အခန်း ၁၃၉ အကုန်ရှုံးသွားတယ်

730 66 0
                                    

အခန်း ၁၃၉ အကုန်ရှုံးသွားတယ်

ဘာသာပြန်.Soul

"အမ်...ပရော်ဖက်ဆာ ၊ ကျောင်းမှာ သားရဲ ချစ်ကြည်ရေးပွဲ ရှိနေတယ် ။ ချုပ်ထိန်းမဲ့ဓား ကျောင်းနဲ့ ကျတော်တို့ ကျောင်းနဲ့ ။ ဒါပေမဲ့ ဒီနေ့ပွဲတွေက ပြီးသွားပြီ ။ ကြည့်ချင်ရင် မနက်ဖြန်မှ သွားပါ ။ မနက်ဖြန်ကျ ပိုကောင်းတဲ့ ပွဲတွေ စီစဥ်ထားတယ်တဲ့ ။ ကြားရတာတော့ ယီဟိုလဲ မနက်ဖြန်မှ သူ့ပွဲ ရှိမယ်ပြောတယ်" ထိုကျောင်းသားက ပြောလိုက်သည်။

"ငါတစ်ခုခု သိဖို့လိုတာ ရှိသေးလား" စုပင်း ပွဲပြီးသည်ပင် ကျောင်းသားများ ရောက်မလာခြင်းကြောင့် မေးကြည့်ရာ "မရှိပါဘူး" ကျောင်းသား ဖြေလာ၍ စုပင်း မျက်မှောင်ကြုံ့ပြီးကြည့်နေစဥ် ထိုကျောင်းသား ထွက်သွားလိုက်၏။

ထိုနောက်တွင် ဆိုင်သို့ သားရဲလာယူသူနှင့် လေ့ကျင့်ရေးအပ်နှံသူ အချို့သာ ရောက်လာကြ၏။ပုံမှန်အတိုင်း ဆယ်ခွဲအထိ စောင့်ပြီးနောက် ကိုယ်ပွားအား လေ့ကျင့်ခိုင်းထားပြီး  ဆိုင်ပိတ်ပြီး စုပင်း အိမ်ပြန်လိုက်သည်။

အိမ်ပြန်ရောက်လျှင် ဧည့်ခန်းထဲ စုလင်းယွဲ့သာ တွေ့ရပြီး သူ့မိခင်အား မတွေ့ရ၍ စုပင်း မေးရန် ပြင်လိုက်စဥ် "နောက်ကျနေလို့ အမေ့ကို အိပ်ခိုင်းလိုက်တယ် ။ ညစာက စားပွဲပေါ်မှာ ။ မီးဖိုပေါ် နွှေးပြီး စားလိုက်တော့" စုလင်းယွဲ့ လှည့်ကြည့်ကာ ပြောလာလျှင် စုပင်း ခေါင်းညှိမ့်ပြီး ပြောသည့်အတိုင်း လုပ်လိုက်၏ ။

"စုပင်း ဟင်းနှင့် စားပွဲတွင် ထိုင်လိုက်ချိန် စုလင်းယွဲ့ ရေတစ်ခွက်နှင့် ရောက်လာကာ "ငရဲမီးနဂါးက ရှိသေးလား" မေးလာလျှင် "အမ်...ကြည့်ချင်လို့လား" စုလင်းယွဲ့ အစ တွေ့ချင်သော်လည်း စုပင်း မေးခြင်းကြောင့်  တွေ့ချင်စိတိ ပျောက်သွား၏ ။

"မလိုဘူး ။ ငရဲမီးနဂါးများ လိုင်းပေါ်မှာ ရှာကြည့်လို့ ရတယ်" စုလင်းယွဲ့ ပြောလာ၍ စုပင်း ခေါင်းညှိမ့်ရင်း သဘောတူကြောင်း ပြလိုက်၏ ။

"ဒီနေ့ ကျောင်းရဲ့ ပွဲတွေအကြောင်း ကြားသေးလား" စုလင်းယွဲ့ မေးလာလျှင် စုပင်း မော့မကြည့်ပဲ တစ်စုံတစ်ခုအား ရေရွတ်နေ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now