Chapter(73):ဆန်ပြုတ်ပွဲတော်-2 ဆန်ပြုတ်ပွဲတော်-2

4.3K 866 13
                                    

Zawgyi


ထို့ကြောင့် သက်ကြီးဖေဖေရှုက ရှုချိန်ကို ကျန်းယွဲ့အတွက် ဈေးအပေါဆုံးဆေးကို မြို့ထဲမှာ သွားဝယ်ခိုင်းလိုက်တယ်။ သူတို့တွေ လိုက်သုံးကြတဲ့ ဆေးညွှန်းစာကတော့ ရှုရန်တစ်ယောက် အအေးမိသွားခဲ့တဲ့အချိန်တုန်းက လျိုထုံအသုံးပြုခဲ့တဲ့တစ်ခုပဲ ဖြစ်တယ်။ သူတို့တွေက ကျန်းယွဲ့အတွက် ဆေးကို အိုးတစ်လုံးထဲ ထည့်လိုက်ပြီးတော့ အဲ့ဒါကို ထပ်ခါတလဲလဲ ကျိုချက်လိုက်တယ်။ နောက်ကျတော့ အကြိမ်ပေါင်းများစွာ ကျိုချက်ခံထားရတဲ့ဆေးက ဘာအရသာမှမရှိတော့ပေမဲ့ သူတို့တွေက အနည်တွေကို သွန်ပစ်ဖို့ မလိုလားဖြစ်နေကြတုန်းပဲ ဖြစ်တယ်။

ကျန်းယွဲ့ သူမသေချင်ပါဘူး။ ဘာကိစ္စပဲရှိရှိ သူက ကုသခြင်းမမည်တဲ့ ကုသပေးမှုကို ပူးပေါင်းဆောင်ရွက်ပေးလိုက်တယ်။

သက်ကြီးဖေဖေရှုက ရှုချိန်ကို ကျန်းယွဲ့ကို ကောင်းကောင်းဂရုစိုက်ပေးဖို့ ပြောလိုက်တယ်။ ရှုချိန်က ဒါနဲ့ပတ်သက်ပြီး စိတ်မပါသော်ငြားလည်းပဲ နောက်ဆုံးမှာတော့ သူက ကလေးတစ်ယောက် မဟုတ်ပါဘူး။ ပြီးတော့ ဒီအခြေအနေရဲ့လေးနက်ပြင်းထန်မှုကို သူသိပါတယ်။

နှစ်တစ်နှစ်ရဲ့အဆုံးတွင် ကျန်းယွဲ့တစ်ယောက် နောက်ဆုံးမှာတော့ ပြန်လည်ကောင်းမွန်လာခဲ့ပြီးတော့ အိပ်ရာထဲကနေ ထွက်လာနိုင်ခဲ့ပြီဖြစ်တယ်။

. . .

ဒီနေ့က လူနာတစ်ဆယ့်နှစ်လရဲ့ ၂၃ ရက်မြောက်နေ့ ဖြစ်ပြီးတော့ ဒီနှစ်ရဲ့ပထမဆုံးနှင်းက လူတွေကို ကြိုဆိုနေပြီဖြစ်တယ်။ ဒီနှင်းက အလာနောက်ကျပေမဲ့ အရှိန်ကတော့ ရက်စက်ပြင်းထန်တယ်။ ဆီးနှင်းပွင့်တွေက ကောင်းကင်အနှံ့မှာ ပျံသန်းနေကြပြီးတော့ မကြာခင်မှာပဲ မြေကြီးက ဖြူဖြူဖွေးဖွေး လွင်ပြင်ကျယ်ကြီး ဖြစ်သွားတော့တယ်။ ပြီးတော့ အခုက နေ့အချိန်ပဲ ရှိနေသေးတာဖြစ်တယ်။

အေးစိမ့်နေလျက် ရှုရန်တစ်ယောက် အိပ်ရာထဲမှာ ကွေးနေပြီးတော့ အိပ်ရာကနေထဖို့ကို ငြင်းဆန်နေမိတယ်။ လျိုထုံတစ်ယောက် မနက်စာအဆင်သင့် ပြင်ပြီးသွားတဲ့အချိန်မှာ သူကလေးနှစ်ယောက်ကို အရင် ဂရုစိုက်ပေးလိုက်ပြီးနောက်မှ သူရှုရန်ကို သွားနှိုးတော့တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now