အခန်း ၇၁ မစ်ရှင် ပြီးဆုံးခြင်း

738 96 0
                                    

အခန်း ၇၁ မစ်ရှင် ပြီးဆုံးခြင်း

ဘာသာပြန်.Soul

"ကြည့်စမ်းပါဦး ။ ငါ့မှာတော့ အခြေချသူ ဖြစ်ဖို့ ရှစ်နှစ် ကြိုးစားလိုက်ရတာ ။ မစ္စတာစု ကတော့ ခရီး တကြောင်းနဲ့တင် ရသွားပြီ" ဖန်ကန်းလီ မနာလို ဖြစ်မိသော်လည်း ယခုမှ စူးစမ်းသူအလုပ်သည် စုပင်းအတွက် ပထမဆုံးအကြိမ်ဖြစ်သော်လည်း ဤတိုင်းဆက်သွားပါက နှစ်ဝက်အတွင်း နာမည်ကြီး တစ်ယောက် ဖြစ်နိုင်မည်မှန်းလည်း သိနေ၏ ။

"ကျွန်တော်တို့ကို အားငယ်အောင် မပြောပါနဲ့ ခေါင်းဆောင်ရယ် ။ကျုပ်တို့ဆို အခုမှ သံအဆင့်ပဲ ရှိသေးတယ်" လီယင်း ရှုံမဲ့ ဟန်ဆောင်ကာ ပြောလိုက်၏။ ဖန်းယူကျင်းမှာ သူ့အား အနားရှိလူများက ပါရမီရှင်အဖြစ် ပြောကြသော်လည်း ယခုစုပင်းနှင့်ယှဥ်လျှင် အရှုံးသမား သာသာ ဖြစ်နေ၍ ပဟေဠိမျက်လုံးများဖြင့် စုပင်းအား ကြည့်နေ၏ ။

မည်သို့ပင်ဖြစ်စေ။စုပင်းက အခြေချသူအနေဖြင့် ယာယီလုပ်ကိုင်ခြင်းသာဖြစ်ပြီး အဆင့်များကို ဂရုမစိုက်သလို အခြေချသူ အစစ်ဖြစ်ရန်လည်း စိတ်မဝင်စားပေ။ထိုအဆင့်သက်မှတ်ခြင်းထက်စာရင်  အကျိုးအမြတ်အမှတ်နှင့် လဲလည်နိုင်သော ပစ္စည်းများသာ စိတ်ဝင်စားနေ၏ ။

ခေါင်းဆောင် အနေနှင့် ဖန်ကန်းလီမှအားလုံးအတွက် တစ်သိန်းစီ ခွဲပေးပြီး ကျန်ရှိသမျှကို စုပင်းအား ပေးလိုက်လေသည်။ စုပင်းမှာ ​မှော်အလောင်းသားရဲအား သတ်ခဲ့သူ ဖြစ်ခြင်းကြောင့် ယခုခွဲဝေမှုမှာ မျှတသည်ဟု ဆိုရမည်ဖြစ်သည် ။

ဖန်ကန်းလီမှာ ခေါင်းဆောင်တစ်ယောက် အနေနှင့် အကျိုးအမြတ်အမှတ် ပိုယူ၍ ရသော်လည်း စုပင်း သို့မဟုတ် စုပင်းနောက်ခံအား အမြင် မစောင်းစေလိုခဲ့ချေ။

စုပင်း တိတ်ဆိတ်စွာ လက်ခံလိုက်၏။ထို့နောက် စူးစမ်းသူများ ဂိုဒေါင်သို့သွားပြီး တစ်သိန်းခွဲအကုန်ကျခံကာ အဆင့်ကိုး အခြေခံ စွမ်းရည်များအား ဝယ်လိုက်ပြီး ရှစ်သိန်း ရှစ်သောင်းတန် ရေစွမ်းအင် အကာအကွယ် ထုတ်ပေးကာ အဆင့်ရှစ်နှင့် အောက် သားရဲတိုက်ခိုက်မှုအား ခံနိုင်ပြီး စိတ်စွမ်းအင်အား ကာကွယ်နိုင်မှု မရှိသော ရေနတ်ဘုရားမ၏ ချီးမြောက်မှုအမည်ရသည့် ခုခံမှု ပစ္စည်းအား ဝယ်လိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now