Chapter(26):ငရုတ်သီး ငရုတျသီး

6.2K 1.1K 42
                                    

Zawgyi

ရှုရန်နှင့်သူ့မိသားစု သူတို့ရဲ့အိမ်အသစ်ကို ပြောင်းရွှေ့ပြီးတဲ့ညမှာ တစ်ယောက်စီ သစ်သားခွေးခြေခုံလေးတစ်ခုစီကို သယ်ပြီးတော့ မိသားစုဝင်လေးယောက်သား မိသားစုအစည်းအဝေးပွဲကို ကျင်းပဖို့ အဓိကအားဖြင့် အနာဂတ်အစီအစဉ်အကြောင်းကို ဆွေးနွေးဖို့ အိမ်ရှေ့ခန်းကိုလာခဲ့ကြတယ်။

ပိုက်ဆံရှာဖို့ အစားစားဖို့နှင့် နောက်ထပ်အိမ်အသစ် တစ်လုံးအဖြစ်ပြောင်းလဲဖို့ အဲ့လိုအကြောင်းလိုမျိုး...

ဒါတွေကတော့ ရှုရန်ရဲ့အခုလောလောဆယ် ပန်းတိုင်တွေပဲ့ဖြစ်တယ်။

"အဟမ်း..." ရှုရန်ကချောင်းဟန့်လိုက်ပြီးတော့
စကားစတင်ပြောလိုက်တယ်။

"ထုံထုံ တျန်းတျန်းနှင့်ကော်ကော် အခုငါတို့မိသားစုက ဒီကိုပြောင်းရွှေ့လာပြီးပြီ။ အစပိုင်းမှာတော့ ငါတို့တွေ နည်းနည်းခက်ခဲတဲ့ဘဝမှာ နေရလိမ့်မယ်ဆို​ပေမယ့် ငါတို့ထပ်ပြီးအနိုင်ကျင့်မခံရတော့ဘူး။ မင်းတို့အားလုံး ဒါနှင့်ပတ်သက်ပြီး ပျော်ကြရဲ့လား?"

"အရမ်းပျော်တယ်!" လျိုထုံကသူ့မျက်နှာပေါ်မှာ ညင်သာတဲ့အပြုံးလေးတစ်ခုကို ဆင်မြန်းထားတဲ့အချိန်မှာ ကလေးနှစ်ယောက်ကလည်း ကြွပ်ဆတ်နေတဲ့အသံလေးနှင့် ပြန်ဖြေလိုက်တယ်။

"ကောင်းပြီ။ ဒါကကိစ္စတစ်ခု။ ငါတို့အခုစားနေတဲ့ ဆန်ညိုက ဝုမိန်နှင့်တစ်ခြားမိသားစုတွေ ပေးထားတာချည်းပဲ့။ ဒီနှစ်တော့ ငါတို့တွေ စားစရာတွေကို မစိုက်ပျိုးနိုင်တော့ဘူး။ အဲ့ဒါကြောင့် ပြဿနာကိုဖြေရှင်းဖို့ တစ်ခြားနည်းလမ်းတွေကိုပဲ့ စဉ်းစားမှရမယ်။"

"ဘာနည်းလမ်းလဲ?" လျိုထုံကမေးလိုက်တယ်။

"ထုံထုံ မင်းသိပါတယ်။ ဒီမှာရှိတဲ့လူတွေအားလုံးက ငရုတ်သီးစားရတာ ကြိုက်တယ်ဆိုတာကို။ ဒါပေမယ့် ဒီမှာငရုတ်အနှစ်မရှိဘူးဆိုတာကို ငါရှာတွေ့လိုက်တယ်။ ငါတို့ဒါကိုလုပ်ရအောင်။ ဘာပဲ့ဖြစ်ဖြစ် ဒီမှာငရုတ်သီးက တောင်ပေါ်ရဲ့ ဘယ်နေရာမှာမဆို ရှိတယ်လေ။ ငါတို့တွေ တောင်ပေါ်မှာ အချိန်တစ်ချို့ဖြုန်းနေသရွေ့ ငါတို့ သူတို့တွေကို ကောင်းကောင်းရိတ်သိမ်းနိုင်လိမ့်မယ်။"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now