အခန်း ၂၇ ဝိညဥ်ရေကန် ဒုတိယအဆင့်

848 113 0
                                    

အခန်း ၂၇ ဝိညဥ်ရေကန် ဒုတိယအဆင့်

ဘာသာပြန်. SOUL

အရိုးခြောက်ကလေးနှင့် လစန္ဒာခွေးတို့မှာ အခြားသူတွေက သူတို့နေရာများယူသွားကြသဖြင့် စိတ်ရှုပ်ထွေးစွာနှင့် နိုးလာကြသည် ။

စုပင်း လစန္ဒာခွေးကို ကြည့်လိုက်သည်။၎င်းမှာ သူ့ပိုင်ရှင်မှ စောင့်ရှောက်ရန် အပ်ထားသည်မှာ နောက်နေ့တွင် ပြည့်ပြီဖြစ်ပြီး ပိုင်ရှင်မှ သာမာန် စောင့်ရှောက်ရေးသာ အပ်ထားသောကြောင့် စောင့်ရှောက်ရေး ခြံမှ ထွက်ပေးသင့်သည်ဟု စဥ်းစားမိလိုက်၏ ။

(လက်ခံသူ လက်ထဲရှိ လာရောက် အပ်နှံထားသော သားရဲများအား သားရဲ စောင့်ရှောက်ရေး ခြံတွင်သာ ထားခွင့်ရှိကာ လစန္ဒာခွေးအတွက် နေရာ မရှိသဖြင့် ထပ်ဝယ်ရမည်) စနစ်မှ လုံးဝ ခွင့်မပြုနိုင်သော အသံနှင့် ပြောလာ၏ ။

"ဒါပေမဲ့ သူ့ပိုင်ရှင်က ရိုးရိုးပဲ စောင့်ရှောက်ဖို့ ထားခဲ့တာလေ" စုပင်း အကြောင်းပြလိုက်၏ ။

(သားရဲ စတိုးဆိုင် ပိုင်ရှင် တစ်ယောက်အနေနဲ့ သားရဲအပေါ် ဂရုဏာတရားက သုံည ဖြစ်နေတာ ဖြစ်သင့်ပါသလား)
"အဲ့ဒီလောက် ဂရုဏာတရား ကြီးတယ်ဆိုရင် စောင့်ရှောက်ရေးခြံ အလကား ပေးလိုက်လေ"
(ပထမအကြိမ် ညစ်ညမ်းစကား သုံးခြင်း သတိပေးချက်)
"ဘယ်တုံးက ဆဲလိုက်လို့လဲ ။ ###!"
(ဒုတိယအကြိမ် ညစ်ညမ်းစကား သုံးခြင်း သတိပေးချက်)

စုပင်း ချက်ချင်းပင် ငြိမ်ကျသွား၏ ။
"ရှူသွင်း ၊ ရှူထုတ်"

စုပင်း သုံးရမည့်ကုန်ကျစရိတ်အား တွက်ကြည့်ရာ တစ်ဆယ်သာ ကျမည်ကို သိလိုက်ပြီး သူလက်ထဲရှိ စွမ်းအင်အမှတ်နှင့် တွက်လိုက်လျှင် တတ်နိုင်သည်ဟုတွေးလိုက်၏။

မဆိုလည်း နောက်တစ်နေ့တွင် ထိုလစန္ဒာခွေးအား သူ့ပိုင်ရှင်မှ လာယူမည် ဖြစ်ပြီး နောက်ကျလည်း စောင့်ရှောက်ရေး ခြံများ ဝယ်ဖြည့်ရမည်ဟု တွေးလိုက်မိကာ စိတ်လျော့လိုက်၏ ။

"ဒီတစ်နေ့စာအတွက် အိတ်စိုက်ပေးလိုက်တယ်လို့ပဲ သတ်မှတ်လိုက်" စုပင်းမှာ ထို လစန္ဒာခွေးအတွက် ဒင်္ဂါး ရာဂဏာန်းခန့်သာ ရမည်ဖြစ်ပြီး ယခုအချိန်တွင်  အခြားသူအတွက် အလကား စောင့်ရှောက်ပေးရကြောင်း တွေးကာ သက်ပြင်း ချလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now