အခန်း ၁၈၉ ဘွဲ့တံဆိပ်ရ သားရဲစစ်သည် အဆင့်များ

720 68 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၈၉
ဘွဲ့တံဆိပ်ရ သားရဲစစ်သည် အဆင့်များ

ဘာသာပြန်. Soul

"မစ္စတာရှုဟိုင်က  ဉ္စာဓနကြွယ်ဝတဲ့သူတင်မကဘူး တကယ်ကို ရက်ရောတဲ့သူပဲ။ တစ်ဘီလီယံဆိုတဲ့ ပမာဏကို ဘာမှ မဟုတ်သလို ပေးလိုက်နိုင်တယ်" ချင်ရှုဟိုင် အတွေးမများပဲ ထိုမျှလောက် များပြားသော ငွေပမာဏအား မျက်တောင်မခတ်တမ်း ပေးလိုက်သည်ကိုမြင်ပြီး တစ်ယောက်မှ မနာလိုသံနှင့် ပြောလာ၏။ လူများလည်း ထိုစကားအား ထောက်ခံသည့်အနေနဲ့ ခေါင်းညှိမ့်လိုက်ကြသည်။

ယခုကဲ့သို့ အခြေအနေမျိုးဖြင့် ကြုံလာလျှင် များစွာသော ငွေပမာဏအား သုံးရမည့် အခြေအနေမျိုး ရှိတတ်ခြင်းကြောင့် ဘွဲ့တံဆိပ်သားရဲစစ်သည်များသည် ကြွယ်ဝချမ်းသာသောသူများဖြစ်ကြ၏။သို့သော် ဘွဲ့တံဆိပ်ရသားရဲစစ်သည်များအတွက်ပင် တစ်ဘီလီယံဆိုသော ပမာဏမှာ များလှသော ပမာဏ မျိုးပင် ဖြစ်သည်။ထိုကြောင့် အကယ်၍ ဘွဲ့တံဆိပ်ရသားရဲစစ်သည်များ လိုချင်သည့်အရာများပြားနေခဲ့လျှင် ခနအတွင်း တစ်ဘဝလုံး စုဆောင်းထားသမျှ ကုန်ဆုံးသွားနိုင်ချေရှိကာ ရှိစုမဲ့စုမများပင် ရောင်းချရန် လိုအပ်လာနိုင်၏။

"ကြွားတယ်လို့တော့ မထင်နဲ့။ကျွန်တော့်က ကြယ်တာရာ ပြည်ထောင်စုဘဏ်မှာ ကြယ်နှစ်ပွင့် VIP အကောင့် ရှိတယ်လေ။ဒါ့ကြောင့် ဆယ်ဘီလီယံအောက်ဆိုရင် ချက်ချင်း ပေးနိုင်တယ်" ချင်ရှုဟိုင် ပြောလာ၏ ။

သာမာန် ဘဏ်များတွင် ထိုမျှ ငွေပမာဏအား လွှဲမည်ဆိုလျှင် များစွာ ဖြေရှင်းရမည် ဖြစ်သော်လည်း ပြည်ထောင်စုဘဏ်မှာ အခြား ဂြိုလ်ပေါ်ရှိ ဗဟိုအစိုးရမှ ကိုလိုနီများ ရှိနေသည့် နေရာတိုင်း ရုံးနှင့် ဘဏ်ခွဲများ ရှိနေ၍ အလွန်ပင် နာမည်ကြီး၏ ။

စုပင်း ခေါင်းညှိမ့်ကာ ရိုးရှင်းသော စွမ်းအင် အတားအစီးတစ်ခု ပြုလုပ်၍ ဖုန်းမှ အကောင့်နံပါတ်အား မက်ဆေ့ ပို့လိုက်၏ ။

ဘွဲ့တံဆိပ်ရ သားရဲစစ်သည်များသည် ပိုပို အသုံးပြုရ လွယ်ကူစေရန် ပြည်ထောင်စုဘဏ်မှ VIP အကောင့် လျှောက်၍ ရနေခြင်းကြောင့် စုပင်း၏ လုံကျန်းရှိ သာမာန် ဘဏ်မှ အကောင့်ဖြစ်ကြောင်း သိရလျှင် ချင်ရှုဟိုင် အံ့ဩသွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now