အခန်း ၁၉၀ သူရိယ တံတိုင်းအတွက် လိုအပ်သော အရာများ

716 66 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၉၀

သူရိယ တံတိုင်းအတွက် လိုအပ်သော အရာများ

ဘာသာပြန်. Soul

နဂါးအရိုး မျှော်စင်၏ ရှေ့တွင် ယခင်ထက် လူနည်းနေသော်လည်း များပြားစွာ ရှိနေသေးသည် ။
"ထန်မိန်းကလေးက ဆဋ္ဌမအဆင့် ရောက်သွားတာ အံ့ဩစရာပဲ ။ နောက်ထပ် နှစ်နဲနဲ ကြာရင် သူ့အတွက် သတ္တမနဲ့ အဋ္ဌမအဆင့်တွေက ငှက်ပျောသီး အခွံနွှာသလို ဖြစ်ပြီပဲ"
"ငါတောင် တတိယအဆင့်မှာ ရပ်လိုက်ရတာ ။ ပါရမီရှင်တွေကတော့ အံ့ဩစရာပဲ"
"သွားယှဥ်နေသေးတယ် ။ နဝမအဆင့်ကို ရောက်ရင် အကျိုး ခံစားခွင့် ရှိတယ်လို့ ကြားတယ် ။ ဒါပေမဲ့ ငါတို့နဲ့တော့ မဆိုင်ပါဘူး ။ မိသားစုအကြီးတွေက ကလေးတွေပဲ တချိန်ချိန် ရောက်သွားမှာ"
ထိုသိူ့ ပြောနေကြသံများ ကြားရလျှင် ဆဋ္ဌမအဆင့် ရောက်ရုံမျှနှင့် အားလုံးကြား နာမည် ကြီးနေပြီ ဖြစ်ခြင်းကြောင့် အံ့ဩသွား၏ ။
"ဘယ်အဆင့်ကို အမြင့်ဆုံးအဖြစ် တစ်ယောက်ယောက် ရောက်ဖူးတာလဲ"
စုပင်းက အနီးရှိ လူတစ်ယောက်အား မေးကြည့်လိုက်သည်။ တစ်ချို့မှ လွဲ၍ လာကြသူ အားလုံးနီးပါး ခွန်အားကြီးသူများပင် ဖြစ်ခြင်းကြောင့် လူငယ်တစ်ယောက်မှ မေးလာသော်လည်း အထင်သေး ရှုံ့ချခြင်း မရှိဘဲ အထက်အောက် အစုန်အဆန် ကြည့်လာ၏။
"ပြောတာကတော့ သတ္တမမြောက် အဆင့်ကို ရောက်ဖူးတဲ့သူ ရှိတယ်တဲ့ ။ ဒါကလဲ အပြောအရပဲ ။ အခုက ထန်ယူရန်နဲ့ ဖန်းထျန်းမင်းတောင် ဆဋ္ဌမအဆင့်ပဲ ရောက်နိုင်တယ်" ထိုသူ ပြောလာမှ နဝမအဆင့် အရိုးသို့ ရောက်ရန် ဝေးသေးကြောင်း သိရ၍ စုပင်း သက်ပြင်းချလိုက်၏ ။
အမှန်တစ်ကယ် စစ်ဆေးမှုများမှာ သတ္တမအဆင့်မှ စလာပြီး သာမာန်ထက်နိမ့်သော ပါရမီနှင့် အထက်မှ လူများသာ ကျော်ဖြတ်နိုင်ကာ အဋ္ဌမအဆင့်အတွက်မူ အနည်းဆုံး သာမာန် ပါရမီ ရှိရမည် ဖြစ်ခြင်းကြောင့် ငရဲမီးနဂါးပင် အဋ္ဌမအဆင့်သာ ရောက်နိုင်၏ ။
နဝမ အဆင့်အတွက် အနိမ့်ဆုံး သာမာန်ထက်မြင့်‌ေသာ ပါရမီ ရှိရန် လိုအပ်၏ ။
နဂါးအရိုး မျှော်စင်သည် နဂါးဘုရင်မှ သူ၏ အမွေအား ဆက်ခံမည့်သူကို ရွေးချယ်ခြင်း ဖြစ်ကာ စတုတ္ထမှ ဆဋ္ဌမအဆင့်အထိ အဆင့်မြင့် သားရဲစစ်သည် ဖြစ်ရန်သာ လိုအပ်၍ ဆဋ္ဌမအဆင့်တွင် အဆင့်ကိုး သားရဲစစ်သည် ခွန်အား ရှိထားရန် လိုအပ်သည် ။
