Chapter(62):အံ့အားသင့်မှုတစ်ခု-2

4.7K 1K 14
                                    

Zawgyi

ချောင်းငယ်လေးက ရှည်လျားပြီးတော့ တောင်ပေါ်ကနေ စီးဆင်းလာတာဖြစ်တယ်။ ရွာဝင်ပေါက်မှာ ငါးတွေကိုဖမ်းတာက ကောင်းတဲ့အကြံညဏ်မဟုတ်ပါဘူး။ လူတွေကနေ့တိုင်း သူတို့ရဲ့အဝတ်တွေကိုလာလျှော်ပြီး သူတို့ရဲ့ကျွဲနွားတွေကို နေ့တိုင်းအစာလာကျွေးနေတဲ့ ဒီလိုနေရာမှာ ငါးတွေကဘယ်လိုလုပ်ပြီး ရှိနေကြမှာလဲ။

ရှုရန်နဲ့သူ့မိသားစုက ချောင်းငယ်လေးရဲ့ချောင်းဖျားအနီးနားက တောင်ခြေဆီကို သွားလိုက်ကြတယ်။ လူအနည်းငယ်ကအဲ့နေရာကို သွားတတ်ကြတယ်။

တောင်ပေါ်မှာ ထင်းခုတ်တုန်းကလိုမျိုးပဲ ရှုရန်တစ်ယောက် ချောင်းထဲကငါးတွေကို ဖမ်းရာတွင်လည်း မကျွမ်းကျင်ပါဘူး။ သူ့ရဲ့အရင်ဘဝတုန်းကဆိုရင် ရှုရန်ကိုသူ့အမေက ရေကန်တွေ မြစ်တွေဆီသွားဖို့ကို မခွင့်ပြုခဲ့ဘူး။ သူမရဲ့အကြောင်းပြချက်ကတော့ သူရေနစ်မှာကို ကြောက်ရွံ့နေလို့ဖြစ်တယ်။ ပြီးတော့သူမက ဒုတိယကလေးတစ်ယောက်ကို မလိုချင်လို့ဖြစ်တယ်။

ရှုရန်တစ်ယောက် မေးခွန်းတစ်ခုတည်းကိုပဲ သူ့ကိုယ်သူအကြိမ်ပေါင်းများစွာမေးမိတယ်။ 'ကမ္ဘာပေါ်မှာသူမလိုအမေမျိုး နောက်ထပ်တစ်ယောက်ရှိသေးရဲ့လား?'

တောင်ခြေကရေတွေက ကြည်လင်ပြီး အေးမြတယ်။ ငါးသေးသေးလေးတွေက အဲ့အထဲမှာကူးခတ်နေကြတယ်။ ဒါပေမဲ့ အရမ်းတော့မများပါဘူး။

ရှုရန်က ကြီးကျယ်လှတဲ့ငါးဖမ်းခြင်းတာဝန်ကို လျိုထုံကိုပေးလိုက်ပြီးတော့ သူကတော့ အရွယ်အစားသေးငယ်ပေမဲ့ ပမာဏများတဲ့ ပုစွန်ဆိတ်ကလေးတွေကိုဖမ်းဖို့ ကလေးတွေကိုခေါ်လိုက်တယ်။

မွန်းလွဲပိုင်းတစ်ပိုင်းလုံး အလုပ်လုပ်ပြီးတဲ့နောက်မှာ သူတို့တစ်စုံတစ်ခုကို ရလိုက်ကြတယ်။ ရှုရန်နဲ့သူ့ကလေးတွေဖမ်းမိခဲ့တဲ့ ပုစွန်ဆိတ်တွေက ဟင်းတစ်ပွဲပြုလုပ်ဖို့ လုံလောက်နေပြီဖြစ်တယ်။ ပြီးတော့လျိုထုံကလည်း ငါးအမြောက်အမြားကိုဖမ်းမိခဲ့တယ်။ ဒါပေမဲ့အရွယ်အစားကတော့ မကြီးပါဘူး။

ဘာမှမရတာထက်စာရင်တော့ ဒါကအဆင်ပြေပါတယ်။ မိသားစုကပျော်ရွှင်စွာ အိမ်ကိုပြန်လာခဲ့ကြတော့တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now