Zawgyi
ကော်ကော်က စာရွက်နဲ့စုတ်တံကို ရှုရန်ဆီပေးလိုက်တယ်။ "အဖေ ဒီမှာ။"
ရှုရန်ကယူလိုက်ပြီး ကော်ကော်ရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီးနောက် ခွေးခြေခုံကိုသူ့ဆီယူလာပေးဖို့ လျိုထုံကိုပြောလိုက်တယ်။ ရှုရန်ကစာရွက်ကို ခွေးခြေခုံပေါ်မှာ တင်လိုက်ပြီးနောက် စာချုပ်ကိုလျင်မြန်စွာ ရေးချလိုက်တယ်။
တျန်းတျန်းက ရွာလူကြီးနဲ့ ရောက်လာတဲ့အချိန်မှာ ရှုရန်က ရေးလို့ပြီးသွားရုံပဲရှိသေးတယ်။
ရွာလူကြီးက ရှုရန်ဝါးအိမ်လေးရဲ့ အိမ်တံခါးနားမှာ
လူတွေကိုမြင်လိုက်တော့ သူမျက်မှောင်ကြုပ်လိုက်မိတယ်။ သူရှုဟိုခိုင်ကို တကယ်ကိုနားမလည်တော့ဘူး။ ဒီလိုမျိုးအိုနေတဲ့အရွယ်ရောက်မှ ဘာလို့ပြဿနာအမြဲတမ်း ရှာနေရတာလဲ? သူဘယ်လိုလုပ်ပြီး အကျိုးအကြောင်းမသင့်ဖြစ်နေရတာလဲ? ထပ်ပြောရရင် သူ့ရဲ့ခင်ပွန်းကလည်း အရှက်ကင်းမဲ့တဲ့လူတစ်ယောက်ပဲ။"ဘာတွေဖြစ်နေကြတာလဲ? ရှုဟိုခိုင် ခင်ဗျားရဲ့မိသားစုကိုခွဲထုတ်တုန်းက ဘာကိစ္စပဲရှိရှိ ရှုရန်ကခင်ဗျားနဲ့ဘာမှ မပတ်သက်တော့ဘူးလို့ ခင်ဗျားဆုံးဖြတ်ချက်ချခဲ့တာကို ခင်ဗျားမှတ်မိသင့်တယ်။ အဲ့ဒါကြောင့် ခင်ဗျားအခု ဘာလုပ်နေတာလဲ? အကြီးတစ်ယောက်အနေနဲ့ အဖေတစ်ယောက်ပုံစံ ပေါက်သေးရဲ့လား? ခင်ဗျားက ကလေးတွေအတုမယူသင့်တဲ့ လူတစ်ယောက်ပုံစံဖြစ်အောင် ကြိုးစားနေတာလား?" ရွာလူကြီးက ပြစ်တင်ပြောဆိုလိုက်တယ်။
ရှုဟိုခိုင်က ပြောစရာစကား ဆွံ့အသွားတယ်။ သူတို့ဒီဆုံးဖြတ်ချက်ချခဲ့တယ်ဆိုတာ မှန်ပေမဲ့ ပြဿနာကအဲ့အချိန်တုန်းက သူတို့ကဒီအတိုင်း သာမန်ကာလျှံကာ ပေါ့ပေါ့ပါးပါး လုပ်ခဲ့ရုံသာဖြစ်တယ်။ သို့သော်လည်းရှုရန်က ဒါကိုအလေးအနက်ထားလိမ့်မယ်လို့ သူတို့မမျှော်လင့်ထားမိဘူး။
"ကောင်းပြီ။ ရွာလူကြီး ခင်ဗျားဒီလိုမျိုး စဉ်းစားလို့မရဘူးလေ။ ဘာပဲဖြစ်ဖြစ် ငါတို့ကရှုရန်ရဲ့အဖေနဲ့ဖေဖေတွေပဲ။ သူငါတို့ကို ရိုသေလေးစားရမှာပဲ မဟုတ်ဘူးလား?" သက်ကြီးဖေဖေရှုက ပြောလိုက်တယ်။ သူကအခုထိအခြေအနေကို ပြောင်းလဲချင်နေသေးတုန်းပဲ။
YOU ARE READING
Transmigration : TFLOA "Fool" (BL) [Myanmar Translation]
RomanceIt's just an offline translation. I only translate for fun. Please support original author and english translator. Title : Transmigration : The Farm Life Of A "Fool" Author : Zi Xi Status : 295 chapters (completed)+ 25extra Start date - 1.6.2021 E...