Chapter(87):ဆွေးနွေး ဆုံးဖြတ်ခြင်း-1

2.2K 379 8
                                    

Zawgyi


Chapter(87):ဆွေးနွေးဆုံးဖြတ်ခြင်း-1


စားနေစဉ် အတွင်းတွင် ရှုရန်၊ အလုပ်သမား ခေါင်းဆောင်လီနဲ့ ရှုအန်တို့တတွေက ထပ်မံ စကားစမြည် ပြောကြပြန်တယ်။ ရှုရန်က အိမ်တစ်လုံး​ ဆောက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တော်တော်များများကို နားမလည်တာကြောင့် နှစ်ပေါင်းများစွာ အိမ်တွေ ဆောက်လုပ်လာခဲ့တဲ့ အလုပ်သမား ခေါင်းဆောင်လီကို သူမေးမြန်းလိုက်တယ်။ သူက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အရမ်းကျွမ်းကျင်တာကြောင့် ရှုရန်ရဲ့မေးခွန်းတွေ အားလုံးကို သူဖြေဆိုနိုင်ခဲ့တယ်။ ရှုရန်လည်းသူ့ကို အရမ်း စိတ်ကျေနပ်သွားမိပြီးတော့ တကယ်လို့ သူအိမ်ဆောက်တဲ့အလုပ်ကို သူ့ဆီ အပ်ထားလိုက်မယ်ဆိုရင် ဘာပြဿနာမှ ရှိလာတော့မှာ မဟုတ်ဘူးလို့ တွေးလိုက်မိတယ်။

သို့သော်လည်း ရှုရန်တစ်ယောက် တစ်နေ့ အိမ်ဆောက်ခ ဘယ်လောက်ကုန်ကျမလဲ ဆိုတာကို မသိပေ။

အလုပ်သမား ခေါင်းဆောင်လီက ပြောလိုက်တယ်။ "မြို့ထဲမှာဆိုရင် တစ်နေ့လုပ်အားခက တကယ်လို့ ခင်ဗျား ကျွန်တော်တို့တွေကို အစားအသောက်နဲ့ နေရာထိုင်ခင်း အခမဲ့ မထောက်ပံ့ပေးဘူးဆိုရင် ကြေးဒင်္ဂါးအပြားနှစ်ဆယ် ကျသင့်လိမ့်မယ်။ ပြီးတော့ တကယ်လို့ ခင်ဗျား နေရာထိုင်ခင်းမပါပဲ အစားအသောက် အခမဲ့ ထောက်ပံ့ပေးမယ်ဆိုရင် တစ်နေ့လုပ်အားခ ကြေးဒင်္ဂါးတစ်ဆယ့်ငါးပြား ကျသင့်လိမ့်မယ်။ ပြီးရင် တကယ်လို့ ခင်ဗျား အစားအသောက်နဲ့ နေရာထိုင်ခင်း အခမဲ့ ထောက်ပံ့ပေးမယ်ဆိုရင် တစ်နေ့လုပ်အားခ ကြေးဒင်္ဂါးဆယ်ပြားသာ ကျသင့်လိမ့်မယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ဆောက်လုပ်ထားတဲ့ တဲလေးထဲမှာ ကျွန်တော်တို့တွေ နေထိုင်ကြတယ်။ အခြေအနေတွေက အကြမ်းထည် ဖြစ်နေပေမဲ့လည်း ကျွန်တော်တို့အတွက်တော့ ငွေတော်တော်များများကို ချွေတာလိုက်နိုင်တယ်လို့လည်း ပြောလို့ရတယ်လေ။"

အရင် မော်ဒန်ခေတ်ကာလမှာတုန်းက သူလည်း ကော်ပိုရေးရှင်း အခိုင်းအစေတစ်ယောက် ဖြစ်ခဲ့ဖူးတာမို့ ငွေရှာဖို့ဆိုတာက မလွယ်ကူလှပါဘူး။ ဒီလိုဘဝမျိုးကို ရှုရန်နားလည်ပါတယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now