အခန်း ၁၃၂ စွမ်းရည်စာအုပ် နောက်တစ်အုပ်

763 63 0
                                    

အခန်း ၁၃၂ စွမ်းရည်စာအုပ် နောက်တစ်အုပ်

ဘာသာပြန်.Soul

တန့်လန် ထွက်သွားသည်နှင့် စုပင်း တုန်ယင်နေသော တောင်ပံသားရဲအား စောင့်ရှောက်ရေး ကွက်လပ်ထဲ ထည့်လိုက်၏။

လက်ရှိတွင် သားရဲများကို ၎င်းတို့သခင်များ ပြန်လာခေါ်ရန် စောင့်နေရပြီး ကျောင်းဆင်းချိန်အထိ စောင့်ရမည် ဖြစ်သည်ကတစ်ကြောင်းနှင့် ထိုကြားထဲ ဝယ်သူများ သိပ်မလာခြင်းကြောင့် ကိုယ်ပွားအား နောက်ထပ်သားရဲများကို လေ့ကျင့်ခိုင်းလိုက်ပြီး စောင့်ရှောက်ရေး ကွက်လပ်အား စုပင်း ရှင်းနေလိုက်သည်။

ထို့နောက်တွင် စနစ်၏ဆိုင်အား ဖွင့်ကြည့်ကာ ယနေ့အတွက် ဘာများ အသစ်ရမလဲ ကြည့်လိုက်မိသည်။ သို့သော်လည်း ခွန်အားတိုးဆေးလုံးနှင့် သားရဲဖမ်းလက်စွပ်အား မတွေ့ရ၍ စုပင်း အနည်းငယ်စိတ်ပျက်သွားသည်။ထိုစဥ် ထောင့်စွန်းရှိ စာအုပ်တစ်အုပ်ကို စုပင်းသတိထားမိသွားသည်။၎င်း၏ အဖုံးပေါ်၌ အလယ်အလတ်သားရဲအစာ ခွဲခြားခြင်းစာအုပ်ဟု ရေးထားကြောင်း စုပင်း တွေ့လိုက်ရလေ၏ ။

ထိုသို့စာအုပ်မျိုးကို  စနစ်၏ဆိုင်တွင် ပထမဆုံးအကြိမ် ရောင်းခြင်းဖြစ်သည်။၎င်းမှာ သားရဲစစ်သည် အတွက် တိုက်ခိုက်ရေးအမျိုးအစားမဟုတ်ပဲ အကူအညီ စွမ်းရည် အမျိုးအစား ဖြစ်ကြောင်းနှင့် စျေးနှုန်းမှာ စွမ်းအင်အမှတ် တစ်သောင်းဖြစ်ကြောင်း စုပင်း တွေ့လိုက်ရလေ၏ ။

"ဆိုင်မှာ စွမ်းရည်စာအုပ် ရောင်းတာလား" စုပင်း စိတ်ထဲ မေးကြည့်လိုက်လျှင် (မှန်ပါတယ်) စနစ်မှ ဖြေလာခဲ့လျှင် စုပင်း စိတ်လှုပ်ရှားလာ၏ ။

စုပင်း ပြန်ပြောင်းရန် ခလုတ်အား ကြည့်ကာ တစ်ရက်လျှင် စွမ်းအင်အမှတ် ထောင်နှင့်ချီကာ ဝင်နေ၍ ရာဂဏာန်း အနည်းငယ်မှာ သူ့အတွက် မသိသာ၍ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏ ။

ခလုတ်အား မနှပ်ခင် စွမ်းရည်စာအုပ်အား အရင် ဝယ်လိုက်ကာ စနစ်မှ အခမဲ့ ပေးခဲ့သော အငယ်တန်း စွမ်းရည်ထက် သာလွန်ကာ ပျိုးထောင်ခြင်း နယ်မြေများတွင် ယခင်ကဲ့သို့ မသိ၍ ကျော်မသွား၍ ရပြီဖြစ်ကြောင်းနှင့် ဆိုင်ရှိ စျေးကြီးသော အရာများမှာလည်း အရောင်လှသည့် ရောက်တတ်ရာရာ ကောက်လာခြင်းမှ ရရှိခဲ့ကြောင်း စုပင်း နားလည်နေ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Όπου ζουν οι ιστορίες. Ανακάλυψε τώρα