Zawgyi
ရှုရန်က ပြောင်းဖူးတွေဝယ်ပြီး ပြန်လာတယ်ဆိုတာကို မြင်တော့ လျိုထုံက စိုးရိမ်ပူပန်မှုနဲ့မေးလိုက်တယ်။ "ရန် ဒါကမင်းပြောသလို တကယ်ဖြစ်ပါ့မလား? တကယ်လို့ငါတို့တွေဒါကို မစိုက်ပျိုးနိုင်ရင် ဘယ်လိုလုပ်မလဲ?"
ရှုရန်ကသူ့ပုခုံးကို ပုတ်ပေးလိုက်တယ်။ "ထုံထုံ မစိုးရိမ်ပါနဲ့! ကိုယ်တို့တွေသေချာပေါက် ဒါကိုစိုက်ပျိုးနိုင်မှာပါ။ တကယ်လို့ တစ်နှစ်ကအလုပ်မဖြစ်ရင် ကိုယ်တို့တွေ
နှစ်နှစ်စိုက်ကြမယ်။ တကယ်လို့နှစ်နှစ်ကလည်း အလုပ်မဖြစ်သေးရင် သုံးနှစ်ပေါ့။ ကိုယ်တို့ကျိန်းသေ အောင်မြင်လိမ့်မယ်ဆိုတာ ကိုယ်သေချာတယ်။ မင်းသိလား။ ဒီကောက်ပဲသီးနှံက စိုက်ပျိုးလို့ တစ်ခါအောင်မြင်သွားပြီဆိုတာနဲ့ အဲ့ဒါကဂျုံပင်တွေထက်တောင် ပိုပြီးအထွက်များမှာ။"ရှုရန်နေပြန်ကောင်းလာပြီးကတည်းက လျိုထုံကသူ့ရဲ့ထင်မြင်ချက်တွေကို အမြဲတမ်းလေးစားပြီးတော့ သူပြောသမျှအကုန်လုံးကို လိုက်လျောပေးတာဖြစ်တယ်။ အဲ့ဒါကြောင့်သူက အလိုအလျောက်ကိုပဲ
ဒီတစ်ကြိမ်မှာလည်းမငြင်းဆန်ပါဘူး။ရှုရန်က ဆက်ပြောလိုက်တယ်။ "နောက်ကျရင်
ကိုယ်မြေကွက်တစ်မြူအတွက် ငွေတုံးနှစ်တုံးကိုသုံးဖို့ ဝုမိန်နဲ့တစ်ခြားလူတွေကိုလည်း ကိုယ်ဖျောင်းဖျသိမ်းသွင်းကြည့်မယ်။ အဲ့ဒါက အများကြီးမကုန်ကျပါဘူး။ ပြီးတော့ သီးနှံရိတ်သိမ်းတဲ့အချိန်ကျရင် သူတို့ရလဒ်ကောင်းတွေ ရလာလိမ့်မယ်။"ငွေတုံးနှစ်တုံးက သေးငယ်တဲ့ပမာဏ မဟုတ်ဘူးဆိုတာကို ရှုရန်သိပေမဲ့ ဝုမိန်နဲ့ တစ်ခြားမိသားစုနှစ်စုအတွက်ကတော့ အဲ့ပမာဏကိုညှစ်ထုတ်ဖို့ တတ်နိုင်နေသေးတုန်းပဲ။
"ဟုတ်ပါပြီ။" လျိုထုံက ခေါင်းငြိမ့်ပြလိုက်တယ်။ "ရန် အဲ့ဒါဆိုရင် ငါတို့ဒါတွေကို ဘယ်အချိန်စစိုက်ကြမလဲ?"
