အခန်း ၁၁၀ ရိုက်ခတ်မှု/လှုပ်ခတ်မှု

756 84 0
                                    

အခန်း ၁၁၀ ရိုက်ခတ်မှု/လှုပ်ခတ်မှု

ဘာသာပြန်.Soul

လျိုကုဆူးထံမှ ​မှော်အလောင်း သားရဲအား စုပင်း သတ်ရာ ထူးခြားသော အရိုးခြောက် အသုံးပြုသွားကြောင်း ဒေါင်မင်းဆောင်း ကြားခဲ့၍ မသေမျိုးများနှင့် ပက်သက်၍ စာအုပ်တွင် မပါသော အရာများ သိနိုင်မည်ဟု တွေးမိ၍ သဘောတူလိုက်၏ ။

ကျန်သည်မှာ စုပင်းအပေါ် မူတည်နေပြီး သူဝင်ကူ၍ မရတော့ကြောင်း ဒေါင်မင်းဆောင်း သိနေ၏ ။

ခနအကြာ ဖန်းရန်းကျင်း အသိပေးချက်ကြောင့် ကျောင်းသားများ အဆင့်မြင့် ဆရာအသစ် ရောက်နေကြောင်း သိကာ လက်ချာပေးမည့်အကြောင်း ပထမနှစ် ကျောင်းသားများအတွင်း ပြန့်နှံ့သွားကာ ကျောင်း၏ ဝဘ်ဆိုက်တွင် ရှာကြည့်၍ အသက်အား တွေ့လျှင် အံ့ဩကုန်၏ ။

ဝဘ်ဆိုက်တွင် စုပင်း၏ နာမည် ၊ အသက် ၊ ရရှိခဲ့သော အောင်မြင်မှုအကြောင်း အကျဥ်းချုပ် ရေးထားရာ ရရှိခဲ့သော အောင်မြင်မှု နေရာတွင် သာမာန် မဟုတ်သော အဆင့်ရှစ် အမြင့် ​မှော်အလောင်း သားရဲအား သတ်နိုင်ခြင်းသာ ဖော်ပြထား၏ ။

ထိုအချက် တစ်ချက်နှင့်ပင် အားလုံး အံ့အားသင့်ကာ စုပင်း၏ အသက် ဆယ့်ရှစ်နှစ်အား ကြည့်ပြီး ဆရာများပင် အံ့ဩကုန်၏ ။

ထိုအံ့ဩခြင်း ပြီးလျှင် ထူးဆန်းသော အဆင့်မြင့် ဆရာအသစ်အား စိတ်ဝင်စားကာ အဖြစ်မှန်အား သိချင်လာပြီး သူတို့၏ ကျောင်းသားများအား စုပင်း လက်ချာသို့ အမြင်ကျယ်စေရန် သွားတက်ဖို့ တိုက်တွန်းကြ၏ ။

ခနအကြာ ထိုသတင်းက ပထမနှစ် ကျောင်းသားများထံ ပြန့်သွားကာ ဆရာအသစ် ၊အသက် ဆယ့်ရှစ်နှစ်ဟူသော စကားလုံးများကြောင့် စိတ်ဝင်စားသူ ပိုများလာခဲ့သည်။

အဓိက အာရုံစိုက်ခံရသည်မှာ စုပင်း၏အသက်ပင်ဖြစ်သည်။အခြားသော အဆင့်မြင့်ဆရာများထံမှ အသန်မာဆုံးဖြစ်သည် ချင်ယွမ်းဖန်းသည် အဆင့်ကိုး သားရဲစစ်သည် ဖြစ်သည့်အပြင် ​မှော်အလောင်း သားရဲအား သတ်နိုင်စွမ်းရှိသူတစ်ဦး ဖြစ်သည်။သို့သော်လည်း သူ၏အသက်မှာ လေးဆယ်ဖြစ်ကာ စုပင်းမှာမှု ယခုမှ ဆယ့်ရှစ်နှစ်သာ ရှိသေး၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now