အခန်း ၁၉၆ ဖန်သားတံတိုင်း ကျင့်စဥ်

679 61 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၉၆

ဖန်သားတံတိုင်း ကျင့်စဥ်

ဘာသာပြန်.Soul

"ဒီရတနာကို ထိန်းသိမ်းနိုင် မထိန်းသိမ်းနိုင်က မင်းတို့နဲ့ မဆိုင်ဘူး ။ ပြီးရင် ဒီလုပ်ရပ်က ထန်မိသားစု နာမည်ကို အိုးမဲသုတ်သလို မဖြစ်ဘူးလား"

ထွားကျိုင်းသူ တစ်ယောက်က ဒေါသနှင့် ပြောနေကာ အခြားသူများလည်း ဒေါသကြောင့် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထား၏ ။

"ခက်ခဲတဲ့လမ်းကို ရွေးနေတာလား"

ကျိုဖန်းကန်က အေးစက်စွာ ပြောလိုက်သည်။

"ငါတို့ကို အနိုင်ကျင့်လို့ ရမယ် ထင်နေတာလား ကျိုဖန်းကန်" ထွားကျိုင်းသူ မေးလာ၏။

"ခင်များက ဘွဲ့တံဆိပ်ရ သားရဲစစ်သည် ဖြစ်ပေမဲ့ ငါလဲ လက်သီးဆိုတဲ့ ဘွဲ့ကို အလကား ရထားတာ မဟုတ်ဘူး ။ ဟို အလိုလိုက်ခံထားရတဲ့ တစ်ယောက်က မိသားစုခေါင်းဆောင် ဖြစ်လာမဲ့သူမဟုတ်လား ။ တိုက်ပွဲ ဖြစ်ခဲ့ရင် ငါက သူ့ကို ငါ့အသက်နဲ့ ထပ်ပြီး ခေါ်သွားရင် မင်းရော ဘာလုပ်နိုင်မှာလဲ"

ထို ထွားကျိုင်းသူက မျက်နှာ သွေးဆုပ်ဖြူလျော်စွာနှင့် ပြောလာ၏ ။

"ထန်မိသားစုက လူတွေက အလိုလိုက်ခံရတဲ့သူ မရှိဘူး ။ အဆင့်ခုနစ် သားရဲစစ်သည် ပေမဲ့ ဘွဲ့တံဆိပ်ရ သားရဲစစ်သည်တွေနဲ့ လေ့ကျင့်ခဲ့ရလို့ ရှင့်လိုလူက ကျွန်မကို သေရာ အတူ ဆွဲခေါ်သွားဖို့ လုံလောက်မယ် မထင်ဘူး" ကျိုဖန်းကန်၏ ဘေးမှ ထန်ယူရန် မျက်ခုံးပင့်၍ ပြောလာ၏ ။

"ဟုတ်လား ။ ထန်မိသားစုက ဘွဲ့တံဆိပ်ရ သားရဲစစ်သည်တွေကို ခေါ်ပြီး လေ့ကျင့်မှာ သေချာပါတယ် ။ ဒါပေမဲ့ သူတို့ရဲ့ ခွန်အား အစစ်မဟုတ်တာ သိလား ။ မင်းတို့ကို တမင် အရှုံးပေးပြီး ပျော်အောင် လုပ်ပေးတာပါ ။ တကယ့် ဘွဲ့တံဆိပ်ရ သားရဲစစ်သည်ကို ယှဥ်နိုင်မယ် ထင်နေလား ။ အဆင့်ခုနစ် သားရဲစစ်သည်ဆိုတာ သားရဲတောင် မခေါ်နိုင်ခင် သတ်လိုက်လို့ ရတယ်"

ထွားကျိုင်းသူမှ စိတ်ပျက်စွာ ရယ်ရင်း ပြောလာ၏ ။

"မိသားစုအကြီးတွေအပေါ် အမြင်မှားနေတယ် ထင်တယ်။ တခြား မိသားစုတွေမှာက အဲ့ဒီလို ဟုတ်ရင် ဟုတ်မယ် ။ ထန်မိသားစုမှာတော့ အဲ့ဒီလို ဖန်လုံအိမ်ထဲက ပန်းတွေက မရှိတော့တာ ကြာပြီ ။ ဘွဲ့တံဆိပ်ရ သားရဲစစ်သည်တွေက စွမ်းအင်ကို သုံးပြီး မီတာ တစ်ရာလောက်က ရန်သူကို သတ်သလို သုံးလို့ရတယ် ။ ဒါကို သိထားမှ ကြိုပြီး ကာကွယ်လို့ ရမှာ ။ ရှင့်ရဲ့ ကြယ်တာရာ စွမ်းအင် အသုံးပြုနိုင်ပုံနဲ့တော့ အနာတရ ဖြစ်အောင်တောင် လုပ်နိုင်မယ် မထင်ဘူး ။ ပြီးရင် ထန်မိသားစုရဲ့ ထူးခြား ကျင့်စဥ် သုံးမျိုးအကြောင်း ကြားဖူးလား"

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Tempat cerita menjadi hidup. Temukan sekarang