အခန်း ၁၄၄ ငရဲမီးနဂါး ​ရှေ့ထွက်မယ်

736 66 0
                                    

အခန်း ၁၄၄ ငရဲမီးနဂါး ​ရှေ့ထွက်မယ်

ဘာသာပြန်.Soul

ထိုအခိုက်တွင် ဖေးယန်ဘိုတစ်ယောက် စုပင်းအား ကြည့်ပြီး လက်ခံရန် ခက်ခဲနေ၏ ။

ဖေးယန်ဘိုမှာ ဆယ်စုနှစ် တစ်ခုစာ အဆင့်ခုနစ်တွင် ရပ်တန့်နေသူ ဖြစ်သည်။ ထို့ကြောင့် အဆင့်ရှစ် သားရဲစစ်သည် ဖြစ်ရန်ပင် မည်မျှ ခက်ခဲကြောင်း သိနေ၏။ဤသည်ကို စုပင်းလို အဆင့်ကိုး သားရဲစစ်သည်တစ်ယောက်အား သူ စိန်ခေါ်ခဲ့မိကြောင်း ရိပ်စားမိပြီး ကြောက်စိတ်နှင့်အတူ ရှက်စိတ်ကြောင့် မျက်နှာ ပျက်ယွင်းနေ၏။။

အရှုံးပေးပြီး တောင်းပန်ရန် အတွေး ဝင်ခဲ့သော်လည်း ယီဟိုကဲ့သို့ ကျောင်းသားတစ်ယောက်ပင် ဖီးနစ်တောင်ထွတ်၏ ဂုဏ်သိက္ခာအတွက် အသ်ကို ပဓာန မထားပဲ တိုက်ခိုက်နေ၍ သူကိုယ်တိုင်မှာ ဂုဏ်အသရေရှိ ပရော်ဖက်ဆာ ဖြစ်နေခြင်းကြောင့် ထိုအတွေးအား ဖေးယန်ဘို ဖယ်ထုတ်လိုက်၏ ။

ထို့အပြင် ယခုပွဲမှာ အသေသတ်ရန် မဟုတ်၍ စိုးရိမ်စရာ သိပ်မရှိဟု ဖေးယန်ဘို သူ့ကိုယ်သူ ဖြေသိမ့်လိုက်၏။

ဖေးယန်ဘိုအပြင် လျိုဖန်းထျန်းမှာ ယခင် စုပင်း၏ ငရဲမီးနဂါးအား ကြည့်ပြီး ခွန်အား လိုက်မှီမည် ထင်ထားရမှ ယခု နားလည်လာ၍ ဆွံအသွား၏ ။

လျိုဖန်းထျန်းမှာ အနီးရှိ လူအားလုံးမှ သူ့ကို မည်မျှ တော်ကြောင်း ချီးကျူးခဲ့ရာမှ ယခု စုပင်းအား တွေ့ရလျှင် သူ၏ ဂုဏ်ယူစရာများ ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရပြီး အံ့ဩခြင်း ၊ နာကြင်ခြင်း ၊ ဝမ်းနည်းခြင်းများ စုပြုံကာ သူ့စိတ် လှုပ်ခတ်လာ၏ ။

စုပင်း ရှိနေသူ အားလုံးကို ကြည့်ကာ သူ မရည်ရွယ်ထားသည့် အကျိုးသက်ရောက်မှုအား နားလည်သွားသော်လည်း ရှင်းပြလိုစိတ် မရှိကာ အခြားသူများ မေးမလာလျှင် သူ့အချိန် ကုန်ရန် မလိုဟုပင် တွေးနေ၏ ။

"စတော့မလား" စုပင်း မေးကြည့်လိုက်လျှင် ဖေးယန်ဘို စိတ်ဓာတ်ကျစရာ စိတ်ကူးများမှ ပြန်ထွက်လာပြီး သက်ပြင်းရှိုက်ကာ "နှစ်ယောက်လုံး ထွက်သွားတော့" လျိုဖန်းထျန်းနှင့် ယီဟိုအား ပြောလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now