Zawgyi
ဇာတ်လမ်းကို ကြားပြီးတဲ့အချိန်မှာ ရှုရန်လည်းပဲ သက်ပြင်းတစ်ချက်ကို ချလိုက်မိတယ်။ ဒီလူမှာလည်း ဒီလိုမျိုးအရူးအမူးချစ်ခြင်းတွေ ရှိနေလိမ့်မယ်လို့ သူမမျှော်လင့်ထားမိဘူး။ သူဒီလိုယဉ်ကျေးတဲ့အပြုအမူမျိုးနဲ့ စီးပွားရေးလုပ်နိုင်တာက အံ့သြစရာမရှိတော့ပါဘူး။
ကျိုးယွင်တစ်ယောက် ဝိုင်တစ်အိုးလုံးကို သောက်လိုက်တယ်။ သူစိတ်အခြေအနေ မကောင်းဖြစ်နေတာကြောင့် အခုချိန်မှာ သူဝိုင်မူးလုနီးပါးဖြစ်နေပြီ ဖြစ်တယ်။
အနာဂတ်တွင် သူကျိုးယွင်ကို အနှောင့်အယှက် ပေးရလိမ့်မယ်ဆိုတာကို စဉ်းစားလိုက်မိတော့ ရှုရန်တစ်ယောက် ကျိုးယွင်နဲ့ ချင်ရှုဝမ်းတို့ကြားက ဆက်ဆံရေးကို လျော့ပါးကျသွားအောင် သူနည်းလမ်းအချို့ကို ရှာမှဖြစ်မယ်လို့ တွေးတောလိုက်မိတယ်။
သူမတ်တပ်ရပ်လိုက်ပြီးတော့ ကျိုးယွင်ကို ပုတ်ပေးလိုက်တယ်။ "သခင်လေးကျိုး မင်းကျွန်တော်ပြောတာကို ကြားရလား? အမှန်တကယ်တော့ မင်းရဲ့ပြဿနာကို ဖြေရှင်းဖို့က လွယ်ကူပါတယ်။ ဒီကိစ္စတွေအားလုံး ဖြစ်ပျက်ရတာက မင်းရဲ့ခင်ပွန်းသည်က အရင်တုန်းက မင်းလုပ်ခဲ့တာတွေကို လက်လွှတ်မပေးနိုင်သေးလို့ပဲ။ အရာအားလုံးက မင်းဆင်းရဲသားလေးကို ထွက်သွားခိုင်းတဲ့နေရာကနေ စတင်ခဲ့တာပဲ။ သူထွက်ခွာသွားပြီးတဲ့နောက်မှာ သူဘယ်လိုတွေ နေထိုင်နေသလဲဆိုတာကို မင်းဘာတစ်ခုမှ မသိခဲ့ရဘူးလေ။ သူ့ကိုရှာဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်ဖို့ ကျွန်တော်ခင်ဗျားကို အကြံပေးချင်တယ်။ ဒါ့အပြင် မင်းတစ်ကိုယ်ကောင်းဆန်ဆန် ညဏ်နီညဏ်နက်ထုတ်ပြီး လိမ်ညာလှည့်ဖျားတဲ့ ပရိယာယ်တစ်ခုကိုလည်း အသုံးပြုဖို့ ကျွန်တော်အကြံပေးချင်တယ်။ ကောတွေရဲ့နှလုံးသားက ရေနဲ့ပြုလုပ်ထားတယ်လို့ ပြောကြတယ်မဟုတ်လား? အနူးညံ့အပျော့ပျောင်းဆုံး နှလုံးသားရှိတာဆိုတော့ အဲ့အချိန်ကျရင် မင်းရဲ့ခင်ပွန်းသည်က မင်းကြောင့် ရင်ထဲထိသွားမှာမျိုးလည်း ဖြစ်နိုင်တာပေါ့။"
ရှုရန်တစ်ယောက် ကျိုးယွင်ကို စကားတွေအများကြီး ပြောဖြစ်ခဲ့ပြီးတော့ ကျိုးယွင်တစ်ယောက် သူပြောနေတာတွေကို ကြားနေရဲ့လား ဆိုတာကိုတော့ မသေချာပါဘူး။ အခန်းထဲကနေ ထွက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်မိတော့ အခုချိန်က မွန်းတည့်ချိန်ကိုတောင် ကျော်နေပြီဆိုတာကို နားလည်သဘောပေါက်သွားတယ်။
YOU ARE READING
Transmigration : TFLOA "Fool" (BL) [Myanmar Translation]
RomanceIt's just an offline translation. I only translate for fun. Please support original author and english translator. Title : Transmigration : The Farm Life Of A "Fool" Author : Zi Xi Status : 295 chapters (completed)+ 25extra Start date - 1.6.2021 E...