အခန်း ၁၉၈ မင်း...!!! "ဘယ်သူလဲ"

742 58 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၉၈

မင်း...!!!

"ဘယ်သူလဲ"

ဘာသာပြန်.Soul

နတ်ဆိုးဖန်းက အော်လိုက်သည်။ သူ၏ ရှေ့တွင် အပြာရင့်ရောင် ကြယ်တာရာ စွမ်းအင် လေမုန်တိုင်းကဲ့သို့ ပေါ်လာ၍ မီတာငါးထောင်အတွင်း ရှိနေသည့် အရာများ သူ့စိတ်ထဲ ပေါ်လာ၏ ။

မိုးထိုးနေသော သစ်ပင်များနောက်မှ သားရဲသုံးကောင် ဝပ်နေသည်ကို ခဏချင်းပင် နတ်ဆိုးဖန်း တွေ့လိုက်ရ၍ တစ်ကောင်အား သိလိုက်ရလျှင် တုန်လှုပ် ခြောက်ခြားသွား၏ ။

ဂြိုလ်ပြာပေါ်ရှိ ထိပ်တန်းအဆင့် သုံးနေရာတွင် ရှိနေသာ ငရဲမီးနဂါးအား တွေ့ရမည်ဟု သူ မထင်ထားခဲ့‌ေချ။အခြား သားရဲနှစ်ကောင် ဖြစ်သည့် နဂါးနက်ခွေးနှင့် ခရမ်းရောင်မြွေမှာ အလယ်အလတ်အဆင့် သားရဲများသာ ဖြစ်ခြင်းကြောင့် အရေးမထားသော်လည်း သာမာန်ထက် ကြီးကြောင်း နတ်ဆိုးဖန်း တွေ့လိုက်ရ၏ ။

ထန်ယူရန်မှာ အနီးမှ မြေပေါ်ရှိ မြေကြီးအပွအား ကြည့်ကာ တစ်စုံတစ်ခု ပုန်းအောင်နေသကဲ့သို့ ရှိနေ၍ ထူးဆန်းသည်ဟု အထင်နှင့် ကြည့်နေရာမှ နတ်ဆိုးဖန်း၏ အော်သံ ကြားရ၍ လှည့်ကြည့်လိုက်ရာ ဒေါသထွက်နေသည်ကို တွေ့လိုက်ရ၏ ။

"စီနီယာဖန်း"

ထန်ယူရန်က ခဏတာ တွေဝေသွားပြီး နတ်ဆိုးဖန်း အနီးသို့ သွားလိုက်သည်။

"အခုက သာမာန် သားရဲစစ်သည် မဟုတ်ဘူး ။ သတိထား"

နတ်ဆိုးဖန်း၏ သားရဲများမှာ တစ်စုံတစ်ယောက်၏ သားရဲမှန်း သိသာနေခြင်းကြောင့် သားရဲသုံးကောင်ကိုသာ အာရုံစိုက်ကာ ငရဲမီးနဂါး ပိုင်ဆိုင်သူမှာ သာမာန် မဖြစ်နိုင်ကြောင်း အတွေးနှင့် ပြောလိုက်၏ ။

နတ်ဆိုးဖန်း၏ အလွန် ဂရုစိုက်နေသော အနေအထားအား ကြည့်ပြီး ထန်ယူရန်လည်း အသင့်အနေအထားနှင့် ပတ်ဝန်းကျင်အား ကြည့်လိုက်၏ ။

သစ်ပင်တွင် နစ်ဝင်နေသော ထွားကျိုင်းသူလည်း ထန်မိသားစု၏ လက်မှ ရတနာအား တိတ်တဆိတ် စောင့်နေသူ ရှိကြောင်း သိရလျှင် မဲ့ပြုံး ပြုံး၍ နတ်ဆိုးဖန်း အာရုံ သူ့ထံ မရှိကြောင်း သိရလျှင် အခွင့်ကောင်းယူပြီး ပြေးရန် ခွန်အား စိုက်ထုတ်လိုက်၍ ပြေးသွားလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Donde viven las historias. Descúbrelo ahora