သို့သော် သတ္တအဆင့်မှ စကာ တိုက်ခိုက်ရမည့် အရာများ၏ ခွန်အားသည် လာရောက် ကြိုးစားသူ၏ သားရဲစစ်သည် အဆင့်နှင့် ဆုံးဖြတ်ပြီး သတ္တမအဆင့်တွင် ရောက်လာသူသည် အဆင့်ခုနစ်ဖြစ်လျှင် အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုး နဂါးဝိညာဥ်နှင့် တွေ့ရမည် ဖြစ်ပြီး အဆင့်ကိုး သားရဲစစ်သည်များအတွက် သားရဲဘုရင် ဝိညဥ်နှင့် တွေ့ရမည် ဖြစ်၏ ။
ယခင် မျိုးဆက်များအတွက် ဆဋ္ဌမအဆင့်အား ကျော်ဖြတ်ရန် လွယ်ကူသော်လည်း အဆင့်ကိုး သားရဲစစ်သည်များပင် သားရဲဘုရင်အား အနိုင်ယူနိုင်ရန် မဖြစ်နိုင်ခြင်းအပြင် နောက်ထပ် အဆင့်များတွင် သားရဲဘုရင်ထက် ခွန်အားကြီးသည့် နဂါးဝိညာဥ်နှင့် တွေ့ရမည် ဖြစ်ခြင်းကြောင့် မျိုးဆက်သစ် လူငယ်များသာ ဝင်ရောက်ကြခြင်း ဖြစ်၏ ။
စုပင်းမှာ အဆင့်ငါးသို့ မရောက်သေးသဖြင့် နဝမအဆင့် ၌ တွေ့မည်မှာ အဆင့်ကိုး နဂါးဝိညာဥ်သာ ဖြစ်သည်။ သားရဲများမှာ သားရဲစစ်သည်၏ ခွန်အားအဖြစ် သတ်မှတ်ခြင်းကြောင့် ငရဲမီးနဂါးနှင့် အရိုးခြောက်ကလေးတို့၏ အကူအညီနှင့် ဖြေရှင်းနိုင်မည်ဟု စုပင်း တွေးလိုက်၏ ။
သားရဲစစ်သည်နှင့် သားရဲ၏ ပက်သက်မှုမှာ ဆရာနှင့် လက်အောက်ငယ်သား ပက်သက်မှု ဟူသည့် ဆက်သွယ်ခြင်း တံဆိပ်မှ ဥပဒေကြောင့် စုပင်း ငရဲမီးနဂါးနှင့် အရိုးခြောက်ကလေးတို့အား ခေါ်ထုတ်လျှင်ပင် ပြင် ခွန်အားအဖြစ် မသတ်မှတ်ပေ ။
လက်အောက်ငယ်သားမှာ ဆရာအား လွှမ်းမိုးခွင့် မရှိဘဲ ဆရာမှာလည်း လက်အောက်ငယ်သားအား အပြည့်အဝ ထိန်းချုပ်ခွင့် မရှိခြင်းကြောင့် စုပင်း သားရဲများ၏ အကူအညီ ယူ၍ ရသော်လည်း သားရဲများအတွက်မူ စုပင်း၏ အကူအညီ ယူ၍ မရဘဲ စွမ်းရည်များသာ သုံးပေးခွင့် ရှိ၏ ။
"သူက ဆဋ္ဌမအဆင့် ရောက်တာတောင် အာရုံ စိုက်ခံနေရတညဆိုတော့ ငါသွားလိုက်ရင် အထက်အရာရှိတွေ အာရုံကျလာဦးမယ်"
စုပင်းက နဂါးအရိုး မျှော်စင်ကို ကြည့်၍ စိတ်ထဲမှ တွေးမိလိုက်သည်။စုပင်းက အ​ကြေးခွံ နယ်မြေများကိုသာ ဦးစား အရင်ပေး၍ နောက်မှ ပြန်လာရန် ဆုံးဖြတ်လိုက်ပြီး မျှော်စင်မှ ထွက်သွား၍ နယ်မြေသို့ ပို့ပေးသည့် ဝင်ပေါက်ရှိရာ သွားလိုက်၏ ။
