အခန်း ၁၂၉ သံသယ

723 73 0
                                    

အခန်း ၁၂၉ သံသယ

ဘာသာပြန်.Soul

စုပင်း ကျောက်ကမျဥ်းကောင်ကိုယူပြီး အရှေ့ကိုပြန်ထွက်လာချိန် သူ့သားရဲ ၏ ပုံပန်းသဏ္ဍာန် ပြောင်းလဲခြင်း မရှိလာ၍ တစ်ရက်တာမျှ လေ့ကျင့်ရုံဖြင့် မည်မျှ ပြောင်းလဲနိုင်သနည်းဟု နင်းကျန် စိတ်ထဲ အပြစ်တင်မိလိုက်သည်။

"ဒီဆိုင်ရဲ့ လေ့ကျင့်ရေးအချိန်က မတိုလွန်းဘူးလား" နင်းကျန့် စုပင်း၏ နောက်ခံနှင့် ခွန်အားကြောင့် ပေါ်တင် မစွပ်စွဲသော်လည်း ယခင် လေးစားမှုများ လျော့ပါးသွားသော လေသံဖြငိ့ မေးလိုက်၏ ။

ထို့အပြင် စုပင်းမှာ သူ၏ ဆရာဟူသော ဂုဏ်ပုဒ်ကို အသုံးချပြီး လုပ်စားနေသည်ဟုလည်း ယုံကြည်လာ၏ ။

နင်းကျန့် စပြောလျှင် အခြားသူများလည်း ခေါင်းညှိမ့် ထောက်ခံကာ တစ်စုံတစ်ယောက်မှ မကျေနပ်ကြောင်း အသံတိုးတိုးနှင့် ပြောနေ၏။

စုပင်းမှာ ယခင်လည်း ထိုသို့ စွပ်စွဲခံရဖူး၍ တမင်ပြဿနာ ရှာခြင်းမဟုတ်ပဲ တစ်ဖက်လူက လေ့ကျင့်ရေး၏အကျိုးကျေးဇူးများကို စိတ်မချ၍ဖြစ်ကြောင်း နားလည်၍ မျက်ခုံးပင့်ကြည့်လိုက်၏ ။

စုပင်း အချိန်ဖြုန်းမနေပဲ နင်းကျန့် ခြေထောက်နားတွင် ဝပ်နေသော ကျောက်ကမျဥ်းကောင်အား တတ်မြောက်လာသော အစွမ်းကို သုံးခိုင်းလိုက်လျှင် အကျင့်ဖြစ်နေသည့်အတိုင်း စုပင်း အသံကြားသည်နှင့် အစွမ်းအား သုံးလိုက်၏ ။

ဝှီးခနဲ အသံနှင့် ဓားပျံပုံစံနှင့် သစ်ရွက်ကဲ့သို့ ပါးလွှာသော အရာနှစ်ခု ကျောက်ကမျဥ်းကောင် နောက်မှ ထွက်လာပြီး ဆိုင်နံရံနှင့် အခြားအရာများအား ခုတ်ဖြတ်လိုက်၏ ။

ထို ကျောက်သစ်ရွက်ဓားပျံ သုံးလိုက်လျှင် ရှိနေသူများ သားရဲ ထိန်းချုပ်မှု လွတ်သွားပြီ အထင်နှင့် လန့်နေစဥ် နင်းကျန့်မှာလည်း မယုံကြည်နိုင်သော အကြည့်နှင့် ကြည့်နေ၏ ။

နင်းကျန့်မှာ သူ့ ကျောက်ကမျဥ်းကောင် အကြောင်း သိနေကာ ယခင် ကျောက်မျဥ်းကောင်များ၏ ပါရမီမြင့်သော သားရဲများ သုံးနိုင်ပြီး အစွမ်းထက်ဆုံး ကျောက်သစ်ရွက်ဓားပျံအား မသုံးနိုင်​ကြောင်း သိနေ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now