Chapter(21):စားလို့ကောင်းတဲ့ တစ်စုံတစ်ခု

6.1K 1.1K 3
                                    

Zawgyi

သူတို့အိမ်ပြန်လမ်းမှာရှိနေတုန်းမှာပဲ့ လျိုထုံနှင့်တစ်ခြားလူတွေက အိမ်ပြန်ရောက်နေကြပြီ။ အိမ်တံခါးကပိတ်ထားပြီး အထဲမှာလည်းတစ်ယောက်မှမရှိတာကို မြင်တော့ သူတို့တွေကနည်းနည်းစိုးရိမ်သွားကြတယ်။ ရှုရန်က ကလေးတွေနှင့်ပြန်လာတာကို မြင်တဲ့အချိန်မှာ သူတို့တွေကအပြင်မှာထွက်ရှာဖို့ လုပ်နေကြပြီ။ သူတို့ပြန်လာရုံတင်မကဘူး။ ရှုရန်ရဲ့ကျောမှာလည်းဝက်စာမြက်ခြင်းတစ်ခြင်း
အပြည့်ကိုသယ်ထားသေးတယ်။ ကလေးတစ်ယောက်စီရဲ့လက်ထဲမှာလည်း မြက်အမြစ်နှင့်တူတဲ့ အဖြူ​ရောင်အစည်းတစ်ခုစီကို သယ်ထားကြတယ်။

လျိုထုံက ရှုရန်ရဲ့ခြင်းတွေကိုယူပေးဖို့ သူ့ဆီကို အလျင်အမြန်လမ်းလျှောက်သွားလိုက်တယ်။ သူ့ကိုအပြစ်တင်စိတ်အပြည့်နှင့်ကြည့်လိုက်ပြီး "ဘာလို့အပြင်ထွက်သွားတာလဲ?"

ရှုရန်ကပြုံးပြီးတော့ စကားတစ်လုံးမှမပြောပဲ့ လျိုတောင်ကိုခြင်းပေးလိုက်တယ်။

ဒါဟူကမြန်မြန်ပြန်ဖြေလိုက်တယ်။ "ဖေဖေလျိုထုံ ဦးလေးရှုက ဝက်စာမြက်အချို့ ဖြတ်ဖို့ထွက်သွားတာ။ ဦးလေးကအရမ်းတော်တယ်။ ဝက်စာတွေအများကြီးရလာတယ်။ ပြီးတော့ အပြင်ဘက်မှာလည်းအများကြီးကျန်ခဲ့သေးတယ်။ ကော်ကော်နှင့်ခွေးနှင့်က အဲ့မှာစောင့်နေကြတယ်။ အဖေ အဖေတို့အားလုံးအဲ့တာတွေကို ပြန်သွားသယ်ရင် ပိုကောင်းမယ်ထင်တယ်။"

အမှန်တကယ်မှာတော့ ရှုရန်ကသူ့နောက်ကျောမှာ ဝက်စာမြက်ခြင်းတစ်ခြင်းအပြည့်သယ်ပြီး ပြန်လာတာကိုမြင်တော့ သူတို့အားလုံးက အရမ်းသဘောကျသွားခဲ့တယ်။ ဝက်စာမြက်အများကြီး နောက်မှာ ကျန်ခဲ့သေးတယ်ဆိုတာကို ဒါဟူကပြောလိုက်တော့ အဲ့ဒါကသူတို့မျှော်လင့်ထားတာထက် အမှန်တကယ်ကိုကျော်လွန်နေတယ်။ လျိုထုံကရှုရန်ကို ခုနှစ်နှစ်လောက်အလိုလိုက်ထားပြီးတော့ ဘာအလုပ်ကိုမှလည်းမလုပ်ခိုင်းဘူးဆိုတာကို
သူတို့အားလုံးသိတယ်။

လျိုထုံကဝက်စာမြက်တွေကို ခြံဝင်းထဲကိုသယ်လာတယ်။ အပြင်ဘက်မှာအဲ့တာတွေကျန်သေးတယ်ဆိုတာကို
ကြားပြီးနောက် ရှုအန်နှင့်ရှုဇန်တို့ကသူတို့နောက်ကျောမှာ ခြင်းတောင်းတွေကိုသယ်ပြီးနောက် ခြံဝင်းထဲကနေ ထွက်သွားနှင့်ပြီ။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now