Chapter(93):ပူးပေါင်း ဆောင်ရွက်ခြင်း-1 ပူးပေါင်း ဆောင်ရွက်ခြင်း-1

593 116 4
                                    

Unicode

Chapter(93):ပူးပေါင်း ဆောင်ရွက်ခြင်း-1


စာမေးပွဲခန်းထဲ မဝင်ခင်တွင် စာမေးပွဲ ဖြေဆိုသူတိုင်းဟာ ခန္ဓာကိုယ်စစ်ဆေးရှာဖွေမှုကို အရင်ဦးဆုံး ပြုလုပ်ဖို့ အမြဲတမ်း လိုအပ်ပါတယ်။ တပည့်ပန်းသားများအနေဖြင့် သူတို့တွေအထဲမှ အများစုက စာမေးပွဲတွင် အမှန်တကယ် မကူးချချင်ကြပေမဲ့လည်း တချို့စာမေးပွဲ ဖြေဆိုသူတွေကတော့ ကူးချခြင်းကိုမရှောင်ရှားနိုင်ကြဆဲပင်။ သူတို့ရဲ့မှတ်စုတွေကို နည်းလမ်းအမျိုးမျိုးဖြင့် ဝှက်ထားတတ်ကြတယ်။ သူတို့ထဲက တချို့တွေဆိုရင် သူတို့ရဲ့ဆံပင်တွေကြားထဲမှာတောင် ဝှက်ထားတတ်ကြတယ်။

အဆိုးဆုံးကတော့ လူအချို့ဆိုရင် အဓိကအချက်အလက်တွေကို သူတို့ရဲ့လက်မောင်းတွေပေါ်မှာ အကြောက်အလန့်ကင်းစွာ ရေးထားတတ်ကြတယ်။ ရှုရန်က သူ့နှာခေါင်းကို ထိလိုက်ရင်း ဒီလူတွေက အရမ်းတုံးတာပဲလို့ တွေးလိုက်မိတယ်။ စာရေးစုတ်တံနဲ့ရေးတဲ့ စာလုံးတွေက အရမ်းကြီးတာမို့ တခြားလူတွေ လွယ်လွယ်ကူကူ မြင်နိုင်ကြလိမ့်မယ် ဆိုတာကိုတောင် သူတို့တွေ မသိကြဘူးထင်တယ်။ ဒါ့အပြင် သူတို့တွေ အိုးနင်းခွက်နင်းနဲ့ ဖြတ်ကျော်သွားခဲ့နိုင်ရင်တောင်မှ အဓိကအချက်အလက်တွေပါတဲ့ ခေါင်းစဥ်ကို သူတို့တွေ ရလိမ့်မယ်လို့ သူတို့တွေ ဘယ်လိုလုပ် သိနိုင်ပါလိမ့်မလဲ?

တကယ်တော့ စာရွက်တွေမှာ ဘောပင်ဖြင့် ဖြေဆိုဖို့ လိုအပ်တဲ့ မော်ဒန်ခေတ် ဖြစ်နေခဲ့မယ်ဆိုရင် ကိစ္စတွေက ကွဲပြားခြားနားသွားမှာပဲ။ စာရွက်အပိုင်းအစအသေးလေး တစ်ရွက်မှာ အကြောင်းအရာများစွာ ပါဝင်နိုင်တယ်လေ။ ဒီလိုအခြေအနေမျိုးမှာ စာရွက်အသေးလေးတစ်ရွက်ကိုပဲ ယူလာခဲ့မယ်ဆိုရင်တောင်မှ အရမ်းကို အသုံးဝင်နေအုံးမှာ ဖြစ်တယ်။

ရှုရန်အလှည့်ရောက်တဲ့အချိန်မှာ ခန္ဓာကိုယ်စစ်ဆေးရှာဖွေမှုကို ရိုးရိုးသားသား စစ်ဆေးခံလိုက်တယ်။ တစ်ပတ်လှည့်ခြင်း၊ သူ့လက်တွေကို​မြှောက်ခြင်း စတဲ့ညွှန်ကြားချက်တွေကိုလည်း ညွှန်ကြားခံရတဲ့အတိုင်းအရာအားလုံးကို သူပူးပေါင်းဆောင်ရွက်ပေးခဲ့တယ် . . .

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now