ထိုနေရာတွင် အဖွဲ့များစွာ ရှိနေကာ အချို့ အဖွဲ့များမှ အဖွဲ့သားများ ခေါ်နေကြသော်လည်း ရတနာ တွေ့လာလျှင် ပြင်ပ အကူအညီအား အရင် ရှင်းကာ မူလ အဖွဲ့ဝင်များအတွက်သာ ခွဲဝေကြခြင်းကြောင့် ဝင်ရောက်သူ နည်းပါးလှ၏။
စုပင်းက တစ်ချက်သာ ကြည့်ကာ ရပ်စောင့်နေလျှင် အချို့အဖွဲ့များ စုပင်းအား တစ်ယောက်တည်း တွေ့ရခြင်းကြောင့် သူတို့အဖွဲ့ထဲ ဝင်ရန် ပြောသော်လည်း ငြင်းလိုက်၏ ။
ခဏအကြာ စုပင်းအလှည့် ရောက်လာခြင်းကြောင့် အခကြေး တစ်သန်းပေးပြီး အမွေအနှစ် နယ်မြေ၏ ပုံအား ခေါင်းထဲ ဖော်၍ ရှင်းလင်းပြီး ဖြစ်သည့် အကြေးခွံ နယ်မြေများအား စဥ်းစားကာ အလည်ထဲရှိ နယ်မြေတစ်ခုဖြစ်စေရန် သေချာ ရွေးချယ်လိုက်၏ ။
အမွေအနှစ် နယ်မြေ၏ နဂါးအကြေးခွံ နယ်မြေများမှာ နံပါတ် တပ်ထားခြင်း မရှိခြင်းကြောင့် စုပင်း ကံစမ်းကြည့်သည်သာ ဖြစ်ပြီး အဆိုးဆုံး အခြေအနေမှာ နယ်မြေ အားလုံးသို့ သွားရန် ဖြစ်သော်လည်း အခကြေး သန်းတစ်ရာအား စုပင်း မပေးလိုပေ ။
သူရွေးချယ်ပြီးသည်နှင့် ဝင်ပေါက်မှ ပျောက်သွားကာ လူသူကင်းရှင်းသည့် ကန္တာရ တစ်ခုအား တွေ့ရလျှင် ချက်ချင်း မှတ်မိပြီး ထို ပါဆယ် ၄၈ နယ်မြေတွင် တန်ဖိုးရှိ ရတနာ နှစ်ခု ရှိနေသဖြင့် ရှိနေသေးသည်လား သွားကာ ကြည့်ရန် စုပင်း ဆုံးဖြတ်လိုက်၏ ။
စုပင်း စဥ်းစားပြီးသည်နှင့် ငရဲမီးနဂါး ၊ နဂါးနက်ခွေးနှင့် ခရမ်းရောင်မြွေအား ဆင့်ခေါ်ကာ ခရမ်းရောင်မြွေအပေါ် တက်သွားလျှင် အကြေးခွံအချို့ ထောင်လာ၍ အကာအကွယ် ပေးထား၏ ။
"သွားစို့"
စုပင်း ငရဲမီးနဂါးနှင့် နဂါးနက်ခွေးအား ရှေ့မှ ဦးဆောင်ခိုင်းကာ ရတနာရှိရာသို့ သွားလိုက်၏ ။
နာရီဝက်ခန့်အကြာတွင် သဲများ ကောင်းကင်တစ်ခုလုံး ပြည့်နေပြီး လမ်းတွင် သားရဲ အနည်းငယ် တွေ့ရသော်လည်း ရတနာများ မရှိတော့သည့်အပြင် အဖွဲ့များ၏ ခြေရာလက်ရာများ တွေ့လိုက်ရမှ နယ်မြေမှာ ရှင်းလင်းပြီး ဖြစ်ကြောင်း စုပင်း သိလိုက်ရ၏ ။
စုပင်း တစ်သန်း ဆုံးရှုံးလိုက်ရ၍ ပြောချင်စိတ် မရှိပဲ ရင်ပြင်သို့ ပြန်ကာ သွားလိုက်၏ ။
ယခုတစ်ကြိမ် စုပင်း စူးစမ်းမှု မရှိသေးသည့် နံပါတ် ၅၂ နယ်မြေအား ရွေးချယ်လိုက်၏ ။
