Chapter(92):မိတ်ဆွေဖွဲ့ခြင်း-1 မိတ်ဆွေဖွဲ့ခြင်း-1

697 122 7
                                    

Zawgyi

Chapter(92):မိတ်ဆွေဖွဲ့ခြင်း-1

ဟယ်ရွှေမြို့က ဒီရက်တွေထဲမှာ ထူးထူးခြားခြား ပျားပန်းခတ်မျှ သက်ဝင်လှုပ်ရှားနေလျက် ရှိတယ်။ လူအများအပြားက တော်ဝင်စာမေးပွဲ ဖြေဆိုဖို့အတွက် အနီးအနား မြို့ရွာတွေဆီမှ လာရောက်နေကြတာမို့ ဒီနေရာမှာ ပုံမှန်ရှိနေကျ လူတွေထက် ပိုမို များပြားနေလျက် ရှိတယ်။

တစ်ညတာ ကောင်းကောင်းမွန်မွန် အိပ်စက် အနားယူပြီးသည့်နောက်တွင် ရှုရန်တစ်ယောက် အားအင်ပြည့်ပြီး လန်းဆန်း တက်ကြွသွားသလို ခံစားရင်း နိုးလာခဲ့ပြီးတော့ လမ်းတစ်လျှောက် လှည့်ပတ်မကြည့်ခင် ဆိုင်ရှင်နဲ့အတူ မနက်စာ စားလိုက်တယ်။

ဟယ်ရွှေမြို့ကို စီရင်စု စာမေးပွဲနေရာအဖြစ် အစကတည်းက အမြဲတမ်း သတ်မှတ်ထားခဲ့တာ ဖြစ်တာကြောင့် ယဉ်ကျေးမှုဗဟိုတစ်ခု အဖြစ်လည်း မှတ်ယူနိုင်တဲ့ စာသင်သားနဲ့ စာပေပညာရှင်များစွာ ရှိနေခဲ့တယ်။

လမ်းမပေါ်တွင် လမ်းသွားလမ်းလာများနဲ့ ကုန်သည်များအပြင် ရည်မွန်သိမ်မွေ့ အထက်တန်းကျသော အဝတ်အစားများကို ဝတ်ဆင်ထားကြတဲ့ စာသင်သားများသာ ရှိနေတယ်။ စာသင်သား အဝတ်အစားတွေနဲ့ သာမန်လူတွေရဲ့ အဝတ်အစားတွေကြားမှာ သိသာထင်ရှားတဲ့ ကွဲပြားခြားနားချက်တွေ ရှိကြတာကြောင့် ပထမ အကြည့်တစ်ချက်နဲ့တင် စာသင်သားတွေကို အလွယ်တကူ သတိထားမိနိုင်တယ်။

ရှုရန်က သူတို့ရဲ့အဝတ်အစားပုံစံကို မကြိုက်နှစ်သက်တာမို့ သူပုံမှန်ဝတ်နေကျ အဝတ်အစားပုံစံအတိုင်းသာ ဝတ်ဆင်ထားခဲ့တယ်။

ဆိုင်ရှင်က ရှုရန်ရဲ့အဝတ်အစားထောင့်စွန်းကို ဆွဲကိုင်လိုက်တယ်။ "ရှုရန် သူတို့တွေကို ကြည့်လိုက်။ ပြီးရင် မင်းကိုယ်မင်း ပြန်ကြည့်ကြည့်အုံး။ မင်း လယ်သမားတစ်ယောက်နဲ့ တူနေတယ်လို့ မင်းကိုယ်မင်း မထင်မိဘူးလား?"

ရှုရန်က နှာရှုပ်လိုက်တယ်။ "လယ်သမားတွေက ဘာဖြစ်နေလို့လဲ? မဟုတ်မှလွဲရော ခင်ဗျားက သူတို့တွေကို အထင်သေးနေတာလား။ ဆိုင်ရှင်?"

ဆိုင်ရှင်က သူ့ကို မျက်လုံးလှိမ့်ပြလိုက်မိတယ်။ "ငါဆိုလိုတာက ဒါမဟုတ်ဘူးဆိုတာကို မင်းသိပါတယ်။ မင်းဒီကို ရောက်နေပြီ ဆိုမှတော့ မင်းမိတ်ဆွေအချို့ကို ရှာရမယ်လေ။ မင်းရဲ့အဝတ်အစားတွေကို မပြောင်းဘူးဆိုရင် စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့ မင်းဒီနေရာကို ရောက်လာတယ် ဆိုတာကို ဘယ်သူက သိမှာလဲ?"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now