Chapter(64):မျှော်လင့်မထားသော တွေ့ဆုံကြုံကြိုက်မှု

4.8K 964 11
                                    

Zawgyi

မနေ့ညတုန်းက စောစောအိပ်ရာဝင်ထားကြတာမို့ တျန်းတျန်းနဲ့ကော်ကော်တို့က မနက်အစောကြီး နိုးလာကြတယ်။ သူတို့တွေအိပ်ရာထ၊ အဝတ်အစားလဲပြီး သူတို့ဘာသာသူတို့ မျက်နှာသစ်လိုက်ကြတယ်။ ခြံဝင်းထဲမှာ သူတို့တွေ လမ်းလျှောက်သွားနေကြပြီးတော့ ခွေးပေါက်ကလေးတွေနဲ့ အချိန်ခဏလောက်ကြာအောင် ဆော့ကစားနေကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ဗိုက်တွေ တဂွီဂွီမြည်တဲ့အထိတိုင်အောင် သူတို့အဖေနဲ့ဖေဖေတို့ကို သူတို့မမြင်မိကြဘူး။

အရင်တုန်းကလည်း တခါတရံ သူတို့အဖေနဲ့ဖေဖေတို့က အိပ်ရာထနောက်ကျတတ်သော်လည်းပဲ သူတို့ဒီလောက်အထိတော့ အိပ်ရာထနောက်မကျတတ်ကြပါဘူး။ တျန်းတျန်းနဲ့ကော်ကော်တို့တွေ မစိုးရိမ်မိပဲမနေနိုင်တော့ဘူး။ 'အဖေနဲ့ဖေဖေတို့တွေ တစ်ခုခုများဖြစ်နေကြတာလား?'

ဒီလိုစဉ်းစားမိလိုက်တော့ ငါးနှစ်သားအရွယ်မျှသာရှိသေးတဲ့ ကလေးနှစ်ယောက်က ရုတ်တရက် ထိန်းမနိုင်သိမ်းမရအောင် ကြောက်စိတ်မွှန်သွားကြတယ်။ မနေ့ညတုန်းက သူတို့တွေကို စောစောအိပ်ရာဝင်ဖို့ သူတို့အဖေပြောတဲ့အချိန်တုန်းက သူတို့မူမမှန်ဘူးလို့ ခံစားနေခဲ့ရတာဖြစ်တယ်။ ဒီမနက်မှာ သူတို့အဖေနဲ့ဖေဖေတို့က ဒီအချိန်ထိတိုင်အောင် အခုထိ အိပ်ရာမထကြသေးဘူး။ အဲ့ဒါက တျန်းတျန်းနဲ့ကော်ကော်တို့ကို တစ်စုံတစ်ခုကတော့ မှားနေပြီလို့ ခံစားရစေတယ်။

မစဉ်းစားနေတော့ပဲ ညီအကိုနှစ်ယောက်သား ရှုရန်နဲ့လျိုထုံတို့ရဲ့အခန်းဆီကို ပြေးသွားလိုက်ကြပြီး အခန်းတံခါးကို ခေါက်လိုက်ကြတယ်။ "အဖေနဲ့ဖေဖေတို့ ထကြတော့! သားတို့ဗိုက်ဆာနေပြီ!"

"အဖေနဲ့ဖေဖေ သားတို့ဗိုက်ဆာနေပြီ။ အိပ်ရာထကြတော့!"

ကလေးနှစ်ယောက်ရဲ့အသံနှစ်သံက တစ်ယောက်ထက်တစ်ယောက် ပိုပိုပြီး ကြည်လင်ပြတ်သားလာပြီးတော့ မရပ်မနား အော်မြည်နေကြတယ်။ အခန်းထဲတွင် ရှုရန်နဲ့လျိုထုံတို့က နိုးနေကြပြီဆိုပေမဲ့ အပြည့်အဝကြီး​တော့ မနိုးကြသေးဘူး။

သာယာကြည်နူးဖွယ်ကောင်းတဲ့ ညတစ်ည ကုန်ဆုံးသွားပြီးတဲ့နောက်မှာ လျိုထုံတစ်ကိုယ်လုံး ရှုရန်လုပ်ထားတဲ့ အချစ်ကိုက်ရာတွေအားလုံးနဲ့ ပြည့်နှက်နေတယ်။ ရှုရန်တစ်ယောက် သူနိုးလာပြီးကတည်းက လျိုထုံကို စူးစူးစိုက်စိုက် စိုက်ကြည့်နေမိတယ်။ မနေ့ညတုန်းက ဖြစ်ပျက်ခဲ့တဲ့အရာတွေအတွက် သူအလွန်ပျော်ရွှင်နေမိတယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now