Chapter(33):ျပႆနာ ပြဿနာ

5.6K 1K 8
                                    

Zawgyi

ဒါပေမဲ့ သူတို့တွေပိုပြီးသက်တောင့်သက်သာရှိတဲ့ ဘဝတစ်ခုကို ရပြီလို့တွေးနေတဲ့အချိန်မှာပဲ နောက်တစ်နေ့မှာ ပြဿနာကရောက်လာလိမ့်မယ်လို့ သူမမျှော်လင့်မိဘူး။

မိသားစုက မနက်စာစားနေကြတယ်။ ဒီနေ့မှာ ငရုတ်အနှစ်တွေကို ဝါးကျည်တောက်ထဲကို ထည့်ဖို့ ရှုရန်က စီစဉ်ထားတယ်။ သူငရုတ်အနှစ်ကို လုပ်ပြီးကတည်းကနေ အခုချိန်အထိဆိုရင် ရက်နှစ်ဆယ်ကျော် ရှိနေပြီဖြစ်တယ်။

မနက်စာစားလို့မပြီးသေးခင်မှာပဲ အပြင်ဘက်ကနေ တစ်စုံတစ်ယောက်က သူတို့တွေကို အပြင်ထွက်လာဖို့ ရိုင်းပျစွာအော်ဟစ်နေတယ်။

ရှုရန်က ဒီအသံကိုကြားတာနှင့်ချက်ချင်း သက်ကြီးဖေဖေရှုဆီကဆိုတာကို ပြောနိုင်တယ်။

သူရှုမိသားစုကနေ ထွက်ခွာလာပြီးကတည်းက ရှုမိသားစုရဲ့သတင်းတွေကို သူဘာအာရုံမှ စိုက်မနေတော့ပါဘူး။ ပထမဆုံးအနေနဲ့ သူကအလုပ်များနေပြီးတော့ အဲ့ဒါကိုအာရုံစိုက်ဖို့ သူ့မှာအချိန်မရှိဘူး။ ဒုတိယအချက်အနေနဲ့ကတော့
သူအဲ့အပေါ်မှာ သူ့ရဲ့အချိန်တွေကို မဖြုန်းတီးချင်ဘူး။ ရှုမိသားစုရဲ့အခြေအနေက သူတို့နဲ့ဘာမှဆိုင်မနေဘူး။ ဒါပေမဲ့ဒီနေ့မှာ သူတို့ဘာလို့သူ့နေရာကို ရောက်လာကြသလဲဆိုတာကို သူမသိဘူး။

အဲ့အချိန်တုန်းက နာကျင်မှုကို သူအခုထိမှတ်မိနေတုန်းပဲ။ သူပန်းကန်လုံးကို ချလိုက်ပြီးတော့ လျိုထုံကိုပြောလိုက်တယ်။ "ထုံထုံ တျန်းတျန်းနှင့်ကော်ကော်တို့နဲ့အတူ အိမ်ထဲမှာ နေနေခဲ့ပါ။ ငါအပြင်ထွက်ပြီး တစ်ချက်ကြည့်ကြည့်လိုက်မယ်။"

"ရန် ကိုယ်မင်းနဲ့လိုက်ခဲ့မယ်! မင်းဘာသာမင်း တစ်ယောက်တည်းသွားတာက ကိုယ့်ကိုစိတ်မချဖြစ်စေတယ်။" လျိုထုံက ရှုမိသားစုက ရှုရန်ကို တစ်ခုခုဆိုးရွားတာ လုပ်လိုက်မှာကို အမှန်တကယ် ကြောက်ရွံနေတာကြောင့် လျိုထုံက စိုးရိမ်နေမိတယ်။

ရှုရန်က သူ့လက်ကိုနှစ်သိမ့်တဲ့အနေနဲ့ ပုတ်လိုက်ပြီးတော့ ပြန်ပြောလိုက်တယ်။ "ထုံထုံ မစိုးရိမ်ပါနဲ့။ ငါကအရူးတစ်ယောက် မဟုတ်တော့ပါဘူး။ ပြီးတော့ သူတို့တွေငါ့ကို နာကျင်အောင်မလုပ်နိုင်ပါဘူး။ ငါမင်းရဲ့အကူအညီကို လိုအပ်တဲ့အချိန်ကျမှ ငါမင်းကိုခေါ်လိုက်မယ်။"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now