Chapter(62):အံ့အားသင့်မှုတစ်ခု-1

4.5K 924 2
                                    

Zawgyi

အခုချိန်က နောက်ကျနေပြီဆိုတာကို မြင်လိုက်တော့ ရှုရန်အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့သူအိမ်မပြန်ခင်မှာ ကျိုးယွင်ဆီကို လမ်းကြုံဝင်ဖို့ လိုအပ်တယ်။

သူ့ရဲ့အထုပ်အပိုးခြင်းတောင်းထဲမှာ ကျိုးယွင်အတွက် သီးသန့် ငရုတ်အနှစ်ဝါးကျည်တောက်ဘူးတစ်ဘူး ရှိနေသေးတယ်။ ရှုရန်ကကျိုးယွင်နဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်။ အဲ့ဒါကြောင့် သူသဘာဝကျကျကိုပဲ သူ့ကိုအာရုံကောင်းကောင်းတစ်ခုပေးပြီး သူ့ကိုတစ်ချိန်လုံး စိတ်ထဲမှာသတိတရရှိနေရမယ်လေ။

အစေ့ဆိုင်ရဲ့တံခါးနားကို ရောက်သွားတဲ့အချိန်မှာပဲ ရှုရန်က ကျိုးယွင်တစ်ယောက် လမ်းရဲ့တခြားတစ်ဖက်ကနေ လာနေတာကိုတွေ့လိုက်ရတယ်။ သူတို့တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ယောက်စလုံး အဲ့ဒါကတိုက်ဆိုင်မှုတစ်ခုလို့ တွေးတောလိုက်ကြတယ်။

ကျိုးယွင်ကအရှေ့ကို ခြေလှမ်းအနည်းငယ်လောက် အလျင်အမြန်ရွှေ့လိုက်တယ်။ "ညီအကိုရှု ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ?"

"ကျွန်တော်ပစ္စည်းအချို့ဝယ်ဖို့ မြို့ပေါ်ကိုလာရင်းနဲ့ လမ်းကြုံဝင်လာတာ။ ဒါနဲ့စကားမစပ် ကျွန်တော့်မှာခင်ဗျားအတွက် တစ်ခုခုရှိတယ်။" အဲ့လိုပြောရင်းနဲ့ ရှုရန်ကအထုပ်အပိုးခြင်းတောင်းကို အောက်ကိုချလိုက်ပြီးတော့ ဝါးကျည်တောက်ဘူးကို ယူထုတ်လိုက်ပြီး ကျိုးယွင်ကိုပေးလိုက်တယ်။

ကျိုးယွင်ကအဲ့ဒါကိုယူလိုက်ပြီး တစ်ချက်ကြည့်လိုက်ပြီးတော့ ဘာတစ်ခုမှထူးမခြားနေတာကို သူတွေ့လိုက်ရတော့ ရှုရန်ကိုစိတ်ရှုပ်ထွေးစွာနဲ့ ပြန်ကြည့်လိုက်တယ်။

ရှုရန်က ပြုံးလိုက်တယ်။ "ဒါက ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး။ ကျွန်တော်နဲ့ကျွန်တော့်ခင်ပွန်းလုပ်ထားတဲ့ ငရုတ်အနှစ်အချို့ပါပဲ။ တစ်ချက်မြည်းကြည့်ပြီးတော့ တကယ်လို့ခင်ဗျားကြိုက်တယ်ဆိုရင် ကျွန်တော့်ကိုပြန်ပြောပါ။"

"ကျေးဇူးပဲ။ ညီအကိုရှု စပ်တဲ့အစားအစာတွေက ကျွန်တော့်ခင်ပွန်းအကြိုက်ပဲ။" ကျိုးယွင်ကရှုရန်ကိုပြုံးပြလိုက်ပြီး ကျေးဇူးတင်လိုက်တယ်။ ငရုတ်အနှစ်က သူနှစ်အများကြီးကြာအောင်မမြင်ခဲ့ရတဲ့ သူ့အချစ်ဆီကနေ သူ့အတွက်အပြုံးတစ်ပွင့် သယ်ဆောင်လာပေးနိုင်တာမို့ သူအရမ်းပျော်ရွှင်နေမိတယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now