Chapter(73):ဆန်ပြုတ်ပွဲတော်-1 ဆန်ပြုတ်ပွဲတော်-1

4.2K 825 10
                                    

Zawgyi


မြို့ကိုသွားတဲ့ အဲ့နေ့တုန်းက ကျန်းယွဲ့တစ်ယောက် ရှုချိန်အရှေ့မှာတင် သူ့ရဲ့ကိုယ်ပိုင်အိမ် ကျန်းမိသားစုဆီကို အပြေးပြန်လာခဲ့တော့တယ်။ သို့သော်လည်း သိပ်မကြာခင်မှာပဲ သူရှုချိန်လက်ကနေ ရှုမိသားစုဆီကို တိုက်ရိုက် ပြန်ခေါ်လာခံခဲ့ရတော့တယ်။

ကျန်းယွဲ့ရဲ့အဖေနဲ့ ဖေဖေတို့က သူတို့အရှေ့မှာ ဖြစ်ပျက်နေကြတဲ့ အရာအားလုံးကို ဒီအတိုင်း ရပ်ကြည့်နေခဲ့ကြတယ်။ ရှုချိန်တစ်ယောက် အနောက်ကနေ နီးနီးကပ်ကပ်လိုက်လာနေတုန်း ကျန်းယွဲ့က အလျင်အမြန် ပြန်ပြေးလာခဲ့တယ်။ ထို့နောက် ရှုချိန်က ကျန်းယွဲ့ကို ဖမ်းမိသွားခဲ့တယ်။ နောက်ဆုံးမှာတော့ ရှုချိန်က ကျန်းယွဲ့အဖေနဲ့ ဖေဖေကို မင်္ဂလာပါဆိုတဲ့ စကားတစ်ခွန်းကိုတောင် မပြောပဲနဲ့ ကျန်းယွဲ့ကို အဝေးကို ခေါ်ဆောင်သွားတော့တယ်။

ကျန်းယွဲ့က သူ့အဖေနဲ့ဖေဖေကို တစ်ခုခုပြောချင်ခဲ့ပေမဲ့လည်း အဲ့လိုမျိုးလုပ်ဖို့ သူ့မှာ ဘာအခွင့်အရေးမှ မရလိုက်ပါဘူး။ သူ့အဖေနဲ့ ဖေဖေတို့က စုံတွဲတွေရန်ဖြစ်နေခဲ့ကြတာလို့ ထင်မှတ်နေခဲ့ကြတာဖြစ်ပြီးတော့ စုံတွဲတစ်တွဲအတွက် အငြင်းပွားစရာ နည်းနည်းလေးရှိတာလောက်နဲ့ ပြဿနာကြီးကြီးမားမား မရှိပါဘူးလို့ ယုံကြည်နေခဲ့ကြတာ ဖြစ်တယ်။ အဲ့ဒါကြောင့် သူတို့တွေ သူတို့အကြောင်းကို သိပ်ဂရုမစိုက်ခဲ့ကြတာ ဖြစ်တယ်။

ကျန်းယွဲ့တစ်ယောက် သူရှုမိသားစုဆီကို ပြန်ရောက်သွားပြီးတဲ့အချိန်ကျရင် သူ့ဘဝက လွယ်ကူတော့မှာ မဟုတ်ဘူးဆိုတာကို သူနားလည်ပါတယ်။ ဒါပေမဲ့ သူမမျှော်လင့်ထားမိတာက ဘာလဲဆိုတော့ ရှုချိန်က သူတို့ရဲ့ကောင်းမွန်တဲ့ နေ့ရက်ဟောင်းလေးတွေကို လုံးဝမေ့လျော့သွားပြီးတော့ သူ့ကိုသေတဲ့အထိ ရိုက်နှက်ချင်နေတယ် ဆိုတာကိုပါပဲ။

ကျန်းယွဲ့တစ်ယောက် တစ်စုံတစ်ခုကို ရှင်းပြချင်မိနေပေမဲ့ သူကျရှုံးခဲ့တယ်။

သူမြေကြီးပေါ်ကို လဲကျတဲ့အထိ အရိုက်ခံခဲ့ရပြီးတော့ လုံးဝ မလှုပ်ရှားနိုင်တော့ပါဘူး။ အဆုံးမှာတော့ တကယ်လို့ အဲ့ဒါက ရှုချိန်ရဲ့လူသတ်ရန် ကြိုးပမ်းကြံစည်မှုနဲ့ စွပ်စွဲခံရမှာကို ကြောက်ရွံ့နေတာကြောင့်သာ မဟုတ်ဘူးဆိုရင် သူဆက်ပြီး ရိုက်နှက်နေအုံးမှာဖြစ်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now