အခန်း ၁၁၆ တိုးတက်လာမှု

749 64 0
                                    

အခန်း ၁၁၆ တိုးတက်လာမှု

ဘာသာပြန်.Soul

နဂါးဘုရင်၏ အမွေအနှစ်နယ်မြေအထဲတွင် တစ်ရက်တာ ကုန်ဆုံသွားပြီဖြစ်သောကြောင့် ပင်ပန်းနေသော ခန္ဓာကိုယ်နှင့် စုပင်း ဆိုင်ထဲသို့ ပြန်ရောက်လာခဲ့သည်။ ပြင်ပလောကတွင်မှု တစ်နာရီသာ ကုန်ဆုံးသွားခဲ့ပြီး အရိုးခြောက်ကလေးမှလွဲ၍ အခြားသားရဲသုံးကောင်မှာ အပြောင်းအလဲ ဖြစ်လာခဲ့သည်။

ယခင်က ငရဲမီးနဂါးမှာ အကောင်ပေါက်မျှသာရှိပြီး အဆင့်သုံးသာ ရှိသေးသော်လည်း ယခုမှာမှု နဂါးများ၏ သီးသန့် အရှိန်အဝါတစ်ခု ရှိနေပြီ ဖြစ်သည်။ထိုအပြင် နဂါးအကြေးခွံ နယ်မြေ တစ်ခုတွင် ကျောက်မျိုးနွယ် သားရဲတစ်ကောင်နှင့် တိုက်ခိုက်ရင်း  ရန်သူများကို ကြားရုံနဲ့တင် ထွက်ပြေးသွားစေနိုင်သည် နဂါးဟိန်းသံစွမ်းရည်အား တတ်မြောက်လာခဲ့သေး၏။  ဆိုးသော အချက်မှာ မဖွံ့ဖြိုးသေးသော သူ့လည်ချောင်း မခံနိုင်၍ အကြိမ်များစွာ သုံး၍ မရခြင်းပင် ဖြစ်သည် ။

လစန္ဒာခွေးမှာ ယခင်ထက် သတ္တိ ပိုရှိလာကာ နဂါးစွမ်းအင်များကြောင့် ယခင်နှင့်မတူပဲ အခြားသော အဆင့်မြင်သားရဲများကို တိုက်ခိုက်ရဲလာ၏။ထိုအပြင် တစ်ဖက်ရန်သူက နဂါးမျိုးနွယ်သားရဲမဟုတ်ပါက ၎င်းက ​ရှေ့ဆုံးမှ ပြေးကာ ဦးဆောင် တိုက်ခိုက်ပြီး ကျသွားသော သိက္ခာအား ပြန်လည် အဖတ်ဆယ်ရန် ကြိုးစားနေခြင်းကြောင့် အကြိမ်ကြိမ် သေခဲ့သော်လည်း အလယ်အလတ်အဆင့် စွမ်းရည်နှစ်ခု တတ်မြောက်လာ၏ ။

ခရမ်းရောင်မြွေမှာလည်း အလွန် ကြိုးစားကာ အဆင့်နှစ် ရောက်လာပြီး အကြေးခွံများလည်း ပိုမာလာ၏။

စုပင်းမှာ ပြန်လာရန် ဆန္ဒ မရှိသော်လည်း စိတ်ပင်ပန်းမှုကြောင့် အနားယူရန်နှင့် သူ့သားရဲများ ရလာသော အတွေ့အကြုံကို ကျေညက်စေရန်အပြင် အဆင့်မြင့် သားရဲ သိပ်မရှိ၍ အရိုးခြောက်ကလေး၏ အချိန် ဖြုန်းသလို ဖြစ်သည် ထင်ခြင်းကြောင့် ထားခဲ့ရန် ဆုံးဖြတ်ချက်များကြောင့် ဖြစ်၏ ။

သားရဲများအား စောင့်ရှောက်ရေးခြံထဲ ထည့်ပြီးလျှင် စုပင်းလည်း ကြယ်တံခွန်ဇယား နည်းလမ်းအား ကျင့်ကြံရင်း ဆိုင်ဖွင့်ကာ ဝယ်သူ စောင့်နေလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Wo Geschichten leben. Entdecke jetzt