နယ်မြေ ၅၇ခု စူးစမ်းပြီး ဖြစ်သော်လည်း နံပါတ်စဥ်အတိုင် မဟုတ်၍ ယခုအချိန်အထိ နယ်မြေနံပါတ် ၁နှင့် ၂သည် စူးစမ်းထားမှု မရှိသေးပေ ။
ရောက်သည်နှင့် စုပင်းသည် သွေးနံ့ ရလိုက်စဖြင့် တိုက်ပွဲ ဖြစ်ထားခဲ့ကြောင်း သိလိုက်ရသည်။ နဂါးနက်ခွေးနှင့် ခရမ်းရောင်မြွေအား ဆင့်ခေါ်ကာ ခရမ်းရောင်မြွေ ခေါင်းပေါ်တက်၍ ချောင်းမြောင်း တိုက်ခိုက်မှုအား ကြိုတင် ကာကွယ်ထားလိုက်သည်။ အလားတူပင် ငရဲမီးနဂါးလည်း ဆင့်ခေါ်လိုက်၍ နဂါးနက်ခွေးနှင့်အတူ ဦးဆောင်ခိုင်းလိုက်၏ ။
ထို သွေးနံ့များ ထွက်နေသည့် အရင်းအမြစ်သို့ ရောက်သွားလျှင် မြေပေါ် ပြန့်ကြဲနေသည့် လူနှင့် သားရဲများ၏ အလောင်းများနှင့် ကျောက်မျိုးနွယ် သားရဲမှ ပြုလုပ်ထားသော သေသပ်သည့် လေးထောင့် အခေါင်းတစ်ခုအား စုပင်း တွေ့လိုက်ရ၏ ။
စုပင်းက ထိုနေရာတွင် ကြာကြာ မနေဘဲ နယ်မြေ၏ မြေပုံအား စဥ်းစားကာ တန်ဖိုးကြီး ရတနာ နေရာတစ်ခုသို့ သွားလိုက်၏ ။
လမ်းတစ်လျှောက် သားရဲအသိုက်များအား ရှောင်ခဲ့ပြီး ရတနာ နေရာသို့ ရောက်လျှင် နဂါးနက်ခွေး အနံ့ခံကြည့်ရာ လူနံ့ မရကြောင်း ပြောလာ၍ စုပင်း စိတ်အေးသွား၏။
စုပင်းသည် ငရဲမီးနဂါးနှင့် နဂါးနက်ခွေးအား ရှေ့မှ သွားခိုင်းကာ အမွေအနှစ် နယ်မြေ၏ အတွေ့အကြုံများကြောင့် ခဏအကြာ ရတနာအား ရရှိလာ၏ ။
ထိုရတနာမှာ စိတ်စွမ်းအင်နှင့် တိုက်ခိုက်မှုအား ကာကွယ်နိုင်သည့် ခေါင်းဆောင်း ဖြစ်ကာ သာမာန်ဆိုလျှင် ဒိုင်းနှင့် ခေါင်း​ဆောင်းများမှာ ရုပ်ပိုင်းဆိုင်ရာ တိူပ်ခိုက်မှုသာ ကာကွယ်နိုင်ခြင်းကြောင့် ရှားပါး ရတနာအဖြစ် သတ်မှတ်နိုင်၏ ။
အမွေအနှစ် နယ်မြေထဲတွင် အရေးပေါ် အခြေအနေ ကြုံခဲ့ခြင်းကြောင့် ထိုခေါင်းဆောင်းအား စုပင်း ဝတ်ဆင်ဖူးခဲ့၍ အကျိုးသက်ရောက်မှုအား သိနေခြင်း ဖြစ်ကာ ပစ္စည်းထားရာ နေရာထဲ ထည့်ထားလိုက်၏ ။
ထိုအခိုက် နယ်မြေထဲမှ မြေအောက် ချော်ရည် ရှိသည့် နေရာတစ်ခု၌ သူရိယတံတိုင်း အတွက် လိုအပ်သည့် အရာတစ်ခု ရှိနေကြောင်း မှတ်မိလာ၍ ချက်ချင်းပင် သူ၏ သားရဲ သုံးကောင်နှင့် စုပင်း ထိုနေရာသို့ သွားလိုက်လေတော့သည် ။







ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now