Chapter(90):အိမ်သို့ ပြောင်းရွှေ့ နေထိုင်ခြင်း-1

2K 302 4
                                    

Zawgyi

Chapter(90):အိမ်သို့ ပြောင်းရွှေ့ နေထိုင်ခြင်း-1

နေ့လယ်စာ စားကြပြီးနောက် ရှုရန်နဲ့ သူ့မိသားစုတို့တတွေက လမ်းပေါ် အလည်အပတ် လမ်းလျှောက်ထွက်ဖို့ ပြင်လိုက်ကြတယ်။ သူတို့တွေ ဟင်းသီးဟင်းရွက် အစေ့တချို့ကို ရှာဖို့ ကျိုးယွင်ရဲ့ဆိုင်ဆီကိုလည်း သွားကြအုံးမှာ ဖြစ်တယ်။ ချင်ရှုဝမ်းကလည်း အပြင်ထွက်လိုက်ချင်လို့ ဆူဆူပူပူလုပ်နေခဲ့တယ်။ ကျိုးယွင်နဲ့ ချင်ရှုဝူတို့တတွေ သူ့ကို ဖျောင်းဖျ မတားမြစ်နိုင် ကြတော့တာကြောင့် သူ့ကို သူတို့တွေ အဖော်ပြုပေးပြီး လိုက်ခဲ့ရုံသာ ရှိကြတော့တယ်။

ချင်ရှုဝမ်းနဲ့ လျိုထုံတို့တွေက အချိန်အကြာကြီး စကားစမြည် ပြောခဲ့ကြပြီးတော့ လျိုထုံအတွက် သူ့ရဲ့စိတ်ခံစားချက်တွေကလည်း ပိုပြီး ခိုင်မာလာခဲ့တယ်။ လျိုထုံကလည်း ချင်ရှုဝမ်းအပေါ် အမြင်ကောင်းတွေ ရှိပါတယ်။ တကယ်လို့ သူတို့နှစ်ယောက်စလုံးသာ လက်မထပ်ကြရသေးဘူးဆိုရင် သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားနိုင်ကြလိမ့်မယ်။

အမှန်တကယ်မှာတော့ သူတို့တွေ ပထမဦးဆုံးအကြိမ် စတွေ့ကတည်းက ချင်ရှုဝမ်းက သူ့အပေါ် ဘယ်တော့မှ အေးတိအေးစက် ဖြစ်မနေခဲ့တဲ့အတွက် လျိုထုံက သူ့စိတ်ထဲမှာ အရမ်းပျော်ရွှင်နေခဲ့မိတာ ဖြစ်တယ်။ သူက ကောတစ်ယောက်အနေနဲ့ အရမ်းအရပ်ရှည်လွန်းနေတယ် ဆိုတာကို သူသိပါတယ်။ ဝုမိန်နဲ့ တခြားလူတွေကလွဲလို့ ရွာထဲက လူအများစုက အစပထမမှာတော့ သူ့အကြောင်း ပြောခဲ့ကြတာပဲလေ။ အဲ့ဒါကြောင့်မို့ လျိုထုံက ဝုမိန်တို့နဲ့ သူငယ်ချင်း ဖြစ်လာခဲ့ကြတာပဲ ဖြစ်တယ်။

ချင်ရှုဝမ်းက ရုပ်ရည်ချောမောပြီးတော့ မိသားစု နောက်ခံကောင်းလည်း ရှိတယ်။ အခုချိန်မှာ ကျိုးယွင်ကသူ့အပေါ် လုံလုံလောက်လောက် မကောင်းမွန် အရေးမပေးနိုင်ဘူး ဆိုရင်တောင်မှ မြို့ထဲမှာ သူနဲ့ မိတ်ဆွေဖြစ်ချင်ကြတဲ့လူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ချင်ရှုဝမ်းက လျိုထုံကိုသာ တွေ့ဆုံခဲ့ပြီးတော့ သူနဲ့သာ ခင်မင်သွားခဲ့တယ်။ ရှုရန်က ကျိုးယွင်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်နေတာကြောင့် ဆိုတာကို လျိုထုံကလည်း နားလည်ပါတယ်။ ဒါပေမဲ့ ချင်ရှုဝမ်းကလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ လျိုထုံသူ့ကို အရမ်းနှစ်သက်မိတယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now