အခန်း ၉၈ ငရဲမီးနဂါး

759 77 0
                                    

အခန်း ၉၈ ငရဲမီးနဂါး
ဘာသာပြန်.Soul

စနစ်၏ အပြောအရ အစပြုသူ ကာကွယ်ခြင်း ကာလတွင် တစ်ဆယ်ရာခိုင်နှုန်းသာ ပေးရမည်ဖြစ်၍ နောင်တွင် စွမ်းအင်အမှတ် တစ်သောင်း အပြည့်ပေးရမည်ဖြစ်သောကြောင့် ယခုပဲ ကံစမ်းကြည့်ရန် စုပင်း ဆုံးဖြတ်လိုက်၏ ။

ယခင်တစ်ခေါက်မှ ဥမှာ မပေါက်သေးပဲ စောင့်ရှောက်ရေးခြံအတွင်း ရှိနေကာ ဘာသားရဲ ဖြစ်မည်မှန်း မသိရသေး၍ သားရဲ တိုက်ရိုက် ရခဲ့ပါက အလွန်ကောင်းမည်ဟု စုပင်း တွေးမိနေ၏ ။

"ငါ့ စွမ်းအင်အမှတ်တွေ...တစ်သန်းက ရတဲ့ စွမ်းအင်အမှတ် တစ်သောင်းက ဝိညဥ်ရေကန်ကို အဆင့်မြှင့်လိုက်တယ် ။ အခုတော့ ခုနစ်ထောင်ပဲ ကျန်တော့ ခုနစ်ခါ ကံစမ်းလို့ ရတာပေါ့" စနစ်မှပေးသော မစ်ရှင် လုပ်စရာ ကျန်သေး၍ ထောင်အနည်းငယ် စွမ်းအင်အမှတ် ချန်ရမည်အား စုပင်း တွေးမိနေ၏ ။

ထို့အပြင် အကယ်၍ သားရဲဖောက်ခြင်းသာ ကျရှုံးခဲ့လျှင် စွမ်းအင်အမှတ် တစ်ထောင် ပလုံသွားနိုင်ပြီး ၎င်းမှာ ငွေနှင့် တွက်လျှင် တစ်သိန်းရှိပေသည်။ထိုပမဏာမှာ စုလင်းယွဲ့၏ တစ်နှစိစာ ကျောင်းစားရိတ်နှင့် ညီမျှပြီး အလုပ်သမားများအတွက် နှစ်နှစ် သုံးနှစ်လုပ်အားခဖြင့် ညီမျှကြောင်း စုပင်း သိထား၏။

စုပင်း ဝိညဥ်ရေကန်ရှေ့ တတ်သမျှ မှတ်သမျှနှင့် ရှိသမျှဘုရား အကုန် တကာ သက်ပြင်း တစ်ချက် ရှိုက်ပြီး ဝိညဥ်ရေကန်အား စတင်လိုက်လျှင် စွမ်းအင်အမှတ် တစ်ထောင် လျော့သွားသည်။ထိုစဥ် ရေကန်ထဲ ထွက်လာသော အလင်းမှာ ဒုတိယအဆင့်ထက် ပိုများကာ ကြယ်တာရာ စွမ်းအင်လည်း ယခင်ထက် ဆယ်ဆ များပြားနေကြောင်း  ဘေးမှနေ၍ စုပင်းတွေ့နေရ၏ ။

ခနအကြာ အလင်းများ ပျောက်သွားချိန်၌ ကျောက်ခြင်္သေ့ပေါက် တစ်ကောင်ကို ရေကန်ထဲမှ မီးတောက်ကဲ့သို့ မျက်လုံးနှင့် စိတ်ဝင်စားစွာ သူ့အား ကြည့်နေကြောင်း တွေ့လိုက်ရ၍ သာမာန် အဆင့်ငါး သားရဲသာ ဖြစ်ပြီး အပြင်တွင် ရောင်းလျှင်ပင် တစ်သိန်းသာ ပေါက်စျေးရှိ၍ စုပင်း အကြီးအကျယ် စိတ်ပျက်သွားသည်။

စုပင်း ခြင်္သေ့အား လက်ထဲ ကိုင်ကာ စလိုက်ရာ ၎င်းက သူ့လက်အား ဖြည်းညှင်းစွာ ပြန်ဆော့လာပြီး ခြင်္သေ့၏ ခွေးပေါက်ပုံစံအား ကြည့်ရင်း စုပင်း အနည်းငယ် စိတ်ပြေသွားသည်။ အနည်းငယ်ခန့် ဆော့ကစားပေးလိုက်ကာ ခေါင်းပွတ်ပေးလိုက်ပြီး စောင့်ရှောက်ရေးခြံထဲ သွားထည့်ထားလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now