Chapter(4):အေတြးမ်ား အတွေးများ

7.2K 1.3K 12
                                    

Zawgyi

လျိုထုံက သူ့ရဲ့ဘယ်ဘက်လက်မှာ ရစ်ငှက် တစ်ကောင်နှင့် ညာဘက်လက်မှာရှုရန်အတွက် ဆေးထုပ်လေးနှစ်ထုပ်သယ်ပြီးတော့ မွန်းတည့်ခါနီး အချိန်မှာ အိမ်ပြန်ရောက်လာခဲ့တယ်။

လျိုထုံအိမ်ထဲဝင်လိုက်တဲ့အချိန်မှာ ကျန်းယွဲ့က မြင်သွားပြီးတော့ လျိုထုံရဲ့လက်ထဲမှာ ရစ်ငှက် ကိုတွေ့လိုက်တော့ အတော်ပျော်သွားတယ်။ သူတို့ ​တွေလယ်ထဲမှာ မကြာခဏအလုပ်များနေတော့ လျိုထုံက တောင်ပေါ်တက်ပြီး အမဲမလိုက်နိုင်ဘူး။ သူတို့အသားမစားရတာ အချိန်အကြာကြီး ဖြစ် နေပြီ။

ကျန်းယွဲ့ကလျိုထုံရဲ့တစ်ခြားလက်ထဲက ဆေးထုပ် ကိုမြင်လိုက်တော့ ချက်ချင်းပြောလိုက်တယ်။ "ဘာလို့ဆေးတွေဝယ်လာပြန်တာလဲ? အဲ့တာက အသုံးမဝင်ဘူး။ အဲ့အစား အသားများများ ပိုဝယ် လာသင့်တယ်။"

လျိုထုံကသူ့မျက်နှာပေါ်မှာ ဘာအမူအရာမှမရှိပဲ့နှင့် ကျန်းယွဲ့ကိုကြည့်ပြီးတော့ "ငါ့လမ်းကနေဖယ် မဟုတ်ရင် ငါ့လက်ထဲမှာရှိတဲ့ရစ်ငှက်ကိုလည်း ရောင်းလိုက်မယ်။"

ကျန်းယွဲ့ကလျိုထုံ့ပြောစကားတွေကြောင့် တစ်စုံ တစ်ခုပြန်ပြောချင်ပေမယ့်လည်း နောက်ဆုံးမှာတော့ လျိုထုံ့လက်ထဲမှာရှိတဲ့ အသားကိုစဉ်းစားမိပြီးတော့ တွန့်ဆုတ်စွာနှင့်ပဲ့ နောက်ဆုတ်လိုက်ရတယ်။

လျိုထုံကရစ်ငှက်ကို မီးဖိုချောင်ထဲယူသွားပြီးတော့ သူ့အခန်းထဲဝင်သွားတယ်။

ရှုမိသားစုရဲ့ဘဝက အရမ်းခက်ခဲတယ်။ ရှုချိန်က တစ်နေကုန်ဘာအလုပ်မှမလုပ်ဘဲ အသုံးမကျတဲ့လူ တစ်ယောက်ဖြစ်နေချိန်မှာ ကျန်းယွဲ့ကလည်း အစား စားဖို့ပဲ့သိတဲ့လူတစ်ယောက်ဖြစ်နေတယ်။ လယ်ထဲ မှာအချိန်တိုင်းစိုက်ပျိုး​နေရတဲ့လူက ဒီမိသားစုရဲ့ သက်ကြီးပိုင်းတွေနှင့် လျိုထုံပဲ့ဖြစ်တယ်။ သို့သော်လည်း ရှုမိသားစုရဲ့ သက်ကြီးပိုင်းရှုစုံတွဲက အိုလာပြီဖြစ်လို့ အရင်ကလိုမလုပ်နိုင်တော့ဘူး။ အဲ့တာကြောင့် ဒီဝန်ထုပ်ကြီးက နောက်ဆုံးတော့ လျိုထုံ့ခေါင်းပေါ်ကိုပဲ့ ကျလာတယ်။

ဒါပေမယ့် အဲ့လိုဖြစ်နေတာတောင်မှ ရှုမိသားစုက အဲ့တာကသူလုပ်ရမယ့်တာဝန်လို့တွေးပြီး လျိုထုံ ကိုမကြိုက်တုန်းပဲ့။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now