Chapter(86):အိမ်အသစ်တစ်လုံးကို ဆောက်ခြင်း-1

2.5K 413 9
                                    

Zawgyi

Chapter(86):အိမ်အသစ်တစ်လုံးကို ဆောက်ခြင်း-1


ရှုရန်တစ်ယောက် သူ့မိသားစုပိုင် မြုံနေတဲ့လယ်ကွက်တွေကို ရှင်းလင်းဖို့အတွက် အချိန်ပြည့်အလုပ်သမားများကို ငှါးရမ်းမယ်လို့ ကြေညာလိုက်တာနဲ့ သူတို့တွေ လယ်မြေကွက်ဆယ်မြူကို ဝယ်ယူထားခဲ့ကြတယ်ဆိုတာကို တစ်ရွာလုံး သိသွားကြတော့တယ်။ အဲ့ဒီလယ်ကွက်တွေက အရည်အသွေးညံ့ပြီးတော့ စွန့်ပစ်ထားတယ် ဆိုသော်ငြားလည်းပဲ သူတို့တွေက ဧရိယာအားဖြင့်တော့ ကြီးမားကြတယ်။ ဒီအကြောင်းအရာတွေအားလုံးက ရွာထဲတွင် ညစာစားပြီးနောက် စကားစမြည်ပြောစရာ အတင်းအဖျင်း သတင်းခေါင်းစဉ်တွေ ဖြစ်လာခဲ့တယ်။

ဒီတစ်ကြိမ်မှာတော့ ရှုမိသားစုက သူတို့မိသားစုအတွင်းရေးပြဿနာကို မဖြေရှင်းနိုင်သေးတာကြောင့် ဘယ်သူကမှ ရှုရန်ဆီ လာရောက်ပြဿနာမရှာခဲ့ကြပါဘူး။

သူရှုချိန်နဲ့ကွာရှင်းမယ်လို့ ကျန်းယွဲ့တစ်ယောက် လူသိရှင်ကြား ကြေညာလိုက်တဲ့ နောက်ဆုံးတစ်ခေါက်တုန်းက သူအမှန်တကယ်ကို ကွာရှင်းမယ်လို့ ဆိုလိုခဲ့တာဖြစ်တယ်။

သို့သော်လည်း ကွာရှင်းမယ်ဆိုတဲ့စကားက မကောင်းလှပါဘူး။ ဒီစကားကို အရင်ပြောခဲ့တဲ့သူက ကောတစ်ယောက်ဆိုတာကိုတော့ ထည့်ပြောမနေပါနဲ့တော့။

သေချာပေါက်ကို ရှုမိသားစုက ဒီကိစ္စကို သဘောမတူခဲ့ကြပါဘူး။ အဲ့နေ့က အိမ်ကို ပြန်ရောက်ပြီးတဲ့နောက်တွင် ကျန်းယွဲ့က သူ့ဖေဖေနဲ့ အဖေတို့ရဲ့အိမ်မှာ ပြန်သွားနေချင်နေခဲ့တယ်။ ရှုမိသားစုက ဒီကိစ္စကို သဘောမတူခဲ့ကြပဲ အပြင်ထွက်သွားခြင်းမှ ကာကွယ်ဖို့အတွက် ကျန်းယွဲ့ကိုတောင် အိမ်ထဲမှာ သော့ခတ် အကျဉ်းချထားလိုက်သေးတယ်။ သူ့ကလေးတွေကိုတောင် သူနဲ့ တွေ့ခွင့်မပေးခဲ့ကြပါဘူး။ ကျန်းယွဲ့တစ်ယောက် ထွက်ပြေးလွတ်မြောက်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့လည်း အကြိမ်တိုင်းလိုလို သူပြန်အဖမ်းခံခဲ့ရပြီးတော့ ရှုချိန်ရဲ့ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်။ သက်ကြီးဖေဖေရှုရဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေက နားထဲမှာကြားရတာ သည်းမခံနိုင်လောက်အောင် ဖြစ်ရတယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now