အခန်း ၇၆ ပရိုမိုးရှင်း

702 88 1
                                    

အခန်း ၇၆ ပရိုမိုးရှင်း

ဘာသာပြန်.Soul

သူ၏ဆိုင်ကို ကြေညာရန်အတွက် လိုအပ်နေသည့်အပြင် ဆုယန်းယင်းတို့မှာ ကျောင်းတွင် နာမည်ကြီးသည့်အတွက် ကျောင်းသားများမှ ဖြတ်သွားဖြတ်လာ လူများထက် သားရဲတိုက်ပွဲများကိုသာ ပို၍ဂရုစိုက်ကြကြောင်း စဥ်းစားမိလိုက်ကာ စုပင်း သဘောတူလိုက်၏ ။

ဆုယန်းယင်းအတွက် စုပင်းမှာ ပဟေဠိဆန်သော လူတစ်ယောက် ဖြစ်ပြီး အရင်က နာမည်ကြီး သားရဲစစ်သည်တစ်ယောက် ကျောထောက်နောက်ခံ ရှိကာ ရင်းနှီးခြင်းသည် သူမအတွက် အကျိုးရှိမည် တွက်ထား၍ စုပင်းစကား ကြားလျှင် မျက်လုံး အရောင်လက်လာ၏ ။

"မနက်ဖြန် လာခေါ်ပေးရမလား" ဆုယန်းယင်း မေးလိုက်ရာ "ပွဲက ဘယ်အချိန် စမှာလဲ" စုပင်း ခေါင်းညှိမ့်ရင် မေးလိုက်၏ ။

"ကျမတို့အရှေ့မှာ တစ်ခြား သရုပ်ပြပွဲတွေ ရှိသေးတယ် ။ ကျမနဲ့ ယီဟိုရဲ့ ပွဲက ညနေခင်း နောက်ဆုံးမှ" ယခင် လျှပ်စီးကြွက် မပါခင်က သူမအတွက် အဆင့်လေးလောက်သာ ခန့်မှန်းနိုင်ကာ ယခု ချန်ပီယံဖြစ်ရန် ​မျှော်မှန်းနိုင်သည်အထိ ရောက်ခဲ့ခြင်းကြောင့် ဆုယန်းယင်း ဂုဏ်ယူသည့် မျက်နှာနှင့် ပြောလိုက်၏ ။

ထို့အတွက်ကြောင့်ပင် ဆုယန်းယင်း စုပင်းအား အလွန် ကျေးဇူးတင်ခြင်း ဖြစ်ကာ ဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး သူမ ခန့်မှန်းထားသည်ထက် ပိုမို သာလွန်သွား၍ ဖြစ်၏ ။

"ဘယ်သူလဲ ယီဟိုက" စုပင်း မေးကြည့်လိုက်ရာ "သူက ချန်ပီယံပါ ။ ကျမကို နိုင်သွားတဲ့ တစ်ယောက်" လျှပ်စီးအိမ်မြှောင်မှာ သားရဲဘုရင်အောက် အသန်မာဆုံး သားရဲဖြစ်ခြင်းကြောင့် ဆုယန်းယင်း စိတ်မပျက်သည့်အပြင် ရယ်၍ပင် ပြောနေ၏ ။

စုပင်း ဆုယန်းယင်းအား ကြည့်ကာ မဲ့သွား၏ ။

"မနက်ဖြန် ညနေ ဘယ်အချိန် လာခေါ်ပေးရမလဲ" ဆုယန်းယင်း မျက်တောင် ပုတ်ခတ်ပုတ်ခတ်နှင့် မေးလိုက်လျှင် "ကြည့်ကြည့်ရအောင် ။ မွန်းလွှဲ လေးနာရီလောက်" စုပင်း စဥ်းစားပြီး ပြန်ဖြေလိုက်၏ ။

"စောစော ရောက်ချင်လို့လား" စုပင်းနှင့် သားရဲအကြောင်း ပြောလိုက်၍ စုပင်းနှင့် အချိန်ကြာလေ ကောင်းလေဟု ဆုယန်းယင်း မျက်လုံးတောက်တောက်နှင့် တွေးနေမိသည် ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now