အခန်း ၂၈ မသေမျိုးများ၏ ကစဥ့်ကလျား နယ်မြေ

846 103 0
                                    

အခန်း ၂၈ မသေမျိုးများ၏ ကစဥ့်ကလျား နယ်မြေ

ဘာသာပြန်. SOUL

စုပင်း ထိုစျေးနှုန်းအား အံ့အားသင့်သွားကာ နောက်ထပ် သားရဲတစ်ကောင် လေ့ကျင့်ပေးတိုင်း စွမ်းအင်အမှတ် တစ်ဆယ် ပေးရမည်ဟု သိလိုက်ရခြင်းကြောင့် စိတ်ပျက်သွား၏ ။

"ယာယီ တံဆိပ် ၊ သေဖို့ ၊ ပျိုးထောင်ခြင်း နယ်မြေ သွားဖို့ အကုန်လုံး ဝယ်ရမယ်ဆိုတော့ ဒီပုံစံနဲ့ဆိုရင်..."စုပင်း မဲ့ရွဲ့သွားကာ စနစ်၏ အဓမ္မခိုင်းစားခံနေရသလား ဟုပင် တွေးလိုက်၏ ။

ကျန်နေသော စွမ်းအင်အမှတ် တစ်ရာကျော်အား မသုံးမိခဲ့ခြင်းအား ယခုမှ ကံကောင်းသည်ဟု စုပင်း တွေးလိုက်၏ ။ မဟုတ်ပါက ယာယီ တံဆိပ်အား ဝယ်ရန် မတတ်နိုင်တော့ပေ ။

"ဒီ ယာယီ တံဆိပ်က နဂို ပိုင်ရှင်ရဲ့ ဆက်သွယ်ခြင်း အပေါ်မှာ သက်ရောက်မှု ရှိလား" စုပင်း အဖြေအား ခန့်မှန်းနိုင်သော်လည်း သေချာအောင် အရင် မေးထားလိုက်သည် ။

(ယာယီ တံဆိပ်မှာ ကြယ်တာရာတံဆိပ်အား ဖုံးလိုက်ခြင်း ဖြစ်ကာ မူလ ပိုင်ရှင်၏ တံဆိပ်အပေါ် အကျိုးသက်ရောက်မှု မရှိကာ ပိုင်ရှင်လည်း သတိမပြုနိုင်ပါ) စနစ်မှ စိတ်မဝင်စားစွာ ပြန်ပြောလာ၏ ။

စုပင်း သေချာသွားသည်နှင့် ချက်ချင်း ဝယ်လိုက်ကာ သူ၏ သိစိတ်ထဲရှိ ပစ္စည်းထားရာ နေရာတွင် ရွှေရောင် စာလိပ်အား တွေ့လိုက်ရ၏ ။

စုပင်း စိတ်ထဲမှ ထိုစာလိပ်အား ထုတ်ယူလိုက်ကာ သူ၏ လက်ထဲ ပေါ်လာ၏ ။ ထိုစာလိပ်မှာ အလွန် နူးညံ့ကာ တိမ်စိုင်များအား ကိုင်နေရသကဲ့သို့ ခံစားလိုက်ရပြီး စာရွက်ကဲ့သို့ မာကြောမှုမရှိပေ ။

"ဘယ်လို သုံးရမလဲ" စုပင်း စာလိပ်အား လက်ထဲ လှည့်ပတ်ဆော့ရင်း မေးလိုက်၏ ။

(ဆက်သွယ်မည့်သူ၏ သွေးတစ်စက် စာလိပ်ပေါ် ချပြီး ဆက်သွယ်မယ့် သားရဲမှာ ကယ်ပေးလိုက်ရင် ရပါပြီ) စနစ်က ဖြေလာ၏ ။

စုပင်း နားလည်သွားကာ ပုန်းနေသော လျှပ်စီးကြွက်ထံသို့ ဘာမှ မလုပ်ဘူးဆိုသော မျက်နှာနှင့် ပြုံးကာ "လာခဲ့ ကောင်လေး" ခေါ်လိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Où les histoires vivent. Découvrez maintenant