အခန်း ၁၁၅ နဂါးမျှော်စင်

755 62 0
                                    

အခန်း ၁၁၅ နဂါးမျှော်စင်
ဘာသာပြန်.Soul

စုပင်း တိတ်တဆိတ်နေကာ ဘာဆက်ဖြစ်လာမလဲကို စောင့်ကြည့်နေ၏။သူထင်သည့်အတိုင်းပင်..။

"ရွေးခြယ်မှု ပြီးသွားပြီဆိုရင် စမ်းသပ်ခြင်း စပါမယ်"ဟု နဂါးဝိညဥ်မှ ပြောလာ၏ ။

ထိုအသံထွက်လာသည်နှင့် စုပင်း၏ အနီးဝန်းကျင်တစ်ဝိုင် ငလျှင်လှုပ်သကဲ့သို့ တုန်ခါလာကာ သူ့ရှေ့ရှိ မြေကြီးမှာ ပွင့်ထွက်သွားပြီး မျှော်စင်နှင့်တူသော အရိုးတစ်ခု ပေါ်လာ၏။၎င်းမှာ အဆစ်ကိုးခုပါရှိသည်။တစ်ဆက်ထဲတွင် ထိုမျှော်စင်၏အသုံးပြုပုံအား သူ့စိတ်ထဲသို့ ရှင်းလင်းချက်များ ဝင်ရောက်လာခဲ့သည်။

​ရှင်းလင်းချက်အရ အမွေဆက်ခံမည်သူသည် ထိုမျှော်စင်၏ အပေါ်ဆုံးအထိပ်အထိ တက်ရမည် ဖြစ်ပြီး ထိပ်ဆုံးရောက်မှသာ နောက်ဆုံးမစ်ရှင်အား လုပ်ခွင့်ရှိမည်ဖြစ်၏ ။

အဆိုပါမစ်ရှင်မှာ နဂါးအကြေးခွံ နယ်မြေ ၁၀၉တစ်ခုလုံးအား ရှင်းလင်းပြီး နဂါးကြေးခွံများထဲတွင်ရှိသော သေဆုံးသွားချိန်၌ ချိတိပိတ်ပိတ်လှောင်ထားခံရသော နဂါးဝိညဥ်အား ပြန်လည် အသက်သွင်းရမည် ဖြစ်သည်။တစ်ချိန်ထဲမှာပဲ  ထိုနယ်မြေများတွင် နေထိုင်သော သားရဲများကို ရှင်းလင်းရမည် ဖြစ်ကာ ထို့နောက်မှ အမွေအနှစ်အား ရနိုင်မည် ဖြစ်၏ ။

နဂါးမျှော်စင် ကိုးထပ်အား တက်ရသည်မှာ လွယ်ကူသော်လည်း နယ်မြေ ၁၀၉ခု ရှင်းလင်းရမည်မှာ အလွန် ရှုပ်ထွေးကြောင်း စုပင်း တွေးမိလိုက်၏။ထိုနယ်မြေများမှာ လူများ၏ သတ်မှတ်ချက်အရ သေးငယ်သည်မဆိုနိုင်သည့်အပြင် သားရဲမျိုးစုံ ရှိနေနိုင်ပြီး သားရဲဘုရင်များပင် ရှိကောင်း ရှိနေနိုင်တာ ဖြစ်သည်။

ထို့ကြောင့် ဤကဲ့သို့ နယ်မြေမျိုးကို ဂန္တဝင် သားရဲစစ်သည်သာ ရှင်းလင်းနိုင်စွမ်းရှိမည်ဟု စုပင်း တွေးနေမိသည်။

သို့သော် စနစ်၏ပြောပြချက်အရ နဂါးဘုရင်မှာ အခြားသော သားရဲဘုရင်ထက် အလွန်အဆင့်မြင့်မားခြင်းကြောင့်  အားနည်းသူများက သူ့အမွေအနှစ်အား ရမသွားစေချင်ခဲ့ပေ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now