Chapter(88):ဆောက်လုပ်ရေး အသင်း-1

1.9K 300 5
                                    

Zawgyi

Chapter(88):ဆောက်လုပ်ရေး အသင်း-1

နောက်တစ်နေ့တွင် ရှုရန်တို့မိသားစုတတွေ မနက်စာ စားကြပြီးရုံသာ ရှိသေးတယ်။ တျန်းတျန်းနဲ့ကော်ကော်တို့ အပြင် ပြေးမထွက်သွားနိုင်ကြခင်မှာ ထုပ်ပိုးထားတဲ့ အိတ်တွေကို သယ်ထားတဲ့ လူအုပ်စုကြီးတစ်စုကို ရွာအစွန်အဖျားမှာရှိနေတဲ့ ရှုရန်တို့အိမ်ဆီ အလုပ်သမား ခေါင်းဆောင်လီတစ်ယောက် ဦးဆောင်ခေါ်လာခဲ့တယ်။

အလုပ်သမား ခေါင်းဆောင်လီကို ရှုရန်မြင်လိုက်တာနဲ့ ချက်ချင်း အလျင်အမြန်ပဲ သူတို့တွေကို အိမ်ထဲ ခေါ်သွင်းလိုက်တယ်။

ဒီနေရာမှာ လူအများကြီးရှိနေတာမို့ သူတို့တွေကို ရေနဲ့ဧည့်ခံရမှာ ခက်ခဲနေပြီးတော့ အိမ်မှာလည်း ပန်းကန်လုံးတွေ အများကြီးမရှိပေ။ ပြီးတော့ ရှုရန်တစ်ယောက် အလုပ်သမား ခေါင်းဆောင်လီနဲ့ သူ့လူတွေဆီကနေ ပန်းကန်လုံးတွေကို တောင်းဖို့ ပိုပြီးတော့တောင် ရှက်ရွံ့နေမိတယ်။ နှစ်သစ်ကူးပွဲတော်အပြီးတွင် အိမ်မှာ နေကြာစေ့တွေ ကျန်နေသေးတယ်ဆိုတာကို စဉ်းစားလိုက်မိတော့ ရှုရန်ကလျိုထုံကို နေကြာစေ့တွေအားလုံးကို လူတွေဆီ ဝေငှခိုင်းလိုက်တယ်။

လူတိုင်းလူတိုင်းက ခြံဝင်းထဲမှာထိုင်ရင်း နေကြာစေ့ စားနေကြတဲ့အချိန်မှာ ရှုရန်နဲ့ အလုပ်သမား ခေါင်းဆောင်လီတို့ကတော့ သူတို့တွေ ဘယ်နေရာမှာ နေသင့်သလဲဆိုတာနဲ့ အစားအစာတွေကို ဘယ်နေရာမှာ ချက်ပြုတ်တာက ပိုပြီးတော့ အဆင်ပြေနိုင်မလဲ ဆိုတဲ့အကြောင်းကို တိုင်ပင် ဆွေးနွေးနေကြတယ်။

ဆောက်လုပ်ရေး စတဲ့အချိန်ကျရင် သူ့အိမ်ကနေ တစ်ခုခုငှါးရမ်းဖို့ သူတို့တွေအတွက် ပိုပြီးအဆင်ပြေတာကြောင့် နောက်ဆုံးမှာတော့ သူတို့တွေ ရှုရန်အိမ်ရဲ့နံဘေးကနေရာကို ရွေးချယ်လိုက်ကြတယ်။ ရှုရန်ကလည်း ဒါတွေကို စိတ်ထဲမထားပါဘူး။ အဆုံးမှာတော့ သူတို့အားလုံးက သူ့မိသားစုအတွက် အလုပ်လုပ်ပေးနေကြတာလေ။

လူနှစ်ဆယ့်ငါးယောက်ထဲတွင် အချက်အပြုတ်နဲ့ လက်ထောက်တွေအဖြစ် ပုံမှန်အလုပ်လုပ်ရတဲ့ ကောငါးယောက်ရှိတယ်။ ဒါပေမဲ့ ရှုရန်က ဒီကိစ္စတွေကို နားမလည်ပါဘူး။ အဲ့ဒါကြောင့် သူဒီလူတွေကို လျိုထုံဆီ အပ်ထားလိုက်ပြီးတော့ သူတို့တွေနဲ့ ပြောဆိုဆက်ဆံဖို့ ပြောလိုက်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now