အခန်း ၁၂၅ စုပင်း၏ နဂါးဟိန်းသံ

742 68 0
                                    

အခန်း ၁၂၅ စုပင်း၏ နဂါးဟိန်းသံ

ဘာသာပြန်.Soul

"နင်နဲ့ ပါလာတဲ့သူက ဘယ်သူလဲ ရှုကွမ်း" မိန်းကလေးမှ ဖျော်ရည်သောက်ရင်း ရှုကွမ်းနောက်ရှိ စုပင်းအား သတိထားမိကာ မေးလာ၏ ။

သူတို့အားလုံး အေးရိစ်သင်တန်းကျောင်းတွင် တက်နေကြသူများဖြစ်သည့်အပြင် အိမ်ယာ တစ်ခုထဲတွင် နေထိုင်ခြင်းကြောင့် ရင်းနှီးနေကြသူများ ဖြစ်သည်။မိန်းကလေး၏ စကားကြောင့် ကျန်ယောက်ျားလေး နှစ်ယောက်လည်း စုပင်းကို သတိထားမိသွားကာ နေထိုင်သူ အသစ်လား အေးရိစ် သင်တန်းကျောင်းမှ ကျောင်းသားလားဟု တွေးနေကြ၏ ။

ရှုကွမ်းလည်း စုပင်းမှာ သူခေါ်ထားသော သီးသန့် သင်ကြားသူ ဖြစ်ကြောင်း ပြောပြပါက နောင်ကျောင်းတွင် မျက်နှာပြစရာ မရှိတော့မည် ဖြစ်ကြောင်းအား တွေးမိကာ အကြီးအကျယ်ရှက်နေ၏ ။

"သူငယ်ချင်းပါ" ရှုကွမ်း အကြောင်းပြချက် တစ်ခုသာ ပေးလိုက်ပြီး ပို၍ အရှက်ရမည် စိုးခြင်းကြောင့် စုပင်းက သူ့ကို ခြိမ်းခြောက်ထားသည်ကိုလည်း ထုတ်မပြောပြလိုက်ချေ ။

စုပင်းမှာ အိမ်ယာထဲ လာရောက်နေထိုင်သူ အသစ်မဟုတ်ခြင်းကြောင့် သူတို့နှင့်တူညီသည့် အခြားနောက်ခံအင်အားနှင့် ခွန်အားရှိသူများနှင့် ဖွဲ့ထားသော အဖွဲ့ငယ်များမှ မဖြစ်နိုင်ကြောင်း သိရ၍ ထိုသုံးယောက် စိတ်ဝင်စားမှု လျော့ကျသွားသည်။

"အနားယူနေကြတာလား။ငါနဲ့ ငါ့သူငယ်ချင်း ဒီမှာ စမ်းကြည့်မလို့" ရှုကွမ်း ပြောလိုက်ရာ "အင်း" "နောက်မှတွေ့မယ်" ပြောလာကာ ယခင် စကားအား ဆက်ပြောနေကြ၏ ။

စုပင်း ရှုကွမ်းမှ သူ့အား မဟုတ်ကဟုတ်ကနှင့် အချိန်မကုန်စေချင်သည် ထင်၍ ဝမ်းသာစွာ လေ့ကျင့်ရေးကွင်းသို့ နောက်မှ လိုက်သွားလိုက်၏ ။

လေ့ကျင့်ရေးကွင်းတွင် ရေကန် ၊ ချော်ရည် ၊ မြက်ခင်း ၊ သစ်တော အစရှိသည့် ပတ်ဝန်းကျင်များ ရွေးခြယ်နိုင်ကာ လေ့ကျင့်ရေးအတွက် အလွန်သင့်တော်ခြင်း ရှိပေသည် ။

ရှု့ကွမ်း လေ့ကျင့်ရေးကွင်းထဲ ဝင်သွားပြီး တံခါးရှေ့ရှိသတ္ထုစက်တွင် ကတ်ကိုထည့်ကာ လျှို့ဝှက်နံပတ် နှိပ်ပြီး တံခါးကိုပြန်ပိတ်လိုက်သည်။ထို့နောက် လေ့ကျင့်ကွင်းအလယ်သို့ လျှောက်လာရင်း သူ၏သားရဲအား ဆင့်ခေါ်လိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now