည် ဟုပြောသောကြောင့် စုပင်း မယုံပဲ အနီးရှိ ကွန်ပျူတာမှ နာရီအား ကြည့်လိုက်ရာ အမှန်တကယ် ၃ နာရီသာကြာခဲ့ကြောင်း စုပင်း တွေ့လိုက်ရ၏ ။

စုပင်း သက်ပြင်းတစ်ချက် ချကာ  ၃ ရက်လောက် သူပျောက်နေခဲ့လျှင် သူ့မိခင် မည်မျှ စိုးရိမ်နေမည်ကိုတွေးမိပြီး တဆက်ထဲ သူ့ညီမ စုလင်းယွဲ့အား တွေးမိလျှင် စုပင်း ဆက်မတွေးနိုင်တော့ပဲ အတွေးများအား ရပ်လိုက်တော့သည် ။

စုပင်း ခေါင်းတစ်ချက်ရမ်းလိုက်ကာ စနစ်မှပေးသော သားရဲ ဥ ဖောက်ရန်နှင့် မွေးမြူခြင်း လုပ်ဆောင်ရန်အား သတိရမိပြီး စတိုးတိုင်အတွင်း လိုက်ရှာတော့သည် ။

ရေခန်းခြောက်နေသော ရေကန်ကဲ့သို့ နေရာတစ်ခုအား ဆိုင်နောက်တွင် တွေ့လိုက်ရပြီး ထိုနေရာမှာ သားရဲ ဥ ဖောက်ခြင်းကန် ဖြစ်မည်ဟု စုပင်း ယူဆလိုက်၏ ။

"ဒီမှာ ဥ ကို ယူရမှာလား ၊ ဘယ်လိုမှ ဥ က ရမှာလဲ"စုပင်း စပ်စုလိုစိတ်ဖြစ်လာပြီး မျက်လုံးထဲတွင် ကြက်မများ ဥ ဥနေပုံကို မြင်ယောင်လာပြီး မျက်နှာအမူအယာ အနဲငယ် ထူးဆန်းလာ၏ ။ ထို့နောက် စုပင်း၏ အေးအေးဆေးဆေးပုံစံမှ အာရုံစိုက်သော ပုံစံ ပြောင်းလာသည် ။

"လက်ခံသူသည် အစပြုသူ ကာကွယ်ခြင်း ကာလအတွင်း ရှိနေသေးသဖြင့် ၁၀ စွမ်းအင်အမှတ်နှင့် တစ်ကြမ် ဥဖောက်ခြင်း ပြုလုပ်နိုင်သည်"စနစ်မှ ထပ်ပြောလာ၏ ။

စုပင်း ထိုစကားကြားသော် အနဲငယ် စိတ်သက်သာသွား၏ ။

စွမ်းအင် အမှတ်များသုံးနိုင်လျှင် ရနိုငသော်လည်း စုပင်းအတွက်တော့ ဟာသ မဟုတ်ပေ ။ ၁၀ စွမ်းအင်အမှတ်ဆိုလျှင် ၁ ထောင်နှင့် ညီမျှ၏ ။

"ကံကောင်းတာက လုပ်ဆောင်ရန် ပြီးသွားရင် သားရဲစစ်သည် စွမ်းရည်စာအုပ် တစ်မျိုးတော့ ရမှာဆိုတော့ ၁ ထောင်နဲ့ကတော့ တန်ပါတယ်လေ"စုပင်းတွေးလိုက်မိ၏ ။

ပုံမှန်ဆိုလျှင် သားရဲစစ်သည် စွမ်းရည် တတ်မြောက်ချင်လျှင် သင်တန်ကျောင်းများမှ သာ သင်ကြားနိုင်ပြီး အချိန်အလွန်ကုန်ကာ ၁ ထောင်နှင့် ရနိုင်သော အရာမဟုတ်ပေ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now