Chapter(72):အကြံပြုချက်-2

4.3K 860 14
                                    

Zawgyi


ကျိုးယွင်တစ်ယောက် ရှုရန်ထွက်ခွာသွားပြီး မကြာခင်မှာပဲ အိမ်ကိုပြန်လာခဲ့တယ်။ သေရည်ရဲ့လှုံ့ဆော်မှုကြောင့် ထွက်ပေါ်လာတဲ့ သတ္တိနဲ့အတူ ကျိုးယွင်တစ်ယောက် ချင်ရှုဝမ်းကို ခပ်တင်းတင်း ပွေ့ဖက်ထားလိုက်တယ်။ အစကတော့ ချင်ရှုဝမ်းတစ်ယောက် ရုန်းထွက်ဖို့ ကြိုးစားကြည့်လိုက်ပေမဲ့ သူကျိုးယွင်ကိုယ်ပေါ်က သေရည်အနံ့ကို ရလိုက်တဲ့အချိန်မှာ ကျိုးယွင်တစ်ယောက် သောက်ထားတယ်ဆိုတာကို သူသိလိုက်ရတယ်။

ကျိုးယွင်က လတိုင်းမှာ အကြိမ်ပေါင်းမြောက်မြားစွာ သောက်တတ်ပြီး သူသောက်ပြီးတဲ့အချိန်ကျရင်လည်း ချင်ရှုဝမ်းနဲ့ အကြိမ်တိုင်း လိင်ဆက်ဆံလေ့ရှိတယ်။ ချင်ရှုဝမ်းကလည်း မငြင်းဆန်ပါဘူး။ ဒါက သူကျိုးယွင်ကို လက်ထပ်ပြီးနောက် သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးတဲ့ တစ်ခုတည်းသောကိစ္စ ဖြစ်လိမ့်မယ်။

ဒါပေမဲ့ ဒီနေ့မှာတော့ ဒါက နည်းနည်းကွဲပြားနေတယ်။ ကျိုးယွင်က ချင်ရှုဝမ်းကို အချိန်အချို့ကြာအောင် ပွေ့ဖက်ထားပြီးတော့ အိပ်ရာပေါ်ကို မသွားခဲ့ပါဘူး။ အဲ့အစား သူသူ့ရဲ့မေးစေ့ကို ချင်ရှုဝမ်းရဲ့ပုခုံးပေါ်ကို တင်လိုက်ပြီးတော့ သူ့ကိုစကားပြောလာတယ်။ "ရှုဝမ်း ကျေးဇူးပြုပြီး မင်းငါ့ကို ကလေးတစ်ယောက်လောက် မွေးပေးလို့ရမလား? တစ်ယောက်တည်းဆို လုံလောက်ပါပြီ။ ပြီးရင် ကိုယ်မင်းကို လွတ်လပ်ခွင့်ပေးမယ်။"

သူ့ရဲ့အသံထဲမှာ အသနားခံတောင်းပန်နေတဲ့ အရိပ်အမြွက်တစ်ခုတောင် ပါလိုက်သေးတယ်။ ချင်ရှုဝမ်းရဲ့ခန္ဓာကိုယ်က တုန်ယင်သွားတယ်။ 'သူ့ကိုလွတ်လပ်ခွင့်ပေးမယ်လို့ သူပြောလိုက်တာလား?' ငါးနှစ်ကြာအောင် မျှော်လင့်စောင့်စားခဲ့ပြီးတဲ့နောက်မှာ ကျိုးယွင်က နောက်ဆုံးမှာတော့ သူ့ကို လွတ်လပ်ခွင့်ပေးမယ်လို့ ပြောလာခဲ့ပြီ။ သူပျော်ရွှင်နေသင့်ပေမဲ့ သူဘာလို့ ရုတ်တရက် သူ့ရဲ့နှလုံးသားထဲမှာ ဗလာဖြစ်သွားသလို ခံစားလိုက်ရတာလဲဆိုတာကို သူမသိဘူး။

"ရှုဝမ်း မင်းကိုယ့်ကို ကလေးတစ်ယောက် မွေးပေးနိုင်မလား?" ကျိုးယွင်ကတော့ ဒီစကားတွေကို ချင်ရှုဝမ်းရဲ့နားအနားမှာ ကပ်ပြီး ထပ်ခါထပ်ခါပြောနေခဲ့တယ်။ ချင်ရှုဝမ်းတစ်ယောက် သူ့ရင်ထဲမှာ စိတ်အနှောင့်အယှက်တစ်မျိုး ဖြတ်ပြေးသွားသလို ခံစားလိုက်ရပေမဲ့ ဘာလို့လဲဆိုတာကိုတော့ မပြောနိုင်ခဲ့ပါဘူး။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now