Chapter(75):အုတ်ဂူများဆီ အလည်သွားကြခြင်း-1

3.8K 745 10
                                    

Zawgyi

လျိုထုံအဖေနဲ့ဖေဖေတို့ရဲ့ အုတ်ဂူတွေက သူတို့အိမ်အနောက်ဘက်က တောင်ရဲ့အနောက်ဘက်အပိုင်းမှာ တည်ရှိတာဖြစ်တယ်။ ဒါပေမဲ့ တကယ်လို့ သူတို့တွေက အဲ့နေရာကို သွားချင်တယ်ဆိုရင် သူတို့တွေက လျိုထုံရဲ့ဦးလေးအကြီးဆုံးနေရာကို ဖြတ်သန်းသွားရမှာဖြစ်တယ်။

လျိုထုံက သူလက်ထပ်ပြီးကတည်းက ဘယ်တုန်းကမှ ပြန်မလာခဲ့ဖူးသလို သူ့ရဲ့ဦးလေးအကြီးဆုံးနဲ့ သူ့မိသားစုဝင်တွေကိုလည်း ထပ်မတွေ့တော့ပါဘူး။ လျိုထုံတစ်ယောက် သူ့အဖေနဲ့ဖေဖေတို့ မကွယ်လွန်ခင် သူငယ်သေးတဲ့အချိန်တုန်းက မိသားစုနှစ်စုရဲ့ဆက်ဆံရေးက အလွန်ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အဖေနဲ့ဖေဖေတို့ သေပြီးတဲ့နောက်မှာ သူ့ဦးလေးအကြီးဆုံးရဲ့ တစ်မိသားစုလုံးက သူ့မိသားစုပိုင်မြေကွက်တွေကို ဘယ်လိုမျိုး ယူရမလဲဆိုတာကိုပဲ တွေးတောနေခဲ့တယ်။ သူ့အတွက်ကကျတော့ အဲ့အချိန်ကတည်းကနေ ကောတစ်ယောက်အဖြစ် လုံးဝ မပြုစုမပျိုးထောင်ခံခဲ့ရတော့ပါဘူး။

အဲ့ဒါက အရမ်းမုန်းတီးနေတာတော့ မဟုတ်ပေမဲ့ ဒီအတိုင်း မနှစ်သက်ရုံပါပဲ။

သူသူ့အပေါ် ကောင်းခဲ့တဲ့လူတွေကို သေချာပေါက် မှတ်မိနေမှာဖြစ်တယ်။ ဒါပေမဲ့ သူ့အပေါ် ဆိုးရွားခဲ့တဲ့လူတွေကိုလည်း မှတ်မိနေအုံးမှာဖြစ်တယ်။

အဲ့ဒါကြောင့် သူတို့ဖြတ်သန်းသွားတဲ့အချိန်မှာ လျိုထုံတစ်ယောက် သူသွားပြီး သွားကြည့်ကြည့်ချင်တယ်လို့ မပြောခဲ့ပါဘူး။ ပြီးတော့ ရှုရန်ကလည်း ဒါက လျိုထုံရဲ့ဦးလေးအကြီးဆုံး နေအိမ်ဆိုတာကို မသိခဲ့ပါဘူး။

သို့သော်လည်း သူတို့တွေမှာ ဘယ်သူ့ကိုမှ ဆန့်ကျင်ဖို့ ဘာဆန္ဒမှမရှိဘူးဆိုရင်တောင်မှ တစ်စုံတစ်ယောက်ကတော့ သူတို့တွေကို အမြဲတမ်း ပြဿနာပေးချင်နေတာပဲဖြစ်တယ်။

"ရပ်စမ်း! လျိုထုံ မင်းက လက်ထပ်ပြီးသွားတော့ သတ္တိတွေရှိနေပြီပေါ့။ ဟုတ်လား? မင်းဦးလေးရဲ့အိမ်ရှေ့ကနေ ဖြတ်သွားတာတောင်မှ မင်းက အထဲကိုဝင်လာပြီး မင်းရဲ့ဦးလေးအကြီးဆုံးကို နှုတ်တောင် မနှုတ်ဆက်ချင်တော့ဘူးပေါ့လေ။ ငါတကယ်ကို ကျေးဇူးကန်းတဲ့လူတစ်ယောက်ကို ပျိုးထောင်ပေးထားခဲ့မိတာပဲ!"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now