Chapter(13):အခ်ိန္ကိုက္ကူညီမႈ အချိန်ကိုက်ကူညီမှု

6.7K 1.2K 15
                                    

Zawgyi

"လျိုထုံ လျိုထုံ စောင့်အုံး..."

အနောက်ကနေသူ့ကို တစ်စုံတစ်ယောက်ခေါ်နေတာ ကိုကြားတော့ လျိုထုံကခြေလှမ်းနေတာကို ရပ် လိုက်တယ်။ သူလှည့်ကြည့်လိုက်တော့ ဝုမိန်နှင့် လျိုချင်ကသူ့ဆီအလျင်စလိုပြေးလာ တာကိုမြင်လိုက်ရတယ်။

လျိုထုံကရပ်ပြီး အသက်ရှုဖို့ပင့်သက်ရှိုက်နေရ တဲ့လူနှစ်ယောက်ကို ကြည့်လိုက်တယ်။ သူက နှစ်ယောက်စလုံးကို သက်တောင့်သက်သာဖြစ် သွားအောင် ပြောလိုက်တယ်။ "အလျင်မလိုပါဘူး။ အချိန်ဖြည်းဖြည်းယူ။"

လေအနည်းငယ်မှုတ်ထုတ်ပြီးတော့ ဝုမိန်ကပြော လိုက်တယ်။ "လျိုထုံ မင်းနှင်ထုတ်ခံလိုက်ရတယ်လို့ ငါတို့ကြားတယ်။ မင်းအခုသွားစရာနေရာ မရှိဘူးဆိုတာကို ငါတို့သိတယ်။ အဲ့တာကြောင့် ငါ့နေရာကို အရင်သွားကြရအောင်!"

"ဟုတ်တယ်။ လျိုထုံ မင်းကတစ်မိသားစုလုံးကို ထောက်ပံ့ပေးနေရတာ။ ကလေးတွေကလည်း အခု ထိငယ်နေသေးတယ်။ ရှုရန်ကလည်းပဲ့ ဆေး သောက်ဖို့လိုနေသေးတယ်။ အဲ့ဒါကြောင့် သွားရ အောင်။ ငါတို့မင်းကိုအငတ်မထားပါဘူး။" လျိုချင် ကလည်းပဲ့သံယောင်လိုက်ပြီး ပြောလိုက်တယ်။

"ဒါက..." လျိုထုံကချိတုံချတုံဖြစ်နေတယ်။

ဝုမိန်ကသူ့ကိုဖြောင်းဖျဖို့ ကြိုးစားတယ်။ "မင်းအတွက်မင်းမတွေးဘူးဆိုရင်တောင်မှ မင်းကလေးနှစ်ယောက်အတွက်တွေးပေးသင့်တယ်! မင်းအခုထိ​နေ့လည်စာမစားရသေးဘူးမလား! တျန်းတျန်းနှင့်ကော်ကော်က ဗိုက်ဆာနေလောက်ပြီ။ ဘာကိစ္စပဲ့ရှိရှိ ငါ့အိမ်ကိုသွားပြီးတော့ အရင်စားကြရ အောင်။"

"ဟုတ်တယ်။ ပြီးတော့ရန်ကလည်း သူ့ဒဏ်ရာ အတွက်သမားတော်ပြဖို့လိုသေးတယ်။" လျိုချင်က လည်းတိုက်တွန်းပြန်တယ်။

သူ့ဘေးနားမှာရှိနေတဲ့ ငြိမ်ပြီးနာခံတတ်တဲ့ကလေး နှစ်ယောက်ကိုရော ဆိုးရွားစွာဒဏ်ရာရထားတဲ့ ရှုရန်ကိုရောကြည့်ပြီးတော့ လျိုထုံစိတ်​သောကရောက်သွားသလိုခံစားလိုက်ရတယ်။ သူ့ကလေးတွေကိုတောင် မကာကွယ်နိုင်လောက် အောင်မသုံးမကျတဲ့အတွက် သူ့ကိုယ်သူအပြစ်တင် လိုက်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now