Chapter(80):သူ့ခင်ပွန်းသည်ရဲ့ မိဘအိမ်-2 သူ့ခင်ပွန်းသည်ရဲ့ မိဘအိမ်-2

4.1K 696 10
                                    

Zawgyi


ကျိုးယွင်အတွက်ကတော့ သူရှုရန်ရဲ့အကြံပေးချက်ကို လက်ခံလိုက်ပြီးတော့ ချင်ရှုဝမ်းကို လူနာနှစ်သစ်ရဲ့ ရှစ်ရက်မြောက်နေ့တွင် သူ့ရဲ့ယောက္ခထီးအိမ်ဆီ ခေါ်သွားလိုက်တယ်။

အစကတော့ ချင်ရှုဝမ်းက သွားဖို့ငြင်းဆန်ပေမဲ့ ကျိုးယွင်ကသူ့မှာ ကိုယ်ဝန်ရှိနေပြီ ဖြစ်ပြီးတော့ မိသားစုထဲမှာက လူကြီးတွေမရှိတာကြောင့် သူတို့ဂရုပြုဖို့လိုအပ်တဲ့ အရာတော်တော်များများကို မသိတာမို့ အိမ်ပြန်သွားပြီးတော့ သူ့ရဲ့ယောက္ခထီးဖေဖေကို သူတို့သတိပြုရမဲ့အချက်တွေကို မေးတာက ပိုကောင်းလိမ့်မယ်လို့ ရှင်းပြခဲ့တယ်။

ချင်ရှုဝမ်းက အိမ်မှာလည်း ကလေးမွေးဖွားပေးရာမှာ အတွေ့အကြုံရှိတဲ့ ကလေးထိန်းအဘွားအိုအချို့ရှိတာမို့ သူ့ကို ဂရုစိုက်ပေးဖို့အတွက် သူတို့တွေအထဲကအချို့ကို ရှာလိုက်ရင် လုံလောက်နေပြီလို့ ပြောလိုက်တယ်။ အဲ့ဒါကြောင့် သူတို့တွေကဘာလို့ ဒီလောက်ခရီးအဝေးကြီးကို သွားရမှာလဲ?

ဒီစကားကို ကြားလိုက်ရတော့ ကျိုးယွင်တစ်ယောက် အနည်းငယ်စိတ်ဆိုးမိသွားပြီးတော့ ပြန်ချေပလိုက်တယ်။ "ငါတို့အိမ်က ကလေးထိန်းတွေက ဘယ်လောက်ကောင်းကောင်း သူတို့တွေက မင်းရဲ့ဖေဖေအရင်းကို ယှဉ်နိုင်ပါ့မလား? အဲ့ဒီကလေးထိန်းတွေမှာ မကောင်းတဲ့ရည်ရွယ်ချက်လေး နည်းနည်းလေးလောက် ရှိသွားမယ်ဆိုရင် ကလေးလေးက ဒုက္ခရောက်သွားနိုင်တယ်။ မင်းရဲ့ဖေဖေကမင်းကို နာကျင်အောင် လုပ်ပါ့မလား? မင်းကလေးအတွက်ကို မစဉ်းစားပေးတော့ဘူးလား?"

ချင်ရှုဝမ်းတစ်ယောက် ကျိုးယွင်ရဲ့စကားလုံးတွေကို ကြားလိုက်ရတဲ့အချိန်မှာ အနည်းငယ် ဝမ်းနည်းမိသွားပြီးတော့ သူ့ကိုကြည့်ဖို့ ငြင်းဆန်လိုက်ကာ နှုတ်ခမ်းစူလိုက်မိပေမဲ့ သူကျိုးယွင်နဲ့အတူ အိမ်ကိုသွားဖို့ သဘောတူလိုက်တယ်။

ချင်ရှုဝမ်းတစ်ယောက် ဘယ်လောက်ပဲ မလိုလားဖြစ်နေပါစေ သူ့ဗိုက်အထဲက ကလေးလေးကိုတော့ ပေါ့ပေါ့ဆဆဆက်ဆံမှာ မဟုတ်ပါဘူး။ သူသဘောတူလိုက်တာကို မြင်လိုက်တော့ ကျိုးယွင်ရဲ့သဘောထားက ပျော့ပျောင်းသွားပြီးနောက် သူ့ကို တောင်းပန်လိုက်တယ်။ သူ့ကိုအချိန်အကြာကြီး ကျီစားပြီးတဲ့နောက်မှာမှ နောက်ဆုံးမှာတော့ တစ်ဖက်လူက သူ့ကိုကြည့်ဖို့ ရွေးချယ်လာခဲ့တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now