အခန်း ၁၈၇ တစ်ဘီလီယံ

697 65 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၈၇

တစ်ဘီလီယံ

ဘာသာပြန်. Soul

စုပင်းတို့ အဖွဲ့မှာ များစွာသော အဆင့်ခုနစ်နှင့် ရှစ် သားရဲများအား သတ်ခဲ့သည့်အပြင် အချို့သော သားရဲမှ အသုံးဝင်သည့် ကုန်ကြမ်းများမှ စွမ်းအင် လှုပ်ခတ်မှုအား ကြည့်ရာ အကြေးခွံအချို့မှာ အဆင့်ကိုး အလယ်အလတ် သားရဲမှ ဖြစ်ကြောင်း သိရလျှင် ထို မုတ်ဆိတ်မွှေးနှင့် သက်လတ်ပိုင်းလူလည်း အံဩသွား၏။

"ဒါတွေက အဆင့်ကိုး အလယ်အလတ် သားရဲရဲ့ အကြေးခွံအရိုးပဲ"

သက်လတ်ပိုင်း ဘွဲ့တံဆိပ်ရသားရဲစစ်သည် တစ်ယောက်က အနီးကပ်ကာ ကြည့်၍ အံ့ဩသွား၏ ။

အကြေးခွံအရိုးမှာ  အဆင့်ကိုး သားရဲများမှ အလွန် သန်မာသည့် သားရဲတွင်သာ ရှိသည့် အရာဖြစ်ပြီး ထို အကြေးခွံအား ကြည့်ခြင်းဖြင့် သားရဲမှာ အရွယ်ရောက်ကာ အကောင်းဆုံး ခွန်အား ရှိကြောင်း သိရသည်။ စုပင်းတို့ အဖွဲ့ အဆင့်ကိုး အလယ်အလတ် သားရဲအား သတ်ခဲ့သည်မှာ မယုံနိုင်စရာ ဖြစ်နေသောကြောင့် အခြားသော ဘွဲ့တံဆိပ်ရ သားရဲစစ်သည်များလည်း အနားတိုးကပ်ကာ ကြည့်ပြီး အံ့ဩကုန်၏ ။

ထိုစကား ကြားလျှင် မုတ်ဆိတ်မွှေးနှင့် သက်လတ်ပိုင်းလူသည်း ထိုသို့ သားရဲအား သူပင် ရင်ဆိုင်ရလျှင် မနိုင်နိုင်မှန်း သိနေခြင်းကြောင့် ကျဆုံးသွားသည့် ခေါင်းဆောင်နှင့် မဟာ သားရဲစစ်သည် နှစ်ယောက်မှာ ခွန်အားကြီးသူများ ဖြစ်ရမည်ဟု တွေးမိလိုက်၏ ။

"မင့်ရဲ့ အိတ်ကော စစ်လို့ ရမလား"

စုပင်း၏ အိတ်မှ စွမ်းအင် ကြွယ်ဝစွာ ခံစားရ၍ စိတ်ဝင်စားစွာ ဘွဲ့နှင့် သားရဲစစ်သည် တစ်ယောက်မှ အပြုံးနှင့် မေးလာလျှင် စုပင်း အိတ်အား သွန်ချလိုက်၏။

အစားအစာနှင့် အခြား ခရီးတွင် လိုအပ်သည့် အရာများအပြင် စွမ်းအင်ပုံဆောင်ခဲများ ၊ သားရဲများမှ ကုန်ကြမ်းများ ၊ ကြယ်တာရာ ဝိညာဥ် သစ်သီးနှင့် ဝိညာဥ် မီးအိမ် အောက်သို့ ကျလာ၏ ။

ဘွဲ့တံဆိပ်ရသားရဲစစ်သည်များ အားလုံး ကြည့်ကာ စွမ်းအင်ပုံဆောင်ခဲနှင့် သားရဲများမှ ကုန်ကြမ်းအား စိတ်မဝင်စားသော်လည်း ကြယ်တာရာ ဝိညာဥ် သစ်သီးနှင့် ဝိညာဥ် မီးအိမ်အား စိတ်ဝင်စားသွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now