အခန်း ၃၉ ပညာ ခိုးသင်ခြင်း

798 105 0
                                    

အခန်း ၃၉ ပညာ ခိုးသင်ခြင်း

ဘာသာပြန်.Soul

စုပင်း ကြည့်ရင်း စုလင်းယွဲ့ ကျင့်ကြံနေကြောင်း သိလိုက်ရ၍ အကြံတစ်ခု ရလာပြီး သူ့ သိစိတ်အား သူမအခန်းထဲ တိတ်တိတ်လေး သွားလိုက်၏ ။

ကြယ်တာရာ စွမ်းအင်များ စုလင်းယွဲ၏ အခန်း တံခါးနှင့် နံရံများကြားမှ တဖြည်းဖြည်း ဝင်သွားကာ လေဝဲကဲ့သို့ တိုးဝင်သွား၏ ။

ထို လေဝဲများ အလည်တွင် သွယ်လျသည့် ခန္ဓာကိုယ်နှင့် စုလင်းယွဲ့အား စုပင်း တွေ့လိုက်ရ၏ ။

"အိပ်ယာပေါ် လှဲအိပ်ပြီး ကျင့်ကြံနေတာလား" စုပင်း ကြယ်တာရာ စွမ်းအင်များ ကြားရှိ စုလင်းယွဲ့အား ကြည့်ကာ သူမ၏ စွမ်းအင် စုပ်ယူမှုမှာ သူနှင့် ကွဲလွဲနေကြောင်း တွေ့လိုက်ရ၏ ။

စုလင်းယွဲ့မှာ သဲနာရီပုံစံ၏ အောက်ခြေတွင် ရှိနေကာ သူမအထက်တွင် သူမအခန်းထဲ ဝင်လာသော စွမ်းအင်များ လေပွေကဲ့သို့ ဖြစ်နေကာ စွမ်းအင်များအား နီးလာသည်နှင့် လျှင်မြန်စွာ ကိုယ်ထဲ စုပ်ယူသွားလေ၏ ။

"သူက စွမ်းအင်ကို များများနဲ့ မြန်မြန် စုပ်ယူနိုင်နေတာပဲ ။ စုပ်ယူနှုန်းကို ထိန်းချုပ်နိုင်တာလား ။ ဒါတွေက ကျောင်းက သင်ပေးတာတွေလား" စုပင်း အမျိုးမျိုး စမ်းကပ်ကြည့်သော်လည်း စွမ်းအင် စုပ်ယူနှုန်းကို မတိုးမြှင့်နိုင်၍ စုပ်ယူနှုန်းမှာ အသေ ဖြစ်ရမည်ဟု ထင်ထားသော်လည်း စုလင်းယွဲ့အား တွေ့မှ လွဲမှားနေကြောင်း သိလိုက်ရ၏ ။

စုပင်း အံ့ဩစွာနှင့် စုလင်းယွဲ့၏ နည်းလမ်းအား လေ့လာလိုက်၏ ။ စုလင်းယွဲ့မှာ သူမ၏ ဗိုက်ရှိ စွမ်းအင် စီးဆင်းခြင်း အလည်မှတ်အတွင်း စုပ်ယူနေကာ အထဲတွင် စွမ်းအင် လေပွေတစ်ခု ရှိနေကြောင်း စုပင်း တွေ့လိုက်ရ၏ ။

ထိုစွမ်းအင် လေပွေမှာ လျှင်မြန်စွာ လည်ပတ်နေပြီး သူမ ဝန်းကျင်ရှိ ကြယ်တာရာ စွမ်းအင်များအား လည်နေစေကာ သူမအပေါ်တွင် လေပွေ ဖြစ်လာကြောင်း စုပင်း တွေ့လိုက်ရ၏ ။

ပြင်ပရှိ လေပွေမှာ သူမသိသိတ် လက်လှမ်းမှီသော ဧရိယာများအထိ ဆွဲယူနေကာ လေပွေထဲ ပါသွားပြီး စုလင်းယွဲ့ကိုယ်ထဲ ဝင်သွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now