"ဒါကစပါးပင်တွေနဲ့ အချိန်အတူတူလောက်ပဲ။
ရက်အနည်းငယ်လောက်ပဲ စောချင်စောလိမ့်မယ်။
ဒါစိုက်ပြီးတဲ့အချိန်ကျရင် ကိုယ်တို့စပါးပင်တွေကို စစိုက်လိုက်ရုံပဲ။ အဲ့ဒါဆိုရင် တစ်ခုနဲ့တစ်ခု အချိန်မတိုက်တော့ဘူးပေါ့။"
"အဲ့ဒါက အချိန်ကောင်းပဲ။ မနက်ဖြန်ကျရင် ဝုမိန်နဲ့
တစ်ခြားလူတွေကို ပြောပြကြရအောင်! ဒီနေ့မင်း
ပစ္စည်းတွေအများကြီးကို ပြန်သယ်လာရတာဆိုတော့ ပင်ပန်းနေမှာပဲ။ မင်းရေနွေးနွေးလေးနဲ့ ခြေဆေးပြီးတော့ ခဏအနားယူသင့်တယ်။"ရှုရန်ကခေါင်းခါပြီးတော့ ပြန်ပြောလိုက်တယ်။ "ကိုယ်အဆင်ပြေပါတယ်။ ကိုယ်ဒါကို ကျင့်သားရနေမှဖြစ်မှာ။ ဒီနေ့မှားယွင်းပြီး မင်းပြောဆိုဆက်ဆံခံရတာတွေအတွက် ကိုယ်စိတ်မကောင်းပါဘူး။"
ရှုရန်က လျိုထုံရဲ့နားရွက်နားမှာကျနေတဲ့ ဆံပင်လေးကို သပ်တင်ပေးဖို့ သူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်ပြီး
အပြစ်ရှိနေတဲ့လေသံနဲ့ ပြောလိုက်တယ်။လျိုထုံကသူ့ခေါင်းကိုခါလိုက်ပြီး ပြန်တုံ့ပြန်လိုက်တယ်။ "ကိစ္စမရှိပါဘူး။ မင်းအချိန်မီပြန်ရောက်လာခဲ့တာပဲ မဟုတ်လား?"
ရှုရန်ကလျိုထုံကိုပွေ့ဖက်လိုက်ပြီး သူတို့ရဲ့ကလေးတွေကိုကြည့်ဖို့ အခန်းထဲကို အတူတကွဝင်သွားကြတယ်။
ပြောရမယ်ဆိုရင် ကလေးတွေကလည်း ဒီနေ့အကြိမ်ပေါင်းများစွာ ကြောက်လန့်သွားကြလိမ့်မယ်။
သို့သော်လည်းဒီအချိန်မှာ တျန်းတျန်းနဲ့ကော်ကော်တို့က အခန်းထဲမှာ စကားပြောနေကြတယ်။ သူတို့က အိပ်ရာပေါ်မှာ လှဲလျောင်းနေပြီးတော့ တတွတ်တွတ်နဲ့တီးတိုးပြောနေကြတယ်။ သူတို့ဘာအကြောင်းပြောနေကြသလဲ ဆိုတာကို တစ်ယောက်မှမသိကြပါဘူး။ ဒါပေမဲ့သူတို့ဒီလိုမျိုးနေနေတာက အရမ်းချစ်ဖို့ကောင်းနေတယ်။
သူတို့နှစ်ယောက်စလုံးက မကျေမနပ်ဖြစ်နေတဲ့အမူအရာတစ်ခုကိုမှ မဖော်ပြနေဘူးဆိုတာကို သတိပြုမိတော့မှ ရှုရန်စိတ်သက်သာရာရတော့တယ်။ သူတံခါးကို ပိတ်လိုက်ပြီးတော့ ပြန်ထွက်လာခဲ့တယ်။ တီးတိုးပြောနေကြတဲ့ ကလေးနှစ်ယောက်ကို သူမနှောင့်ယှက်ချင်ဘူး။
အမှန်တကယ်မှာတော့ အိပ်ရာပေါ်မှာလှဲလျောင်းနေကြတဲ့ ကလေးနှစ်ယောက်က ကိစ္စအကြီးကြီးတစ်ခုကို လျို့ဝှက်ကြံစည်နေကြတာပဲဖြစ်တယ်။