အခန်း ၈၂ အထင်ကြီးဖွယ် ထွက်ပေါ်လာခြင်း

738 83 0
                                    

အခန်း ၈၂ အထင်ကြီးဖွယ် ထွက်ပေါ်လာခြင်း

ဘာသာပြန်.Soul

စင်နှင့်အနီးဆုံး ခုံတန်းများတွင် အရေးကြီးပုဂ္ဂိုလ်များနှင့် ပွဲစဥ်ကိုထိန်းချုပ်နေကြသူအချို့ ထိုင်နေကြ၏။တန်ဖိုးကြီးသစ်သီးများကို ​ရှေ့တွင်ရှိသောစားပွဲတွင် တင်ထားပြီး တစ်ခုချင်းစီက ခန့်မှန်းချေဒင်္ဂါး တစ်ရာခန့်တန်ဖိုးရှိသည်ဟုထင်ရသော်လည်း မည်သူကမျှ လှည့်မကြည့်ချေ ။

"မီးသရဲသားရဲ ပိုင်ရှင် မိန်းကလေးရဲ့ တုံ့ပြန်တာ မြန်တယ် ။ လေ့ကျင့်ပေးရ တန်လိမ့်မယ်"
"ဒီနှစ်တော့ ပါရမီသိပ်အဆိုးကြီးမဟုတ်တဲ့ ကျောင်းသား နှစ်ယောက် ပဲရလိုက်တယ် ။ နောက် နှစ်နှစ်လောက်မှ ပြန်လာကြည့်ရမယ်"
"ဘာလို့ အလုပ်ရှုပ်ခံဦးမှာလဲ ။ နောက်ကွယ်ကနေပြီး စာချုပ်ချုပ်တတ်တယ်မဟုတ်လား ။ အခုသွားချုပ်ထားလိုက်လေ"
"တကယ်ပါပဲ ။ အားလုံး မျှမျှတတ ဆွဲဆောင်ဖို့ ​သဘောတူထားကြတာကို အရှက်မရှိတဲ့ တစ်ယောက်က  စာချုပ်တွေနဲ့ အာရုံထွေပြားအောင် လုပ်နေတာ ဘယ်လောက် အောက်တန်းကျလိုက်သလဲ"

လူအချို့က မျက်လုံးထဲ ဒေါသမီးများနှင့် ရှုံ့ချပြောနေသော်လည်း ထိုအဖွဲ့မှ နှစ်ယောက်က အခြားသူများ၏စကားကို မကြားသည့်အလား "ဒီနေ့ည မြင်ကွင်းက မူးမေ့ချင်စရာပဲ" တစ်ယောက်မှ ရယ်ရင်း ပြောလိုက်၏ ။

ဘေးတွင်ရှိနေသော ဒုကျောင်းအုပ် ဒေါင်မင်းဆောင်းမှာမှု မျက်နှာထက် အပြုံးများဝေဆာနေခဲ့ကာ စိတ်ထဲ၌ ကျိတ်ပြီး သူမ၏ ကျောင်းသားများအတွက် ဂုဏ်ယူနေ၏ ။ယခင်က ထိုအဖွဲ့များထံသို့ သူမ၏ကျောင်းသားများအား ခေါ်ဆိုပေးရန် ခခယယပြောဆိုနေခဲ့ရပြီး ယခုမှာမှု ထိုအဖွဲ့များမှ သူ့အား ပြန်တောင်းဆိုနေရ၍ ဖြစ်၏ ။

"ဒုကျောင်းအုပ် ၊ ရိုးရိုးသားသား ပြောပါ ။ သူတို့တွေ ခင်ဗျားကို ဘယ်လောက်ပေးထားလဲ" တစ်စုံတစ်ယောက်မှ ဒေါင်မင်းဆောင်းအား ကြည့်ကာ မေးလိုက်ရာ "ဘာကို ပေးရမှာလဲ" နားမလည်ဟန်နှင့် ဖြေလိုက်သည် ။

"ဟမ် ၊ လိမ်နေသေးတာလား"
"ဒုကျောင်းအုပ်ဒေါင် ၊ ဒါက လုံးဝ မတရားဘူး ။ ကျောင်းအုပ်ဆိုရင် လုပ်မှာ မဟုတ်ဘူး ။ အခု အားလုံးအတွက် ညီတူမျှတူ လုပ်ပေးမှာလား မလုပ်ပေးဘူးလား"

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now