Unicode
Chapter(94) : အိမ်သို့ ပြန်ခြင်း -1
လင်းဟွာနဲ့ ကျောက်ချန်တို့ အလုပ်လုပ်တာ အလွန်မြန်ဆန်လှတယ်။ ပစ္စည်းတွေကို နောက်တစ်နေ့မှာ ရှုရန်ဆီ ပို့ပေးမယ်လို့ သူတို့ ပြောခဲ့တဲ့အတိုင်း တကယ်လည်း ပစ္စည်းတွေက နောက်တစ်နေ့ ညနေခင်းမှာ အပြီးဖြစ်နေပြီ ဖြစ်တယ်။ ဒီရာသီမှာ ငရုတ်သီးတွေကို ရှာဖွေရ မလွယ်ကူတာကြောင့် သူတို့တွေ သိပ်မရလိုက်ကြပေ။ သို့သော်လည်း ပဲပိစပ် အမြောက်အမြားကိုတော့ သူတို့တွေ ရှာတွေ့လာခဲ့တယ်။
ငရုတ်ရိတ်သိမ်းရာသီသစ်ဆီ မရောက်ခင် အချိန်အထိ သူ့မိသားစုကို ထောက်ပံ့ပေးနိုင်တဲ့ ငရုတ်အနှစ်တွေ အိမ်မှာ ရှိနေသေးတယ်လို့ ရှုရန်တွေးလိုက်မိတယ်။ ဒါ့အပြင် အနှစ်အများအပြား ရရန်အတွက် သူငရုတ်အနှစ်တွေထဲကို ငါးအသေးလေးအချို့နဲ့ ကြက်သားအချို့ ထပ်ထည့်နိုင်သေးတယ်လေ။
လှည်းလုံးထဲတွင် ဒီပစ္စည်းတွေနဲ့ပဲ ပြည့်နှက်နေတာမလို့ ရှုရန်တစ်ယောက် ဘာပစ္စည်းတွေကိုမှ ဝယ်ပြီး ထပ်မထည့်နိုင်တော့ပေ။
မနက်ဖြန် အိမ်ပြန်ဖို့ ရှုရန် စီစဥ်လိုက်တယ်။ ထို့နောက် ညအချိန်တွင် လင်းဟွာနဲ့ ကျောက်ချန်တို့နဲ့အတူ စီးပွားရေး ပြောဆိုဆွေးနွေးမှု ညစာစားပွဲလို့ မှတ်ယူနိုင်တဲ့ ကောင်းကောင်းကြီး ဗိုက်ရိုက်စားရတဲ့ ကြီးမား စိတ်ကျေနပ်စရာကောင်းတဲ့ စားသောက်ပွဲဆီ သူဆိုင်ရှင်ကို ခေါ်သွားလိုက်တယ်။
ထို့နောက် သူတို့တွေ ဝိုင်သောက်ရင်း အချိန်ခဏလောက် ပေါ့ပေါ့ပါးပါး စကားစမြည်အချို့ ဖလှယ်လိုက်ကြတယ်။
သူတို့ခွဲခွာချိန်ရောက်တဲ့ အချိန်မှာဆိုရင် သူတို့အားလုံး အနည်းငယ် မူးနေကြပြီဖြစ်တယ်။ ရှုရန်နဲ့ ဆိုင်ရှင်တို့ တည်းခိုဆောင်ဆီ ပြန်ရောက်လာပြီးနောက် ချက်ချင်း အိပ်မောကျသွားခဲ့တယ်။
ထို့နောက် သူတို့တွေ အရက်နာကျနေတာကြောင့် သေချာပေါက် အိပ်ရာထ နောက်ကျသွားကြတယ်။
ရှုရန် အိပ်ရာထလိုက်ချိန်မှာဆိုရင် နေက မနက်စောစော အိပ်ရာထမယ်ဆိုတဲ့ အစီအစဥ်ကို ပျက်ရယ်ပြု လှောင်ပြောင်နေသလိုမျိုး မြင့်တက်နေပြီ ဖြစ်တယ်။ ပြီးတော့ ဆိုင်ရှင်တစ်ယောက်ကလည်း အိပ်မောကျနေဆဲပင်။

BẠN ĐANG ĐỌC
Transmigration : TFLOA "Fool" (BL) [Myanmar Translation]
Lãng mạnIt's just an offline translation. I only translate for fun. Please support original author and english translator. Title : Transmigration : The Farm Life Of A "Fool" Author : Zi Xi Status : 295 chapters (completed)+ 25extra Start date - 1.6.2021 E...